Saturday, June 9, 2012

ကျော်စွာ(၁၀၀)ထဲကနံပါတ်တစ်တမန်တော်မြတ်(ဆွ)

 ကျော်စွာတစ်ရာထဲက Micheal H.Hart ရဲ့ကိုယ်တော်မြတ်ပေါ်...အမြင်ပါ။

မုဟမ္မဒ်(ဆွ) ကိုကမ္ဘာ့ဩဇာအရှိဆုံး ပုဂ္ဂိုလ်ထဲမှာ ထိပ်ကထဲ့လိုက်တာကို.တစ်ချို့လဲအံ့ဩမယ်၊ တစ်ချို့လည်းဟုတ်ရဲ့လားကွဲ့လို့မေးခွန်းထုတ်မယ်။
သမိုင်းကိုပြန်ကြည့်ရင်ကိုးကွယ်ယုံကြည်မှုဘက်၊ပြည့်ရေးရွာမှုဘက်၊နှစ်ဘက်စလုံးမှာ အကြီးအကျယ်အောင်မြင်ခဲ့တဲ့ပုဂ္ဂိုလ် ဖြစ်တယ်။
အညတြအနေနဲ့က ကမ္ဘာ့အကြီးဆုံးယုံကြည်မှုတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ ယုံကြည်မှုကို ပေါ်ထွန်းစေခဲ့တယ်။ အင်မတန်တန်ခိုးဩဇာကြီးတဲ့ နိုင်ငံရေးခေါင်းဆောင်လည်း ဖြစ်ခဲ့တယ်။ကွယ်လွန်ခဲ့တာ နှစ်ပေါင်းထောင့်လေးရာရှိပေမယ့် မုဟမ္မဒ်ရဲ့ဩဇာကြီးမားရှင်သန်ဆဲ ရှိပါသေးတယ်။
ဒီကျမ်းထဲမှာပါတဲ့ပုဂ္ဂိုလ်အများဆုဟာ နိုင်ငံရေးအရ ဆုံလယ်လိုအချက်အချာဒေသ၊ဓလေ့အရာမှာလည်းအမြင့်ဆုံးဒေသ၊ ယဉ်ကျေးမှုဘက်မှာလည်း ဗဟိုဆိုတဲ့နေရာတွေမှာ မွေးဖွားခဲ့တဲ့ အချက်ဟာဒီပုဂ္ဂိုလ်တွေအတွက် အခြေခံကောင်းလို့ဆိုရမယ်။ ဒါပေမဲ့ မုဟမ္မဒ်ကို အဲ့ဒီအခါက စာပေကျမ်းဂန်၊အနုပညာနဲ့ရောင်းဝယ်ရေးမထွန်းကား၊မတိုးတက်တဲ့ အာရေဘိယ တောင်ဘက်မက္ကာမှာ၅၇၀ကမွေးဖွားခဲ့တယ်။ခြောက်နှစ်သားမှာမိဘမဲ့ကလေး ဖြစ်ရရှာပါတယ်။လူတန်းစေ့ရုံ အနိုင်နိုင်နေရတဲ့ဘဝမှာ ကြီးပြင်းခဲ့ရတယ်။အစ္စလာမ်အစဉ်အဆက်ပြောစကားအရ စာပေမတက်ကျွမ်းပါ။ အသက်နှစ်ဆယ့်ငါးနှစ်မှာ မုဆိုးမတစ်ဦးနဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ဒါပေမယ့်အသက်လေးဆယ်ကျော်အထိ သူ့ကိုနောင်ထင်ရှားကျော်ကြားလာမယ်လို့ ဘယ်သူမှထင်မှတ်ကြမည်မဟုတ်ပါ။

ဟိုတုန်းကအာရပ်အများစုဟာ မိစ္ဆာအယူရှိကြတယ်။ဘုရားပေါင်းစုံ ကိုးကွယ်တယ်။မုဟမ္မဒ်ဟာမက္ကာ
မှာဂျုး၊ခရိယာန်လူနည်းစုတွေဆီက စကြဝဠာတစ်ခုလုံးကို စီမံအုပ်ချုပ်တဲ့ တစ်ဆူတည်းသောဘုရား၊ရှိတယ်
လို့နာယူခဲ့ဖူးဟန်တူပါတယ်။အသက်လေးဆယ်မှာ ဒီစစ်မှန်သောဘုရား (Allah) ကတမန်တော်ကြီး
ဂဗရီရယ်မှတဆင့် အယူမှန်ကိုပျံ့နှံ့အောင်လုပ်ဖို့ သူ့ကိုရွေးချယ်တယ်လို့ သိရပါတယ်။

အစပထမသုံးနှစ်မှာ နီးစပ်ရာအရင်းနှီးဆုံး မိတ်သင်္ဂဟကိုပဲ ပြောဟောစည်းရုံးတယ်။ပြီးမှ၆၁၃လောက်
မှာလူအများတွေ့ဆုံပြီးတရားဟောပါတယ်။သူ့အယူဝါဒကို သက်ဝင်ယုံကြည်တဲ့သူ တဖြည်းဖြည်းများလာတဲ့
အခါ မက္ကာကိုအုပ်ချုပ်သူတွေက အန္တရာယ်ပေးမယ့် မနှစ်မြို့ဖွယ် အနှောင့်အယှက်တစ်ခုလို့ သတ်မှတ်
လိုက်တယ်။အဖမ်းအချုပ်လွတ်အောင် ၆၂၂မှာ မက္ကာကမြောက်ဘက်မိုင် ၂၀ဝအကွာ မဒီနာကိုတိမ်းရှောင်
ခဲ့ရတယ်။မဒီနာမှာ နိုင်ငံရေးအာဏာ အသင့်အတင့် ရရှိသူတစ်ဦး ဖြစ်လာပါသည်။
တိမ်းရှောင်တာကို ဟစ်ဂျရသ် (ံHijarah) ခေါ်ပါတယ်။ အဲဒီလိုတိမ်းရှောင်ခြင်းဟာ
ပရောဖက်(Prophet) ဘဝမှာ အတက်တစ်ကွေ့ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ မက္ကာမှာတုန်းကနောက်လိုက်
အသင့်အတင့်ရှိခဲ့ပါတယ်။ နှစ်နည်းနည်း အတွင်းမှာပဲ နောက်လိုက်ြွေခရံသင်းပင်း အများကြီးဖြစ်လာတယ်။
မဒီနာနဲ့ မက္ကာတို စစ်ပွဲအပြန်အလှန် အများကြီးတိုက်ခိုက်ကြရတယ်။ ၆၃၀ မှာမက္ကာကို စစ်အောင်နိုင်သူအ
ဖြစ်နဲ့ပြန်ရောက်ပါတယ်။မကွယ်လွန်မီ တစ်နှစ်ခွဲအတွင်းမှာ ယုံကြည်မှုအသစ်ကို အာရပ်မျိုးတူစုတွေ
(Arab Tribes) တစ်ဖွဲ့ပြီးတစ်ဖွဲ့ ကူးပြောင်းလာကြလို့ မုဟမ္မဒ် ကွယ်လွန်တဲ့ ၆၃၂ အခါမှာတောင်ဘက်အာရေဗျ
တစ်ခုလုံးကို ကောင်းစွာအုပ်စီးနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်လာပါတယ်။
အာရေဗျရဲ့ ဗေဒွိုင် (Bedouin ) လူမျိုးစုဟာ အင်မတန်ကြောက်စရာကောင်းတဲ့ အစီအစဉ်ကောင်းတဲ့၊
စစ်သည်တော်တွေလို့ထင်ရှားကျော်ကြားတယ်။ လူဦးရေကတော့နည်းတယ်။အချင်းချင်း မညီမညွတ်လို့နှစ်ဦးနှစ်
ဖက်စလုံး ပြုန်းတီးပျက်စီးကျဆုံးရတဲ့ စစ်ပွဲတွေဆင်နွှဲနေကြလို့၊သူတို့ရဲ့ မြောက်ဘက်က သူတို့ထက်အင်အားကြီးပြီး
စိုက်ပျိုးရေးနဲ့ အခြေတကျ ကြီးပွားနေတဲ့ နိုင်ငံတွေရဲ့ တပ်တွေကို မယှဉ်ပြိုင်နိုင်ခဲ့ကြပါ။ဒါပေမယ့် မုဟမ္မဒ် စုစည်း
ပေးလို့ သူတို့သမိုင်းတစ်လျှောက်မှာ အခုလို ညီညွတ်မှုကိုမရစဖူးရပြီး တစ်ဆူတည်းဖြစ်ပြီးစစ်မှန်သောဘုရား
(Allah)ကိုအပြင်းအထန်စွဲမြဲယုံကြည်စိတ်နဲ့ အာရပ်တပ်ငယ်လေးတွေဟာ လူ့သမိုင်းမှာအင်မတန်အံ့ဩစရာ
ကောင်းလောက်အောင် တစ်ခါထက်တစ်ခါ ပိုမိုအောင်မြင်တဲ့ပွဲစဉ်တွေကိုတိုက်ခိုက်ခဲ့ကြတယ်။အာရေဗျရဲ့အရှေ့
မြောက်ဘက်မှာ စက်စနစ်တွေရဲ့ပါရှအင်ပါရာသစ်ရှိတယ်။အနောက်ဘက်မှာ ကွန်စတန်တိနောပူကို ဗဟိုပြုတဲ့
ဗိုင်ဇန်တန်(ပြဖညေအငညန)ခေါ်တဲ့ အရှေ့ရောမအင်ပိုင်ရာရှိတယ်။ဂဏန်းအရေအတွက်ချပြီးပြောမယ်ဆိုရင် ဒီ
ရန်သူတွေကို အာရပ်တွေမယှဉ်နိုင်ပါ။လက်နက်နဲ့ယှဉ်ရတဲ့ စစ်ပွဲမှာတော့တစ်မျိုးပဲ၊ ယုံကြည်မှုနှိုးဆွထားတဲ့အာရပ်
တွေက ခပ်မြန်မြန်ပဲ မက်ဆိုပိုတေမိယ၊ဆီရိယနဲ့ ပါလက်စတိုင်း တို့ကိုသိမ်းယူနိုင်ခဲ့ပါတယ်။အီဂျစ်ကို ၆၄၂ မှာ ဗိုင်
ဇန်တန် အင်ပိုင်ယာထဲက ဖဲ့ယူခဲ့ပြီး၊ ပါသျှဆပ်တွေကို ၆၃၇ ကဒီစိယ စစ်ပွဲနဲ့၆၂၄ နေဟဗင်စစ်ပွဲတွေမှာခြေမှုန်း
နိုင်ခဲ့တယ်။ဒီနှစ်ပွဲဟာ အရေးအပါဆုံးပါပဲ၊

မိုဟမ္မဒ်နဲ့အရင်းနှီးဆုံး မိတ်ဆွေတွေဖြစ်ပြီး သူ့ကိုဆက်ခံသူတွေလည်းဖြစ်တဲ အဗူဗက္ကရ် နဲ့ အွန်မရ် တို့တွေ
ကကြီးမားလှတဲ့အောင်မြင်ပွဲတွေဆက်လုပ်ခဲ့တာမျှနဲ့လဲ အာရပ်ကြီးပွားတိုးတက်ရေးဟာ မရပ်သေးဘူး။အာရပ်တပ်
မကြီးတွေဟာမြောက်အာဖရိကကိုဖြတ်ပြီး အတ္တလန္တိတ်သမုဒ္ဒရာ ကမ်းခြေအထိ ၇၁၁မှာ နယ်မြေစိမ်းယူပွဲကြီးလုပ်
ပြီးနောက်မြောက်ဘက်ကိုဦးတည်ပြီး ဂျီဗရော်တာရေလက်ကြားကိုဖြတ် စပိန်က ဗီစီဂေါ့သ်နိုင်ငံကို လွှမ်းမိုးလိုက်
သေးတယ်။
ဥရောပရဲ့ခရစ်နိုင်ငံအားလုံးကို မွတ်စလင်ကဝါးမြိုတော့မလောက် စိုးရိမ်ရတဲ့အခြေရောက်လုဆဲဖြစ်ပြီးမှ
နာမည်ကျော်တိုးပဲမှာ ပြင်သစ်နိုင်ငံ အလယ်ပိုင်းအထိပေါက်မြောက်နေပြီဖြစ်တဲ့ မွတ်စလင်တပ်ကို ဖရန့်စ် တွေက
နိုင်လိုက်ပါတယ်။ဒီလိုတစ်ရာစုနှစ်ရာစုလောက် လှုပ်ရှားတိုက်ခိုက်ရုံနဲ့ ဗီဒိုရင်တွေဟာ တမန်တော်ရဲ့အားပေးစ
ကားမျှနဲ့ အိန္ဒိယတိုက်နယ်စပ်က အတ္တလန္တိတ်သမုဒ္ဒရာထိ ကျယ်ပြန့်တဲ့နယ်မြေကို ရယူနိုင်တာဟာအံ့ဩရမှာဖြစ်ပါ
တယ်။အခုထိကမ္ဘာမှာ ဒါလောက်ထိကျယ်ပြန့်တဲ့ အင်ပိုင်ယာမျိုးမမြင်ဘူးသေးပါဘူး။အဲဒါအပြင်သူတို့သိမ်းတဲ့နေ
ရာတိုင်းမှာ သူတို့အယူတွေကိုလူတွေအများကြီးက ပြောင်းယူကြတာကို တွေ့ရမှာဖြစ်ပါတယ်။
ဒီလိုအောင်ပွဲတွေပ ကြာရှည်မတည်မြဲပေမယ့် တမန်တော်အယူကိုဆက်လက်ခံယူခဲ့ကြတဲ့ အာရပ်လက်
အောက်ကလွတ်လပ်ရေးရ နိုင်ငံတွေရှိပါသေးတယ်။စပိန်မှာဆိုရင် အနှစ် ၇၀ဝ ကျော်တိုက်ရပြီးမှ ခရစ်အယူရှိသူ
တွေကကျွန်းဆွယ်တစ်ခုလုံးကိုပြန်ရပါတယ်။ရှေးအကျဆုံးယဉ်ကျေးမှုထွန်းကားတဲ့ မေဆိုပိုတေမိယနဲ့အီဂျစ်မှာလို
ပဲ အာရပ်နိုင်ဖြစ်တဲ့ မြောက်အာဖရိက ကမ်းခြေတစ်လျှောက်မှာလဲ ဒီအတိုင်းပဲတွေ့ရတယ်။ကိုးကွယ်ယုံကြည်မှုအ
သစ်ဟာ အဲဒီနောက်ရာစုနှစ်များစွာဆက်လက်ပျံ့နှံ့ခဲ့တယ်။စတင်တည်ထွန်းရာဒေသကနေ အများကြီးဝေးကွာတဲ့
အရပ်တွေကိုရောက်သွားပြီး အာဖရိကနဲ့အရှေ့အလယ်တွေမှာ ယုံကြည်သူသန်းပေါင်းများစွာရှိသလို၊ ပါကစ္စတန်
နဲ့အိန္ဒိယမြောက်ပိုင်း၊ပြီးတော့ အင်ဒိုနေရှမှာဆိုရင် အားလုံးစည်းလုံးပေါင်းစပ်မိအောင် ကိုးကွယ်ယုံကြည်မှုက
ဆောင်ရွက်ပေးနေပါတယ်။ အိန္ဒိယလို တိုက်ကြီးတစ်တိုက်နီးပါး ကြီးမျှပျယ်ပြန့်တဲ့နေရာမှာတော့ ဟိန္ဒူ၊ မွတ်စလင်
ပဋိပက္ခဟာ ညီညွတ်ရေးရဖို့ အကြီးမားဆုံးအဟန့်အတား ဖြစ်ခဲ့ပါတယ်။

No comments:

Post a Comment