Wednesday, June 20, 2012

ကမ္ဘာအေးတရား (ဃာဇီ မုဟမ်္မဒ် ဟာရှင်မ်)



ကမ္ဘာအေးတရား (ဃာဇီ မုဟမ်္မဒ် ဟာရှင်မ်)
မြန်မာ့အသံမှ အသံလွှင့်သည့်နေ့။ ။၂၂-၁၂-၁၉၅၀

ကမ္ဘာ့နောက်ကြောင်းရာဇ၀င်ကို ပြန်လည်သုံးသပ်ကြည့်လျှင် ကမ္ဘာသူကမ္ဘာသားများအား သွန်သင်ဆုံးမသြ၀ါဒပေး၍ နှစ်ဘ၀၏ ငြိမ်းချမ်း ရေးရရန် အလို့ငှာ နိစ်္စထာဝရတည်ရှိနေတော်မူသော အလ်္လာဟ် အရှင်မြတ်သည် ခေတ်တိုင်း၊ နယ်တိုင်းတွင် မြောက်များစွာသော တမန်တော်များအား စေလွှတ်တော် မူခဲ့သည်မှာ ကမ္ဘာ့ သမိုင်းတွင် အလွန် ထင်ရှားပါတယ်။ယခင်နှစ်ပေါင်း (၁၃၀၀) ကျော်က အရေးဗီးယား တိုင်းပြည်၏ ရာဇ၀င်ကို ပြန်လည်ကြည့်လျှင် တမန်တော်အီစာ () သခင်ပွင့်တော်မူ ပြီးသည့်နောက် တမန်တော်များ၏အဆက်သည် အတန်ငယ် ပြတ်တောက်သွားခဲ့တယ်။
ထိုအချိန် အရဗ်လူမျိုးများသည် တရားနှင့် လုံးဝကင်းကွာပြီး သေရည်သေရက် သောက်စားခြင်း၊ အရမ်းမဲ့သတ်ဖြတ်ခြင်း၊ အပျော်အပါး လိုက်စားခြင်း၊ အတိုးကြီးစားခြင်း၊ ကျွန်အရောင်း အ၀ယ်ပြုလုပ်ခြင်း၊ လူတန်းစားခွဲခြားခြင်း၊ အမျိုးသမီးများအား ဖိနှိပ်ချုပ်ခြယ်ခြင်း၊ ယောက်ခမအခေါ်ခံရမည်ကိုစိုး၍ သမီးလေးများကို အရှင်လတ်လတ် သတ်ဖြတ်ခြင်းအစရှိသည့် ဒုစရိုက်များတွင် အလွန်ကြီးလွန် ၊အကျွံကြီး ကျွံ၍ အမှားကြီးမှားနေခဲ့ကြတယ်။ သူတစ်လူ ငါတစ်မင်း၊ အဓမ်္မဇာတ်ခင်းနေခဲ့ ကြတယ်။ အဲဒီအချိန်တွင် နည်းပေးလမ်းပြသွန်သင်ဆုံးမမည့်သူဟူ၍ တစ်ဦးတစ်ယောက် မျှမရှိခဲ့ဘူး။

ယခုကဲ့သို့ ကမ္ဘာကြီးအပျက်ကြီး ပျက်နေသည့် အချိန်ကမ္ဘာ လူထုကြီးတစ်ရပ်လုံးသည် ကမ္ဘာအေးတရားဟောပြောမည့် ကမ္ဘာ့ ခေါင်းဆောင်ကြီးတစ်ဦးကို အထူးလိုလားနေခဲ့ကြတယ်။ လိုလားနေ ခဲ့ကြသည့်အလျောက် အလ္လာဟ်အရှင်မြတ်သည် ခရစ်သက်္ကရာဇ် (၅၇၁) ဧပြီလ (၂၀ )ရက် ရဗီအွလ်အောင်ဝလ်လ( )ရက် ၊တနင်္လာနေ့တွင် ကမ်္ဘာ့ ခေါင်းဆောင်ကြီး တမန်တော် မုဟမ်္မဒ်(ဆွ) သခင်အား ကမ္ဘာအေး တရားဟောကြားရန်အလို့ငှာ ကမာ့္ဘဂရုဏာရှင်အဖြစ်နှင့် မက်္ကဟ် ရွှေမြို့တော်တွင် ပွင့်စေတော်မူခဲ့တယ်။

ယခု ကမ္ဘာပေါ်ရှိ သန်းပေါင်း (၇၀၀ )ကျော် မွတ်စ်လင်မ် များသည် တမန်တော်မြတ် မုဟမ်္မဒ်(ဆွ)ကို အကြောင်းပြုပြီး ရဗီအုလ် အောင်ဝလ် လတွင် ၀မ်းအားရသောင်းသောင်းဖြဖြ တမန်တော် မုဟမ်္မဒ်(ဆွ)နေ့ အထိမ်းအမှတ်ပွဲများကျင်းပကြတယ်။ ကမ္ဘာ့ခေါင်း ဆောင်ကြီး၏ ကမ္ဘာအေး တရားကို ပြန်လည်လေ့လာကြတယ်။ လက်တွေ့ကျင့်သုံးနိုင်ရန် အဓိဋ္ဌာန် များ ပြုကြတယ်။

တမန်တော်မုဟမ်္မဒ်(ဆွ)သည် မေတ်္တာတရားကို လက်ကိုင် ထားပြီး သဘာဝ၏ အံ့သြဖွယ်ကောင်းလှသောအချက်အလက်များနှင့် လူမှုရေး ရာများကို သက်တော် (၄၀) အထိ လေ့လာခဲ့ရာ ငယ်ရွယ် စဉ်မှာပင် လူထုထံမှ ဆွာဒိက် ဖြောင့်မှန်သူ ၊အမီန်သစ်္စာရှိသူဟူသော ဘွဲ့ထူးများကို ဆွတ်ခူး နိုင်ခဲ့တယ်။သက်တော် (၄၀) ရှိသည့်အခါ အလ္လာ အရှင်မြတ်သည် ကမ္ဘာသူကမ်္ဘာသား အားလုံးတို့အတွက် ကမ္ဘာ့တစ်သက် လူ့သက် တမ်းတွင် မလွှဲမရှောင်သာတွေ့ ကြုံရမည့်နေရေးထိုင်ရေး၊ စားရေး သောက်ရေး၊ ပညာရေး၊ ပေါင်းသင်ဆက်ဆံရေး၊ ချစ်ကြည်ရေး နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို လက်တွေ့ကျင့်သုံးနိုင်ရန်အတွက် တမန် တော် မုဟမ်္မဒ်(ဆွ)အား ကုရ်အာန်ကျမ်းမြတ်ကို ထုတ်ပြန်ချမှတ်တော်မူ၍ ပထမဦးဆုံးအောက်ပါအယသ် မုက်္ခပါဌ်တော်ကို ချမှတ်တော်မူခဲ့ တယ်။

(
အို - မုဟမ်္မဒ်) ကမ္ဘာ့အ၀ှန်းအား မွေးမြူ စောင်မ ပြုစု ပျိုးထောင်တော်မူသော အရှင်၏နာမတော်ကိုတသလျက် ထုတ်ပြန်ချမှတ်မည့်ကုရ်အာန်ကို ဖတ်ရွတ် သရဇ်္ဈယ်ပါလေ။ ထိုအရှင်သည် လူသားများအား သွေးခဲဖြင့်ဖန်ဆင်းတော် မူသည်။ အသင်အမြဲတစေ ဖတ်ပါလေ။ သင့်အား မွေးမြူ ဖန်ဆင်းတော်မူသော အရှင်သည် တန်ခိုးဂုဏ်တော် အလွန်ကြီးကဲမြင့်မြတ်တော်မူသော အရှင်ဖြစ်သည်။ ထိုအရှင်သည် ကလောင်နှင့် ရေးသားခြင်းကို သင်ပြတော် မူသည်။ လူသား မသိရှိခဲ့သော အရာများကိုလည်း သိနား လည်အောင် အသိတရားပေးသနား တော်မူသည်။
ကုရ်အာန် (၉၆း၁-)

တမန်တော် မုဟမ်္မဒ်(ဆွ)နှင့်ပတ်သက်ပြီး ကုရ်အာန် ကျမ်းမြတ်တွင် ဤသို့ ဗျာဒိတ်တော်ရှိတယ်။

ငါအရှင်သည် သင်(မုဟမ်္မဒ်)အား ကမ္ဘာ့ ကရုဏာရှင် အဖြစ်နှင့် စေလွှတ် တော်မူတယ်။ ကုရ်အာန် (၂၁း၁၀၇)

အသင် (မုဟမ်္မဒ်)သည် တည့်မတ်မှန်ကန်သော လမ်းစဉ်ပေါ်၌ မားမားကြီး ရပ်တည်လျက်ရှိနေပေသည်။ ကုရ်အာန် (၄၃း၄၃)

(
အို-မုဟမ်္မဒ်) ကမ္ဘာသူ ကမ္ဘာသားများအား ဤသို့ပြောကြား လိုက်ပါ။ အသင်တို့သည် အလ်္လာဟ်အရှင်မြတ်အား တကယ်ချစ်ကြောက်ရိုသေကြလျှင် ကျွန်ုပ်၏ အမိန့်သြ၀ါဒ များကို တသဝေမတိမ်း လိုက်နာကြရမည်။ သို့ဖြစ်လျှင် ထိုအရှင်မြတ် သည် အသင်တို့အား ချစ်တော်မူမည်။
ကုရ်အာန် (၃း၃၁)
ကမ္ဘာကြီးတွင် တာဝန်ဝတ္တရားများသည် လေးမျိုးလေးစား ရှိပါတယ်။
၁ အရှင့်တာဝန်များ
၂ မိမိ၏တာဝန်များ
၃ လူထု၏တာဝန်များ
၎ ကမ္ဘာ့ဝေနေယျသတ်္တ၀ါများ၏ တာဝန်များ
ဖော်ပြပါ တာဝန် ၀တ်္တရားများကို ကျေပွန်ကြသည်နှင့်အမျှ ကမ္ဘာကြီးမှာ ငြိမ်းချမ်းမှုရရှိပေမယ်။ တာဝန် နည်းနည်းပျက်ကွက်လျှင် ဆူပူမှု နည်းနည်းဖြစ်မယ်။ တာဝန်များများ ပျက်ကွက်လျှင် ဆူပူမှုလည်း များများဖြစ်မယ်။ တာဝန်များ လုံးဝပျက်ကွက်လျှင် ကမ္ဘာကြီး အပျက်ကြီး ပျက်စီးသွားမယ်ကို လူတိုင်းသိထားစေလိုပါတယ်။

တမန်တော် မုဟမ်္မဒ်(ဆွ)သည် ဖော်ပြပါ တာဝန်ဝတ်္တရားများ ကို တိကျပြတ်သားစွာ ဆောင်ရွက်နိုင်ရန် အစ္စလာမ်၏အုတ်မြစ် ဖြစ်သော အခြေခံတရားကို အောက်ပါအတိုင်း ကမ္ဘာသို့ကျေညာခဲ့တယ်။

တစ်ဆူတည်းဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်မှတစ်ပါး ကိုးကွယ်ရာလုံးဝမရှိ၊ မုဟမ်္မဒ်သည် အလ္လာဟ်အရှင်၏ တမန်တော်ဖြစ်သည်။

အထက်ပါ အခြေခံတရားကို ကိုယ်စိတ်နှလုံးသုံးပါးလုံးဖြင့် ယုံကြည်လက်ခံသူကို မွတ်စ်လင်မ်လို့ခေါ်တယ်။ ဒီလိုယုံကြည်တဲ့ မွတ်စ်လင်မ်များအတွက် ...
၁ အရှင့်တာဝန်များနှင့် ပတ်သက်ပြီး တမန်တော်မုဟမ်္မဒ်(ဆွ)သည် အမိန့်ကြီး ()ရပ်ကို ထုတ်ပြန်ကျေညာခဲ့တယ်။

(
က) အသင်တို့သည်အလ္လာဟ်အရှင်မြတ်အားယုံကြည်ကြရမည်။
(
) အသင်တို့သည်တစ်နေ့လျှင်()ကြိမ်ဆွလာသ်ဝတ်ပြုကြရမည်။
(
) တစ်နှစ်လျှင်တစ်လဆွီယာမ်ဥပုသ်ဆောက်တည်ကြရမည်။
(
) ဆင်းရဲသားများကိုဇကားသ်ပေးလှူကြရမည်။
(
) တတ်နိုင်ကုန်လျှင် တစ်သက်တစ်ခါ မက်္ကာဟ်မြို့သို့သွား ရောက်ဟဂ်ျပြုကြရမည်။ ဒါတွေဟာ အရှင်၏တာဝန်တွေပဲ။

၂ မိမိတာဝန်များနှင့်ပတ်သက်ပြီး တမန်တော်မုဟမ်္မဒ်(ဆွ)သည် ဤသို့ အမိန့်ကြီးငါးရပ်ကို ထုတ်ပြန်ကြေငြာတယ်။
(
က) ပထမ အသင်တို့သွေးစည်းကြရမည်။
(
) ဒုတိယ ပညာဆည်းပူးကြရမည်။
(
) တတိယ တရားသော အာဏာပိုင်များ၏အမိန့်ကို နာခံကြရမည်။
(
) စတုတ္တ ကြဉ်ရှောင်အပ်သောအရာများကို လုံးဝ ကြဉ်ရှောင်ကြရမည်။
(
) ပဉ်္စမ ငြိမ်းချမ်းရေးဖောက်ဖျက်သူများကို တိုက်ကြရမည်။
ဒါတွေဟာ မိမိတို့၏တာဝန်များဖြစ်ပါတယ်။

၃ လူထုတာဝန်များနှင့် ပတ်သက်ပြီး တမန်တော်မုဟမ်္မဒ်(ဆွ)သည် ဤသို့မိန့်တော် မူခဲ့တယ်။
လူထုအနက် အကောင်းဆုံးသောသူသည် လူထုအကျိုး ဆောင်သူပင် ဖြစ်တယ်။ လူထုအကျိုးဆောင်ခြင်းသည် အမွန်မြတ်ဆုံး လုပ်ငန်း ဖြစ်တယ်။ ငယ်ရွယ်သူကို မသနား ကြီးသူကို မလေးစားသော သူသည်ငါ၏အသင်းဝင်မဟုတ်။

မိမိအိမ်နီးနားချင်းကို ဒုက္ခပေးသောသူသည် မွတ်စ်လင်မ် မဟုတ်ဟု တမန်တော်မုဟမ်္မဒ်(ဆွ)သည် သုံးကြိမ်တိုင်တိုင် ကျမ်းသစ်္စာ ဆိုပြီး လေးလေး နက်နက်ကြီး မိန့်တော်မူခဲ့တယ်။


မွတ်စလင်မ်မှန်လျှင် မိမိနှုတ်ဖြင့်လည်းကောင်း၊ လက်ဖြင့် လည်းကောင်း မည်သူ့ကိုမှ ဒုက္ခမပေးရဘူး။ မိမိအတွက် နှစ်ခြိုက်တာ ကို သူများအတွက်လည်း နှစ်ခြိုက်ရမည်။

အရေးဗီးယားနိုင်ငံသားများသည် အခြားနိုင်ငံသားများထက်မသာ အခြားနိုင်ငံသားများသည်လည်းအရေးဗီးယားနိုင်ငံသားများထက်မသာ အသင်တို့အားလုံးသည်အာဒမ်နှင့်ဧ၀၏သားသမီးများဖြစ်ကြ တယ်။ အာဒမ်ကို အရှင်သည် မြေနှင့်ဖန်ဆင်းထားတော်မူတယ်

ကမ္ဘာသူ ကမ္ဘာသား အားလုံးတို့သည် ညီရင်းအစ်ကိုများ ဖြစ်ကြောင်း ကျွန်ုပ်သက်သေခံတယ်။ဒါတွေဟာ လူထုနှင့်ပတ်သက်တဲ့တာဝန်တွေပဲ။

၎ လူထုတာဝန်တွေကျေပြွန်ရုံနှင့် ကျွန်ုပ်တို့၏ တာဝန် မကုန်သေးပါ။ ကမ္ဘာ့တန်ဆာပလာများဖြစ်တဲ့ မိုး၊ မြေ၊ နေ၊ လ နက်္ခတ်တာရာ၊ တော တောင်၊အဟိတ်တရိတ်၊ သက်ရှိ သက်မဲ့၊ ပုပုရွရွဟူသမျှတို့၏တာဝန်တွေ လည်း အများကြီးရှိသေးတယ်။ ဒါကြောင့် တမန်တော် မုဟမ်္မဒ်(ဆွ) သခင် မိန့်တော်မူခဲ့တယ်။
ဝေနေယျသတ်္တ၀ါအားလုံးတို့သည်အလ်္လာဟ်အရှင်၏ အိမ်ထောင်စုကြီး ဖြစ်တယ်။

ဒီအမိန့်တော်အရ လူတွေထားဘိဦး ကျွဲ၊ နွား၊ သိုး၊ ဆိတ် အစရှိ သည့် တိရိစ္ဆာန်များပင် ကျွန်ုပ်တို့ရဲ့အိမ်ထောင်စုတွင် အပါအ၀င်ဖြစ်နေ ကြတယ်။ ဒါကြောင့် တမန်တော် မုဟမ်္မဒ်(ဆွ)ကမိန့်တော်မူခဲ့တယ်။
အသင်စီးမည့် ကုလားအုတ်ကို မစီးမီကျန်းမာ/မမာ သင့်ဝန်ကို ထမ်းနိုင် / မထမ်းနိုင်ကို ကြည့်ပါ။

တမန်တော် မုဟမ်္မဒ်(ဆွ)သည် ဖော်ပြပါစကားရပ်များနှင့် ပတ်သက်ပြီး သက်သက်အသံကောင်းဟစ်သွားခဲ့သည်မဟုတ်။ တမန်တော်မုဟမ်္မဒ်(ဆွ)သခင်သည် (၂၃) နှစ်အတွင်း ကုရ်အာန်ကျမ်းတော်မြတ်နှင့်တကွ ဖော်ပြပါ စကားရပ်များကို အောင်အောင် မြင်မြင် စံပြအဖြစ်နှင့် လက်တွေ့ကျင့်သုံးပြခဲ့တယ်။

တမန်တော် မုဟမ်္မဒ်(ဆွ)သည် ယခုကမ္ဘာ့ဇာတ်ခုံပေါ်တွင် အထူးရှုပ်ထွေးပွေလီလျက်ရှိသော ပြဿနာများနှင့် စပ်လျဉ်း၍ -

၁။ အရမ်းမဲ့သတ်ဖြတ်မှုကို ပိတ်ပင်ခဲ့တယ်။

၂။ ကြေးပိုင်၊ ကျွန်ပိုင်စနစ်ဆိုးကို ဖျက်သိမ်းခဲ့တယ်။

၃။ အတိုးကြီးစားမှုကို တားဆီးခဲ့တယ်။

၎။ လူတန်းစားခွဲခြားမှုကို လုံးဝ ဖျက်သိမ်းခဲ့တယ်။

၅။ မတရားစီးပွားရှာသော ဓနရှင်များ၏ လက်ဝါးကြီး အုပ်မှုကို မြေမြှုပ်သင်္ဂြိုဟ်ခဲ့တယ်။

၆။ အမျိုးသမီးများ၏ အဆင့်အတန်းကို တကယ်တန်း မြှင့်တင်ပေးခဲ့တယ်။

၇။ ပညာရေးနဲ့ စီးပွားရေး ပြဿနာကိုအထူး ဖြေရှင်း ပေးခဲ့တယ်။

၈။ ချစ်ကြည်ရေးနှင့် ကမ်္ဘာ့ငြိမ်းချမ်းရေး ပြဿနာများကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တယ်။


၉။ ဗရမ်းဗတာ ဖြစ်နေတဲ့အရဗ်လူမျိုးများကို ကမ်္ဘာ့ လူချွန် လူမွန်များဖြစ်လာအောင် ဖန်တီးပေးခဲ့တယ်။

၁၀။ မှောင်အတိကျနေသော ကမ်္ဘာကြီးကို အလင်းရောင် ပေးပြီး ကမ်္ဘာအေးတရားဟောပြောနိုင်ခဲ့တယ်။

၁၁။ ကမ္ဘာ့တစ်သက်တွေ့ ကြုံရမည့် ပြဿနာ အရပ်ရပ်ကို ဖြေရှင်းနိုင်ရန် ကုရ်အာန်ကျမ်းမြတ်ကိုထားခဲ့တယ်။

ဒီအကြောင်းကြောင်းတွေကြောင့် ဗြိတိသျှရာဇ၀င်သမိုင်း (11th Edition) အလ်ကုရ်အာန်အခန်းတွင် ဘာသာတရား သင်ကြား ကြသော ခေါင်းဆောင်များတွင် မုဟမ်္မဒ်(ဆွ) သခင် သည် အအောင်မြင် ဆုံး ပုဂ်္ဂိုလ်ကြီးဖြစ်သည်ဟု အထင်အရှား မှတ်တမ်းတင် ထားသည်ကို တွေ့ရှိရပါတယ်။
ယခုလည်း ကမ္ဘာကြီးတွင် တတိယ ကမ္ဘာစစ်ကြီး ဖြစ်မည့် စစ်ရိပ် စစ်ငွေ့တွေ ပေါ်ပေါက်လာပြန်ပြီ၊ ငါတို့ ကမ္ဘာကြီး အပျက် ကြီး ပျက်စီးရဦး တော့မယ်။ ဒါကြောင့် ကမ္ဘာ့ခေါင်းဆောင်ကြီး၏ ကမ္ဘာအေးတရားကို ကြားနာကြပြီး ကမ္ဘာငြိမ်းချမ်းရေးကို အောင်မြင်သည်အထိ စွမ်းစွမ်း တမံ ဆောင်ရွက်ကြပါလို့ မေတ္တာရပ်ခံပါသည်။
အလ္လာဟ်အရှင်မြတ်၏ ကောင်းချီးမင်္ဂလာသြဘာများသည် တမန်တော်မုဟမ်္မဒ်(ဆွ)သခင်အပေါ် အမြဲကျရောက်ပါစေသတည်း။

(
ဃာဇီ မုဟမ်္မဒ် ဟာရှင်မ်)
၁၉၅၀ခုနှစ် ၊ဒီဇင်ဘာလ၊(၂၂)ရက်

No comments:

Post a Comment