Wednesday, September 19, 2012

လူသားနှင့်ဂျင်န်အားဖန်ဆင်းရခြင်း၏ရည်ရွယ်ချက်



အလ္လာဟ်အရှင်မြတ်သည်လူသားတို့အားနာခံဘ၀တည်ဆောက်ရန်ဖန်ဆင်းထားသည်ဆိုသည်မှာအကြွင်းမဲ့
အမှန်တရားတစ်ခုဖြစ်သည်။ဤသည်ကသာအလ္လာဟ်အရှင်၏အထူးဂရုဏာတော်ကိုခံစားစေရေးအတွက်လည်း
ဖြစ်ပါသည်။အလ္လာဟ်အရှင်၏ဂုဏ်တော်များကြောင့်ဤလောကကြီးသည်ထင်ရှားပေါ်လွင်လာရကာဤသို့ဖြစ်
ထွန်းလာရခြင်းကိုလည်းအကြောင်းမဲ့ပြုလုပ်ထားခြင်းမဟုတ်ကြောင်းကိုလည်းအတိအကျဖော်ပြထားပါသည်။
`ငါအရှင်သည်မိုးကောင်းကင်ကိုလည်းကောင်း၊ကမ္ဘာဂြိုဟ်ကိုလည်းကောင်း၊ယင်းနှစ်ခုကြား၌ရှိသည်တို့ကို
လည်းကောင်း..ကစားခုန်စားရန်ဖန်ဆင်းထားတော်မူသည်မဟုတ်ပေ´
`အကယ်၍ငါအရှင်မြတ်သည်အပျင်းပြေကစားရန်ရည်စူးခဲ့ပါလျှင်မိမိအထံတော်၌ရှိသည်တို့အနက်မှပင်ပြုလုပ်
တော်မူပေမည်´ (ကုရ်အာန် ၂၁း၁၇-၁၈)
သို့ဖြစ်၍အလ္လာဟ်အရှင်မြတ်သည်အဓိပ္ပါယ်မဲ့ခုန်စားရန်လူသားအပါအ၀င်လောကဓာတ်ကြီးတစ်ခွင်တစ်ပြင်ရှိ
သောအရာတို့အားဖန်ဆင်းထားခြင်းမဟုတ်ကြောင်းထင်ရှားပါသည်။သူ့၌ရှိသောအရာများနှင့်ကစားမည်ဟု
ဆိုလိုခြင်းမှာတင်စားသုံးနှုန်းထားခြင်းသာဖြစ်ပြီးအလ္လာဟ်သည်`အဆ်ွဆွမဒ်´ ဘာဆိုဘာမျှမလိုသောထာဝရပြီး
ပြည့်စုံသောအရှင်ဖြစ်ပါသည်။
`အကြင်နားလည်နိုင်စွမ်းရှိသည်များသည်စကြ၀ဠာအပေါင်းနှင့်ကမ္ဘာဂြိုဟ်ကိုဖန်ဆင်းထားခြင်းကိုစဉ်းစားဆင်
ခြင်၍ဖွင့်ဟကြွေးကြော်ကြသည်မှာအရှင်မြတ်သည်လောကာကြီးအားအဓိပ္ပါယ်မဲ့စွာဖန်ဆင်းထားခြင်းမဟုတ်ပါ။
အရှင်မြတ်သည်ချို့တဲ့ခြင်းအပေါင်းမှကင်းစင်တော်မူပါ၏´ (ကုရ်အာန် ၅၅း၇)
`ထိုအရှင်မြတ်သည်မိုးကောင်းကင်ကို(၇)ထပ်ပြုလုပ်တော်မူခဲ့ရာကရုဏာရှင်၏ဖန်ဆင်းမှု၌ပရမ်းပတာဖြစ်
သော၊စည်းစနစ်ကျနမှုကိုအသင်သည်တွေ့မြင်ရမည်မဟုတ်ပေ´ (ကုရ်အာန် ၆၇း၃)
`အသင်တို့သည်မိမိတို့အားငါအရှင်မြတ်ကအချည်းအနှီးအကျိုးမဲ့ဖန်ဆင်းထားတော်မူခဲ့သည်ဟူ၍လည်း
ကောင်း၊ထိုအရှင်မြတ်ထံတော်သို့ပြန်လည်ရောက်ရှိကြရမည်မဟုတ်ဟူ၍လည်းကောင်းထင်မှတ်ခဲ့ကြ
သလော´ (ကုရ်အာန် ၂၃း၁၁၅)
သို့ရှိရာဟန်ချက်ညီမှုဖြင့်အဓိပ္ပါယ်ရှိစွာဖန်ဆင်းထားသောလောကဓါတ်ကြီးအားဖန်ဆင်းထားခြင်း၏ရည်
ရွယ်ချက်ဒုတိယပိုင်းကိုကုရ်အာန်(၆၇း၃)၌ဖွင့်လှစ်ဟပြထားသည်မှာ`ရဟ်မာန်´ကရုဏာရှင်၏ဖန်ဆင်း
မှုဟုသုံးနှုန်းပြဆိုထားခြင်းပင်။အလ္လာဟ်အရှင်၌ကရုဏာနှင့်ပတ်သက်၍`ရဟ်မာန်`နှင့်`ရဟီးမ်´
ဂုဏ်တော်နှစ်ပါးရှိသည်။`ရဟ်မာန်´ဟူသည်သူဖန်ဆင်းသောဝေနေယျအားလုံးအပေါ်သို့ခြွင်းချက်မရှိ
ထားသောဂရုဏာမျိုးကိဆိုလိုပါသည်။သူ့အားယုံကြည်သူဖြစ်စေ၊မယုံကြည်သူဖြစ်စေ၊နာခံသူဖြစ်စေ၊
ကျေးဇူးကန်းသူဖြစ်စေ၊အားလုံးထံမှတစ်ဖက်သတ်ထားသောဂရုဏာပင်ဖြစ်သည်။`ရဟီးမ်´ဟူသည်
သူ့ကိုယုံကြည်နာခံသူတို့အားထပ်ဆောင်းပေးသည့်ဂရုဏာဖြစ်သည်။
`အို-သက်ဝင်ယုံကြည်သူအပေါင်းတို့၊အသင်တို့သည်အလ္လာဟ်သိစိတ်ဖြင့်ကောင်းမှုကိုဆောင်ပြီးမကောင်း
မှုကိုရှောင်ကာထိုအရှင်မြတ်၏တမန်တော်ကိုလည်းယုံကြည်လက်ခံကြပါလျှင်ထိုအရှင်မြတ်ထံတော်မှကရု
ဏာတော်ကိုနှစ်ဆချီးမြှင့်တော်မူမည်´ ( ကုရ်အာန် ၅၇း၂၈)
ဤအတွက်ကြောင့်ပင်လျှင်ကုရ်အာန်ကျမ်းမြတ်၌ဝေနယျအပေါင်းတိုကအပေါ်တစ်ဖက်သက်ထားသောဂရု
ဏာ`ရဟီးမ်´ထပ်ဆောင်းဂရုဏာကို (၁၁၅)ကြိမ်တိတိသုံးထားရာတွင်(၉း၁၂၈)၌ပါသော`ရဟီးမ်´တစ်
ကြိမ်မှာတမန်တော်မုဟမ္မဒ်(ဆွ)ကိုရည်ညွှန်းသုံးထားခြင်းသာဖြစ်ပေရာအလ္လာဟ်နှင့်ပတ်သက်၍သုံးသော
`ရဟိးမ်´မှာ(၁၁၄)ကြိမ်သာဖြစ်ရဲ့ `ရဟ်မာန်´(၅၇)ကြိမ်၏နှစ်ဆ(၅၇x၂)=၁၁၄ဖြစ်နေလေရာကုရ်အာန်
ကျမ်း၏အံ့ဖွယ်အလှတရားတစ်ခုကိုခံစားခွင့်ရပြန်ပါသည်။
သို့ရှိရာ`ရဟ်မာန်´ကရုဏာရှင်၏ဖန်ဆင်းမှုဟုသုံးထားသဖြင့်အလ္လာဟ်အရှင်သည်ဂျင်န်နှင့်လူသားတို့အား
ဖန်ဆင်းရခြင်းမှာတစ်ဖက်သတ်ဂရုဏာပေးရန်အတွက်လည်းဖြစ်ပြန်ပါသည်။
`ထိုအရှင်မြတ်သည်သေခြင်းနှင့်ရှင်ခြင်းကိုဖန်ဆင်းတော်မူခဲ့ရာသင်တို့၌မည်သူသည်ကျင့်မူရာ၌အကောင်း
ဆုံးဖြစ်သည်ကိုမှတ်ကျောက်တင်စမ်းသပ်ရန်အတွက်ဖြစ်ပေသည်´ (ကုရ်အနာ် ၆၇း ၂)
သို့ဆိုလျှင် အလ္လာဟ်သည်လူသားနှင့်ဂျင်န်တို့ကိုဖန်ဆင်းထားခြင်းမှာ (၁)သူ့အားနာခံဘ၀တည်ဆောက်
ရန်(၂)တစ်ဖက်သတ်ဂရုဏာပေးရန်(၃)စမ်းသပ်ရန်တို့ဖြစ်ကြောင်းတွေ့ရပေမည်။
အလ္လာဟ်သည်လူသားတို့အား--
(၁)စဉ်းစားချင့်ချိန်နိုင်သောဆင်ခြင်တုံပေးထားခြင်း(ကုရ်အာန် ၁၀း၁၀၀)
(၂)ကောင်းမှုနှင့်မကောင်းမှုကိုခွဲခြားတက်သောပင်ကိုယ်အသိပေးထားခြင်း(ကုရ်အာန် ၉၁း၈)
(၃)အမှား၊အမှန်ကိုဝေဖန်ပိုင်းခြားနိုင်ရန်ကျမ်းဂန်များပေးထားခြင်း(ကုရ်အာန် ၂း၁၈၉)
(၄)ထိုကျမ်းဂန်များကိုလိုက်နာနိုင်ကြစေခြင်းငှာလက်တွေ့ကျင့်သုံးပြပေးရန်နှင့်သင်ကြားပေးရန်တမန်တော်
များကိုစေလွှတ်ပေးထားခြင်း (ကုရ်အာန် ၂း၁၅၁၊၃၃း၂၁)
(၅)စဉ်းစားဆင်ခြင်သုံးသပ်နိုင်ရန်အတွက်လုံလောက်သောအချိန်ပေးထားခြင်း။(ကုရ်အာန် ၃၅း၃၇)
(၆)လမ်းမှန်နှင့်လမ်းမှားလမ်းနှစ်သွယ်ကိုလွတ်လပ်စွာလျှောက်လှမ်းခွင့် (FREE WILL) ပေးထားခြင်း
(၇)ဆိုခဲ့ပြီးသောအရာများကိုအပြည့်အ၀ခံစားရယူဆောက်တည်နိုင်စေရန်အတွက်လည်းအကောင်း
ဆုံးရပ်တည်နိုင်စွမ်းခွန်အားသတ္တိ`သတ်က်ဝီးမ်´ကိုလည်းပေးထားခြင်း
(၈)အထူးသဖြင့်အလ္လာဟ်အရှင်၏ဂရုဏာကိုတစ်ဖက်သတ်ရယူနိုင်သောမဟာအခွင့်အေ၇းကိုလည်း
ပေးထားခြင်း (ကုရ်အာန် ၇း၁၇၆၊၆း၁၂၊၆၇း၃)
(၉)ဖြစ်ပျက်ကြုံတွေ့ရသောပျော်ရွှင်ခြင်း၊၀မ်းနည်းခြင်း၊အောင်မြင်ခြင်း၊ဆုံးရှုံးခြင်းတို့အပေါ်ခံနိုင်ရည်စွမ်းအင်
ထူး`ဆွဗရ်´ကိုပေးထားခြင်း။ (ကုရ်အာန် ၂း၁၅၃)
(၁၀)အလ္လာဟ်သည်လူသားအားမိမိဂရုဏာတော်အဟုန်ကြောင့်ဝန်ကိုပေါ့ပါးစေရန်သာလိုလားတော်မူ
ခြင်း (ကုရ်အာန် ၄း၂၈)
(၁၁)ရူဟာနီအဖြစ်၌ပင်အလ္လာဟ်သည်လူသားနှင့်ပဋိညာဉ်ပြုထားပြီးဖြစ်၍လူသားသည်နာခံလိုက်နာရန်
လိုပါကအလ္လာဟ်အမိန့်တော်များကိုနာခံရာ၌အခက်အခဲတစ်စုံတစ်ရာမရှိဘဲလွယ်ကူစွာပင်လိုက်နာနိုင်စွမ်း
အားပေးထားခြင်း ( ကုရ်အာန် ၇း၁၇၂၊၂၂း၇၈)
(၁၂)အမှားပြုမိပါကလည်းအမှားကိုသိမြင်ကာဝန်ချတောင်းပန်မှုပြု၍ပြုပြင်ပါလျှင်လွတ်ငြိမ်းချမ်းသာခွင့်ပေး
ထားခြင်း။
စသည့်အချက်များဖြင့်အထပ်ထပ်ကာရံကာအကာအကွယ်ပေးပြီးမှသာလူသားနှင့်ဂျင်န်တို့အားအမှန်တရား
ကိုလက်ခံ၍ကောင်းရာပြုကျင့်သူကိုဂျန္နသ်၊အမှန်တရားကိုငြင်းဆန်ကာမကောင်းရာပြုသူအားဂျဟန္နမ်သို့
ဆင်းသက်စေခြင်းဖြစ်စဉ်သည်အလ္လာဟ့်ဘက်မှအလွန်ပင်မျှတလွန်းပါသည်။သို့ရှိရာအလ္လာဟ်သည်လူ
သားနှင့်ဂျင်န်တို့ကိုဖန်ဆင်းခြင်းမှာသူ့အားနာခံဘ၀တည်ဆောက်ရန်၊စမ်းသပ်ရန်၊ဂရုဏာပေးရန်အတွက်
ဖြစ်ပြီး ဂျန္နသ်နှင့်ဂျဟန္နမ်သို့ရောက်စေခြင်သည်အကျိုးဆက်သာဖြစ်ပါသည်။စာသင်ကျောင်းများဖွင့်လှစ်ရ
ခြင်း၏ရည်ရွယ်ချက်မှာ-ပညာတက်မြောက်ကာအသိအလိမ္မာရရှိစေရန်အတွက်ဖြစ်သော်လည်းကျောင်း
အားလုံးအနက်စာကြိုးစားသူများသာစာမေးပွဲအောင်သောအကျိုးဆက်ကိုခံစားရမည်ဖြစ်သည်။မကြိုးစား
သူတို့၏အကျိုးဆက်မှာစာမေးပွဲကျရှုံးခြင်းသာဖြစ်ပေရာကျောင်းသားအားလုံးစာမေးပွဲကိုမအောင်သဖြင့်
စာသင်ကျောင်းများဖွင့်လှစ်ခြင်း၏ရည်ရွယ်ချက်အထမမြောက်ဟုဆို၍ကားမရနိုင်ပါ။ဆိုလာပါကလည်း
အသုံးမ၀င်သောဆင်ခြေအဆင့်ထက်မပိုနိုင်ပါ။
အလ္လာဟ်အရှင်သည်ဖော်ပြပြီးသောအခွင်အရေးများ၊ဂုဏ်သတ္တိများ၊အရည်အချင်းများ၊စွမ်းရည်များ၊အခြေ
အနေကောင်းများပေးထားပါလျက် ဂျန္နသ်သို့မ၀င်ရောက်နိုင်ဘဲဂျဟန္နမ်သို့သက်ဆင်းရသည်မှာထိုဂျင်န်နှင့်
လူတို့၏မိုက်မဲမှုကြောင့်သာဖြစ်ပါသည်။
`သို့ဆိုပါကလူနှင့်ဂျင်န် တို့အားဂျဟန္နမ်အတွက်ဖန်ဆင်းထားခြင်းမဟုတ်ပါ။လူနှင့်ဂျင်န်တို့အနက်မိုက်မဲ
သာသူတို့အတွက်ဂျဟန္နမ်ကိုအကျိုးဆက်အဖြစ်ပြုပေးထားခြင်းသာဖြစ်သည်´(ကုရ်အာန် ၇း၁၇၉)
`ဧကန်အမှန်ကျွနိုပ်တို့အနက်အသိဥာဏ်ခေါင်းပါးသူများသည်အလ္လာဟ်အရှင်မြတ်နှင့်ပတ်သတ်၍လုံးဝမတ
ရားသောစကားများပြောဆိုလေ့ရှိခဲ့ကြသည်´ (ကုရ်အာန် ၇၂း၎)
အလ္လာဟ်အရှင်သည်လူနှင့်ဂျင်န်တို့ကိုမိမိအားနာခံကိုးကွယ်ရန်ဖန်ဆင်းထားသည်ဟုဆိုရာတွင်ထိုနာခံခြင်းမှ
တဆင့်အကျိုးထူးကိုရရှိခံစားစေရန်အတွက်သာလျှင်ဖြစ်တော့သည်။
`မည်သူမဆိုသွေဖည်ငြင်းဆန်ခဲ့ပါလျှင်၎င်း၏သွေဖည်မှုသည်၎င်အပေါ်၌သာကျရောက်ပေမည်။ထိုနည်းတူ
စွာမည်သူမဆိုကောင်းမြတ်သောအကျင့်သီလာကိုဆောက်တည်ခဲ့ပါမှု၎င်းတိုကအကျိုးငှာစီမံဆောင်ရွက်နေ
ကြခြင်းဖြစ်သည်´ (ကုရ်အာန် ၃၀း၄၄)
`စင်စစ်သော်ကား၊အသင့်အားမွေးမြူဖန်ဆင်းတော်မူသောအရှင်မြတ်သည်လိုလားတောင့်တခြင်းကင်းတော်မူ
သောအရှင်၊မဟာဂရုဏာတော်အရှင်ဖြစ်တော်မူပေတည်း´ (ကုရ်အာန် ၆း၁၃၃)
ဆရာစိန်ဌေးဟန်၏ `အမေးရှိလာထိုအခါ´ စာအုပ်မှမေးခွန်းနံပါတ် (၉)ကိုကူးယူဖော်ပြပါသည်။

Friday, June 22, 2012

အမျိုးသမီးတမန်တော်ရှိ/မရှိ


အမျိုးသမီးတမန်တော်ရှိ/မရှိ
စိုင်မာကာဒ်ရီ။    ။ အတ်စ်လာမို့အလိုင်းကွန်းမ်။ အစ္စလာမ်၌ အမျိုးသမီးတမန်တော် (Prophets)များ အဘယ်ကြောင့် မရှိရပါသနည်း။
ဒေါက်တာဇာကိရ်။    ။နှမတော်မှ မေးခွန်းတစ်ခု မေးမြန်းလာပါသည်။ ယင်းမှာ အစ္စလာမ်၌ အမျိုးသမီးတမန်တော်များ (Prophets)အဘယ်ကြောင့် မရှိရပါသနည်း။ အသင့်အနေနှင့် (Prophets)၏ အဓိပ္ပါယ်အား လူသားတစ်ဦးသည် ၀ဟီ ဗျာဒိတ်တော်အား လက်ခံရရှိသည်။ ထို့ပြင် လူသားများ၌ ဦးစီးခေါင်းဆောင် အဖြစ် လမ်းညွှန်မှု ပြုလေသည်ဟုဆိုလိုလျှင် ကျွန်ုပ်မှ အစ္စလာမ်သည် မည်သည့် အမျိုးသမီးတစ်ဦးတစ်ယောက်ကိုမျှ တမန်တော် (Prophets)များအဖြစ် မချီးမြှင့်ထားပါဟု အခိုင်အမာပြောနိုင်ပါသည်။
ကျမ်းမြတ်ကုရ်အာန်တွင် ယောက်ျား(အမျိုးသား)သည် မိသားစု၏ အိမ်ထောင်ဦးစီးဖြစ်သည်ဟု ရှင်းရှင်း လင်းလင်း ဖော်ပြထားပေသည်။ ထို့ကြောင့် မိသားစုတစ်ခုတွင်တောင် အမျိုးသားများသည်သာ အိမ်ထောင်ဦးစီးဖြစ်သောကြောင့် အမျိုးသမီး တစ်ယောက်အနေနှင့် လူသားများအား အဘယ်ကဲ့သို့  ဦးစီးဦးဆောင်ပြုနိုင်မည်နည်း။ ဒုတိယအပိုင်းကိုဆိုရသော် (Prophet) တမန်တော်တစ်ပါးသည် မပြုမနေရ ဖရ်သ်ွဆွလာတ်များကို ဦးဆောင်ဝတ်ပြုရပေမည်။ ထို့ကြောင့် ကျွန်ုပ်အရှေ့ပိုင်း၌ ဟောပြောတင်ပြခဲ့သကဲ့သို့ အမျိုးသမီးတမန်တော်များသည် ကိယမ်(မတ်တပ်ရပ်ခြင်း)၊ ရူကူ (ဦးညွတ်ခြင်း)၊ စုဂျူဒ်(ပျပ်ဝပ်ဦးချခြင်း)တို့ကို ရှေ့မှနေ၍ ပြုမူမည်ဆိုပါက နောက်ဖက်၌ ဆွလာတ်ဝတ်ပြုဆောက်တည်သူများတွင် အနှောင့်အယှက်ဖြစ်သွားပေလိမ့်မည်။
တမန်တော်များအနေနှင့် အခြေအနေအရပ်ရပ်ကြောင့် အမျိုးသားများနှင့် တွေ့ဆုံရပေမည်။  အကယ်၍ အမျိုးသမီးတစ်ဦးသည် တမန်တော်ဖြစ်မည်ဆိုပါက (အဘယ်ကဲ့သို့ တစ်စိမ်းအမျိုးသားများနှင့် ရောနှော ဆက်ဆံနိုင်မည်နည်း။) အကြောင်းမူကား အစ္စလာမ်၌ ကျား၊မ ရောနှောနေထိုင်မှုကို ခွင့်မပြုပေ။ တမန်တော်များသည် အမျိုးသမီးတစ်ဦးဖြစ်မည်ဆိုလျှင် အကယ်၍ ယင်းအမျိုးသမီး၌ အမျိုးသမီးသဘာဝ ကိုယ်ဝန်ရှိနေမည်ဆိုပါက ၎င်းသည် အနည်းငယ် ၎င်း၏ တာဝန်များက  ထမ်းဆောင်နိုင်လိမ့်မည်မဟုတ်။ ထို့ပြင် ယင်းအမျိုးသမီး၌ သားသမီးများရှိနေမည်ဆိုလျှင် ၎င်းင်းသည် မိခင်တစ်ယောက်၏ တာဝန်များကို ထမ်းဆောင်ရသကဲ့သို့ တမန်တော်များ၏ တာဝန်များကို ထမ်းဆောင်ရန် ခဲယဉ်းပေလိမ့်မည်။ အမျိုးသမီး တစ်ယောက်၌ မိခင်တာဝန်များကို ထမ်းဆောင်ရင်း တမန်တော်၏ တာဝန်များကို ထမ်းဆောင်ရန် ခဲယဉ်းသော်လည်း အမျိုးသားတစ်ယောက်မှာမူ ၎င်း၏ ဖခင် တာဝန်များကို ထမ်းဆောင်လျက် တမန်တော်တစ်ပါး၏ တာဝန်များကိုလည်း ထမ်းဆောင်နိုင်ပေသည်။
သို့သော် အသင့်အနေနှင့် Prophet ၏ အဓိပ္ပါယ်အား ရွေးချယ်ခြင်း ခံရသောသူ၊ မြင့်မြတ်သန့်ရှင်းသူဟု ဆိုလိုပါလျှင် အစ္စလာမ်တွင် အမျိုးသမီး တမန်တော် ဥပမာများစွာရှိပါသည်။ ကျွန်ုပ်အနေနှင့် ညွှန်းဆိုလိုသည့် အကောင်းဆုံး ဥပမာမှာ ဘီဘီမရ်ယာမ်ပင်ဖြစ်ပါသည်။ အီမ်ရာမ်မျိုးနွယ်ကဏ္ဍ၊ ကျမ်းပိုဒ် (၄၂)တွင်
တဖန် (သတိရကြလေကုန်) တရံရောအခါ၊ မလာအိကဟ် ကောင်းကင် စေတမန်များက (မရ်ယမ် သခင်မအား) အို-“မရ်ယမ်မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အသင့်အား ရွေးချယ်မြှောက်စားတော် မူခဲ့လေပြီ။ မနှစ်မြို့ဘွယ်ရာသော အကြာင်းအရာများမှလည်း ကင်းရှင်းစေတော်မူခဲ့လေပြီ။ ၄င်းအပြင်  (ယခုတဖန်) အသင့်အား စကြာဝဋ္ဌာ အပေါင်းရှိ အမျိုးသမီးများတွင်လည်း ရွေးချယ်မြှောက်စားတော်မူခဲ့လေပြီဟု ပြောကြားခဲ့ကြလေသည်။”   (၃း၄၂)
အသင့်အနေနှင့် Prophet ၏ အဓိပ္ပါယ်အား ရွေးချယ်ခြင်းခံရသောသူ၊ မြင့်မြတ်သန့်ရှင်းသူဟုနားလည်ထားလျှင် ကျွန်ုပ်တို့တွင် တမန်တော် အီဆာ(عليه الصلاة و السلام)၏ မယ်တော် ဘီဘီမရ်ယာမ် (عليها الصلاة و السلام)၏ ဥပမာရှိပါသည်။ အသင်သည် မြစ်တားခြင်းကဏ္ဍ၊ ကျမ်းပိုဒ် (၁၁)ကို ဖတ်ရှု ကြည့်မည်ဆိုလျှင်
ထိုနည်းတူစွာ အလာဟ်အရှင်မြတ်သည် မုအ်မင်န်သက်ဝင် ယုံကြည်ကြကုန်သောသူတို့၏ အကျိုးငှာ ဖစ်ရ်အောင်န်၏ ဇနီးကြင်ရာကို ဥပမာအဖြစ် ခိုင်းနှိုင်း မိန့်ကြားတော်မူခဲ့၏။ တစ်ရံရောအခါဝယ် ထို ဖစ်ရ် အောင်န်၏ ဇနီးကြင်ရာသည် (ဤသို့) လျှောက်ထားပန်ကြားခဲ့လေ၏။ အို-ကျွန်တော်မျိုးမအား ဖန်ဆင်းမွေးမြူတော် မူသောအရှင်၊  အရှင်မြတ် သည် မိမိထံတော်ပါး၌ ဂျန္နတ်သုခဘုံတွင် ကျွန်တော်မျိုးမအဖို့ နေအိမ် တစ်လုံးကို ပြုလုပ်၍ ပေးသနားတော်မူပါ။ ၄င်းပြင် အရှင်မြတ်သည် ကျွန်တော်မျိုးမအား ဖစ်ရ်အောင်န်နှင့် ၄င်း၏အကျင့်အမူတို့မှ လွတ်မြောက်စေတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးမအား မတရားသော အမျိုးသားတို့မှလည်း လွတ်မြောက်စေတော်မူပါ။ ” (၆၆း၁၁)
စဉ်းစားကြည့်စမ်းပါ။ သခင်မကြီးသည် ယင်းခေတ် ယင်းအခါ၌ အင်အားအကြီးမားဆုံး ဘုရင်တစ်ပါး၏ ကြင်ယာတော် ဇနီးဖြစ်ခဲ့သည်။ ထို့ပြင် သခင်မကြီးသည် (လောက၏) စည်းစိမ်ချမ်းသာများဖြင့် ဇိမ်ခံမှုကို ငြင်းပယ်စွန့်လွှတ်၍ အလ္လာဟ်အရှင်မြတ်၏ ထံတော်ပါး၌ ဂျန္နသ်သုခဘုံတွင် နေအိမ်တစ်လုံးကို ရရှိရန် ဆုတောင်း ပတ္တနာပြုခဲ့လေသည်။ အစ္စလာမ်၌ ယင်းကဲ့သို့ မွန်မြတ်သန့်ရှင်းသော ရွေးချယ်ခြင်း ခံရသော အမျိုးသမီး(၄)ဦးရှိသည်။ ၎င်းင်းတို့မှာ (၁) ဘီဘီမရ်ယမ် (عليها الصلاة و السلام)() ဘီဘီအာစီယာ(عليها الصلاة و السلام)
(
) ဘီဘီဖာတိမာဟ်(رضي الله تعالي عنها) ()ဘီဘီ အာအိရှာဟ် (رضي الله تعالي عنها)တို့ ဖြစ်သည်။
ဘာသာပြန်ဆိုသူ :: ဆရာမကြီးဒေါက်တာလှလှင်း

အမျိုးသမီးအနေနှင့်နိုင်ငံ့အကြီးအကဲဖြစ်နိုင်/မဖြစ်နိုင်


အမျိုးသမီးအနေနှင့်နိုင်ငံ့အကြီးအကဲဖြစ်နိုင်/မဖြစ်နိုင်
အိလီးယပ်(စ်)(ကျောင်းသား)    ။အမျိုးသမီးတစ်ယောက်မှ နိုင်ငံတော် အကြီးအကဲ ဖြစ်နိုင်ပါသလား။

ဒေါက်တာ ဇာကိရ်နိုက်(ခ်)     ။ကျွန်ုပ် သိသလောက် ကျမ်းမြတ်ကုရ်အာန်၏ မည်သည့် နေရာတွင်မှ အမျိုးသမီးတစ်ယောက်သည် နိုင်ငံတော်၏အကြီးအကဲ မဖြစ်နိုင်´´ဟု ဖော်ပြထားချက်မရှိပါ။ သို့သော်လည်း ဟဒီးဆ်တော်များတွင်ကား အမျိုးသမီးမှ နိုင်ငံတော်အကြီးအကဲ မဖြစ်သင့်ဟူသော သဘောရောက်သည့် ဖော်ပြချက်မျိုးများရှိသည်။ ဥပမာ-ဟဒီးဆ်တော်တစ်ခုတွင် အမျိုးသမီးခေါင်းဆောင် ရှိသော လူ့အဖွဲ့အစည်းသည် အောင်မြင်လိမ့်မည်မဟုတ်။´´ အထက်ဖော်ပြပါ ဟဒီးဆ်တော်နှင့်ပတ်သက်၍ အချို့သောပညာရှင်များက ဆိုကြသည်မှာ အထက် ဖော်ပြပါဟဒီးဆ်တော်သည် ကာလတစ်ခု အချိန်တစ်ခုအတွက် ဆိုလိုခြင်းသာဖြစ်သည် ဟူ၏။ အထူးသဖြင့် ထိုကာလသည် ပါရှန်းအင်ပါယာ (ယခု အီရန်)တွင် အမျိုးသမီးဘုရင်မ ရှိခဲ့သောကာလဟု ဆိုလိုသည်။ ၎င်းင်းဟဒီးဆ်တော်သည် အချိန်ကာလ အားလုံးအတွက် မဆိုလိုပါဟူ၍လည်းပြောကြပြန်သည်။
ကျွန်ုပ်တို့အနေနှင့် အမျိုးသမီးတစ်ဦးသည် နိုင်ငံခေါင်းဆောင် ဖြစ်သင့် မဖြစ်သင့်ဟူသောအချက်နှင့် ပတ်သက်၍ ခွဲခြမ်းစိတ်ဖြာလေ့လာကြည့်ကြပါစို့။ အကယ်၍ အမျိုးသမီးတစ်ဦးသည် အစ္စလာမ့်နိုင်ငံတော်တစ်ခု၏ ခေါင်းဆောင် ဖြစ်သည်ဆိုကြပါစို့။ အစ္စလာမ်နိုင်ငံတွင် နိုင်ငံ့ခေါင်းဆောင်သည် ဖွရ်(သွ်)နာမားဇ် (မဖြစ်မနေ၀တ်ပြု တည်ဆောက်ရသောဆွလားသ်) ၀တ်ပြုခြင်းကို အီမာမ်အဖြစ် ဦးဆောင်ရန် လိုအပ်သည်။ အကယ်၍ အမျိုးသမီးတစ်ယောက်သည် ဖွရ်(သွ်)ဆွလာတ် တိုင်းကို ဦးဆောင်ရမည်ဆိုလျှင် သူမအနေနှင့် ဆွလာတ်အတွင်းရှိ ခန္ဓာကိုယ်၏ အမျိုးမျိုးသော အနေအထားများအတိုင်း ပြုမူလှုပ်ရှားရန် လိုအပ်သည်။ အစ္စလာမ်၏ ဆွလားသ်ဝတ်ပြုမှုတွင် ကိယာမ်ရပ်ခြင်း၊ ရူကူဦးညွတ်ခြင်း၊ စဂျိဒါဟ် ပျပ်ဝတ်ဦးချခြင်း တို့ကို ပြုလုပ်ရန် လိုအပ်ပါသည်။ အကယ်၍ အမျိုးသမီးတစ်ဦးသည် အထက်ဖော်ပြပါ ဆွလာသ်အတွင်းရှိ လှုပ်ရှားမှုများကို ၀တ်ပြုသူ အမျိုးသားများ၏ရှေ့တွင် ပြုလုပ်မည်ဆိုပါက ထိုအမျိုးသားထုအတွက် အနှောင့်အယှက်ဖြစ်မည်ဟု ကျွန်ုပ်အသေအချာ ပြောရဲပါသည်။
အကယ်၍ အမျိုးသမီးတစ်ဦးသည် ယနေ့ ကျွန်ုပ်တို့ တွေ့ကြုံရင်ဆိုင်နေရသော ခေတ်သစ်လူ့အဖွဲ့အစည်း၏ ခေါင်းဆောင်တစ်ဦးဖြစ်သည်ဆိုပါစို့။ အားလုံးသိရှိပြီးသည့်အတိုင်း နိုင်ငံ့ခေါင်းဆောင်တစ်ဦးသည် အခြားသော နိုင်ငံ့ခေါင်းဆောင်များနှင့် အကြိမ်ပေါင်းများစွာ တွေ့ဆုံနှုတ်ဆက်ရမည်ဖြစ်ပါသည်။ နိုင်ငံ့ခေါင်းဆောင်အများစုမှာ အမျိုးသားများဖြစ်ကြပါသည်။ ထို့ပြင် အကြိမ်ပေါင်းများစွာ တံခါးပိတ် ဆွေးနွေးပွဲများလည်း ပြုလုပ်ရမည်ဖြစ်ပါသည်။ ထိုအချိန်ခါမျိုးတွင် မည်သူတစ်ဦးတစ်ယောက်မှ ၀င်ခွင့်ပြုမည်မဟုတ်။ အစ္စလာမ်တွင် အမျိုးသမီးတစ်ဦးအား Non- Muharam ခေါ်  လက်ထပ်ခွင့်ရှိသောယောက်ျားများနှင့် နှစ်ယောက်တည်း နေထိုင်ရန် ခွင့်မပြု။ တစ်နည်းဆိုသော် အစ္စလာမ်တွင် ဖိုမ အတူတကွ ရောနှောနေထိုင်ခြင်း ကို ခွင့်မပြု။
ထို့ပြင် နိုင်ငံ့ခေါင်းဆောင်တစ်ဦးအနေနှင့် ပြည်သူ လူထုနှင့်တွေ့ဆုံမှု၊ သွားလာမှုများနှင့် ပတ်သက်၍ အကြိမ်ပေါင်းများစွာ ဓါတ်ပုံ၊ ဗီဒီယိုစသည်တို့ဖြင့် မှတ်တမ်းတင်ခံရဖွယ် ရှိသည်။ ၎င်းင်းခေါင်းဆောင်အနေနှင့် မိမိနှင့် တွေ့ဆုံရသော နိုင်ငံခေါင်းဆောင်များနှင့် အခြားသော လူကြီးလူကောင်းများ၊  လူပုဂ္ဂိုလ်များနှင့် တွဲပြီးရိုက်ထားသော ဓါတ်ပုံများ၊ ဗီဒီယို တိတ်ခွေများကိုလည်း ထိန်းသိမ်းရပေမည်။ ဥပမာ- အမျိုးသမီး နိုင်ငံ့ခေါင်းဆောင်တစ်ဦးဖြစ်သော မာဂရက်သက်ချာ (ဗြိတိန် နိုင်ငံဝန်ကြီးချုပ်ဟောင်း)ကို ကြည့်ကြပါစို့။ သူမသည် များစွာသော ဓါတ်ပုံများ၊ ဗီဒီယိုမှတ်တမ်းများအတွင်း၌ အခြားသော နိုင်ငံ့ခေါင်းဆောင်များ၊ လူပုဂ္ဂိုလ်များနှင့် လက်ဆွဲ နှုတ်ဆက်နေသည်ကို တွေ့ရပေမည်။ အစ္စလာမ်မှ အမျိုး သမီးတစ်ဦးအား သူစိမ်းယောက်ျားများနှင့် လက်ဆွဲ နှုတ်ဆက်ခွင့်မပြု။ သာမန်လူသားများ အနေနှင့်ပင် လူတစ်ဦးနှင့်တစ်ဦး တွေ့ဆုံရာတွင် လက်ဆွဲနှုတ်ဆက်ဖို့လိုလျှင် နိုင်ငံ့ခေါင်းဆောင်အနေနှင့် ပို၍နှုတ်ဆက်ရပေမည်။ နိုင်ငံ့ခေါင်းဆောင်ဖြစ်သူ အမျိုး သမီးအနေနှင့် သာမန်လူများနှင့်လည်း တွေ့ဆုံ၍ သူမ၏ ပြဿနာများကို ဖြေရှင်း ရပေလိမ့်မည်။
သိပ္ပံပညာရပ်မှ သိလာကြရသည့်အချက်မှာ အမျိုးသမီးများသည် အမျိုးသမီး သဘာဝဓမ္မတာလာကြသည့်အချိန် (မီးယပ်သွေးဆင်းသည့်ကာလ)တွင် ၎င်းင်းတို့၏ မဟော်မုန်းများ ထွက်မှုကြောင့် ၎င်းင်းတို့၏ စိတ်ပိုင်းဆိုင်ရာနှင့် ဥာဏ်ရည်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ ကြောင့် အပြုအမူပိုင်းဆိုင်ရာပြောင်းလဲမှုများ ဖြစ်ပေါ် တတ်ကြသည်။ ထို့ကြောင့် ခေါင်းဆောင် အမျိုးသမီးတစ်ဦးအား ဓမ္မတာကာလတွင် ဖြစ်ပေါ်သည့် ပြောင်းလဲမှုများက သူမ၏နိုင်ငံနှင့်ဆိုင်သည့် ဆုံးဖြတ်ချက်များ ချမှတ်မှု ပြုရာတွင် ရှုတ်ထွေးမှုများ ဖြစ်ပေါ်လာနိုင်သည်။ ထို့ပြင် ယနေ့ သိပ္ပံပညာအရ ကျွန်ုပ်တို့သိရှိလာရသည်မှာ နှုတ်မှုရေးရာတွင် အမျိုးသမီးများက အမျိုးသားများ ထက်သာပါသည်။ သို့သော် အမျိုးသားများတွင် သာပိုင်ဆိုင်သော ထူးခြားသည့် အရည် အချင်းများမှာ အရာဝတ္ထုများနှင့်ပတ်သက်၍ တွေးတော မှန်းဆမှု၊ အနာဂါတ်ကို ကြိုတင်မျှော်မှန်းမှု၊ အနာဂါတ်တွင် လုပ်ဆောင်ရမည့်လုပ်ငန်းများကို ကြိုတင် မှန်းဆမှုများတွင် ကောင်းမွန်စွာ တွေးတော ဆင်ခြင် ခန့်မှန်းနိုင်မှုများ ဖြစ်သည်။  ဤထူးခြားသည့် အရည်အသွေးများသည် နိုင်ငံ့ခေါင်းဆောင် တစ်ဦးအတွက် အရေးကြီးပါသည်။
အမျိုးသားများထက် တပန်းသာသောအချက်မှာ အမျိုးသမီးများတွင် ချိုသာ ပျော့ပြောင်းစွာ ပြောဆိုနိုင်သည့် စွမ်းရည်ရှိခြင်းဖြစ်သည်။ ဤသည် သူမ၏ မိခင်ဖြစ်ခြင်းဟူသော အခြေအနေအတွက် အရေးကြီးသော အရည်အသွေးတစ်ရပ် ဖြစ်သည်။ အမျိုးသမီးသည် အိမ်ထောင်ရှင်ဖြစ်ပါက ပဋိသန္ဓေ ဆောင်ရမည်ဖြစ်၍ လအတန်ကြာ အနားယူရမည်ဖြစ်သည်။ ထိုလများအတွက် မည်သူက တိုင်းပြည်အတွက် တာဝန်ယူမည်နည်း။ အမျိုးသမီးသဘာဝ သားဖွားပြီး၍ မိခင်ဖြစ်လာသောကာလတွင် သူမ၏ မိခင်တာဝန်သည် အရေးကြီးလာပေမည်။ အမျိုးသမီးများသည် မိခင်တာဝန်နှင့်  နိုင်ငံ့တာဝန်ကို တစ်ပြိုင်တည်း ထမ်းဆောင်မှုတွင် မနိုင်မနင်းဖြစ်နိုင်သော်လည်း အမျိုးသားများမှာမူကား ဖခင်တာဝန်နှင့် နိုင်ငံ့တာဝန်ကို ထမ်းဆောင်နိုင်ခြင်းတွင် နိုင်နင်းနိုင်ယုံမျှမက ပို၍ လက်တွေ့ကြပေသည်။
ထို့ကြောင့် ကျွန်ုပ်အနေနှင့် အမျိုးသမီးသည် နိုင်ငံ့ခေါင်းဆောင် နေရာတွင် မယူသင့်၊ မရှိသင့်ဟူသော ဖော်ပြပါပညာရှင်များအယူအဆဘက်သို့ ပို၍ယိမ်းယိုင် သဘောကျပါသည်။ ဤသို့ဆိုစေကာမူ အမျိုးသမီးမှ ဆုံးဖြတ်ချက်များ ချရာတွင် မပါဝင်ရ´´ဟု မဆိုလိုပါ။ ကျွန်ုပ်၏ တင်ပြမှုတွင် ပါဝင်ခဲ့ပြီးသည့်အတိုင်း၊ သူမတို့တွင် မဲပေးပိုင်ခွင့်၊ ဥပဒေပြုပိုင်ခွင့်များရှိပါသည်။ ဟူဒိုင်ဗီယာစာချုပ်ချုပ်စဉ်ကာလက မွတ်စ်လင်မ်လူ့အဖွဲ့အစည်းတစ်ခုလုံး နှောင့်ယှက်ဖျက်စီးခြင်းခံရသော အချိန်တွင် အွမ္မေ့စလ်မာဟ် (رضي الله تعالي عنها)မှ တမန်တော်မြတ်ကြီး(صلي الله عليه و سلم)အား ကူညီအားပေးမှုများ ပြုလုပ်ခဲ့သည်။ သင်သိပြီးသည့်အတိုင်း များစွာသောနိုင်ငံများတွင် နိုင်ငံတော်သမ္မတ(သို့) ၀န်ကြီးချုပ်များသည် နိုင်ငံ၏ အကြီးအကဲခေါင်းဆောင်များ ဖြစ်ကြ သော်လည်း ၎င်းတို့၏ P.A နှင့် အတွင်းရေးမှူးများကသာ ဆုံးဖြတ်ချက်ချသည်က များပါသည်။ ထို့ကြောင့် အမျိုးသမီးသည် နိုင်ငံ့အရေးကိစ္စများနှင့် ပတ်သက်သော ဆုံးဖြတ်ချက်များချရာတွင် ကူညီနိုင်ပေသည်။ ဤဖြေရှင်းချက်မှာ ညီနောင်မှ မေးသောမေးခွန်းအတွက် အဖြေဖြစ်သည်ဟု ကျွန်ုပ် ထင်ပါသည်။

ဘာသာပြန်ဆိုသူ :: ဆရာမကြီးဒေါက်တာလှလှဝင်း