Wednesday, June 20, 2012

အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲက မြန်မာ မွတ်စလင် တို့၏ မျိုးချစ် စိတ် ဓါတ်

သီပေါမင်းလက်ထက် ရွေးလက်ျာတပ်မှ ထိုးကွင်းမင်ကြောင်ဘောင်းဘီစွပ်နှင့် တွေ့ရသော တပ်မှူး ဦးရွှေဂုဏ် (အသက် ၇၆နှစ် အရွယ် ၁၃၀၀ပြည့်နှစ်က ရွှေဘိုခရိုင် ဘူးကြီးကျေးရွာတွင် ရိုက်ကူးပါသည်၊)
သီပေါမင်းလက်ထက် ရွေးလက်ျာတပ်မှ ထိုးကွင်းမင်ကြောင်ဘောင်း ဘီစွပ်နှင့် တွေ့ရသော တပ်မှူး ဦးရွှေဂုဏ် (အသက် ၇၆နှစ် အရွယ် ၁၃၀၀ပြည့်နှစ်က ရွှေဘိုခရိုင် ဘူးကြီးကျေးရွာတွင် ရိုက်ကူးပါသည်၊
အင်္ဂလိပ် တို့၏ စီးပွားရေး နယ်ချဲ့လာခြင်း၊ မြန်မာ့ နိုင်ငံ၏ သဘာဝ ရင်းမြစ် ပေါကြွယ်ဝမှုကို လက် ၀ါး ကြီး အုပ် လိုခြင်း၊ စ သည့် အကြောင်းများ ကြောင့် မြန်မာ တို့သည် အင်္ဂလိပ် တို့ နှင့် ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲ များဖြစ်ပွား ခဲ့သည်။ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ မှာ ၂နှစ် နီးပါးအထိ ကြာမြင့်ခဲ့ သည်။အာသံ၊မဏိပူရ၊ စစ်တကောင်း၊ တနသာင်္ရီ ၊မုတ္တမ၊ပဲခူး၊ ရန်ကုန်၊ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသနှင့် ပြည် စသည့် နောက်ပိုင်း ၊ စစ်မျက်နှာ များ တွင် လည်း အစ္စလာမ် ဘာသာဝင် များ ပါဝင် ပြီး နယ်ချဲ့ အင်္ဂလိပ် တို့ ကို တွန်းလှန် တိုက်ပွဲဝင်ခဲ့ သည်။
မြန်မာ့မြေ ၏ အဆီအနှစ် များကို ၀ါးမျိုစားသောက်လိုသော နယ်ချဲ့ ဗြိတိသျှ တို့က ၄င်းတို့၏ နယ်ချဲ့ အလံ ကို မြန်မာ ပိုင် ရှင် မဖြူ ကျွန်း ပေါ်တွင် စိုက်ထူကာ ကျူးကျော် စော် ကားလာ သည်မှ အစပြု၍ အိန္ဒိယ ဘုရင် ခံချုပ် လောဒ့် အမ်းဟတ်စ် က ၁၈၂၄ ခု မတ်လ ၅ရက်နေ့ အင်္ဂလိပ်မြန်မာ ပထမ စစ်ပွဲဖြစ်ပွား ခဲ့သည်။ စစ်ပွဲ၏ အဖွင့်  စစ် မျက်နှာ မှာ ရခိုင်ဖြစ် သည်။ အင်္ဂလိပ်တို့သည် ပန်း ၀ါဒေသအား စိုးမိုးလိုက်ကြ သည်။ မြန်မာ ဘက် မှစစ် သူကြီး မဟာဗန္ဒုလ၏ တပ်များနှင့် အတူ ရှမ်း စော်ဘွားများ ၊ မြို့စားနယ်စား များ ၊မင်းညီ မင်းသား များ ဦး ဆောင် သော ရှမ်း သွေးသောက် များ က တော တောင် လျှိုမြောင် အထပ်ထပ် ကိုဖြတ်ကျော်၍ ပန်းဝါဒေသ သို့ ချီ တက်ပြီး အပြင်း အထန် တိုက် ခိုက် ခဲ့ကြသည်။ ၁၈၂၄ ခု မေလ ၁၇ရက်နေ့နံနက် ၉နာရီ အချိန်တွင် ပန်း ၀ါ မြေ ကို ဗြိတိ သျှ တို့ လက် လွတ် ခဲ့ရသည်။ ပန်းဝါတိုက်ပွဲ သည် ကမ္ဘာ့ သမိုင်းဝင် တော်လှန်ရေး တိုက် ပွဲဖြစ်ခဲ့ သည်။
တဖန် အင်္ဂလိပ်တို့ ရန်ကုန်ကို သိမ်းပိုက် ထာြး့ပီဖြစ်ကြောင်း သိသောအခါ စစ်သူကြီး သတိုးသုဓမ္မ မဟာဗန္ဓုလ သည် စလင်း ဖြူ ကျွန်းသို့ ချီတက် လာသည်။ လှိုင်မြစ် ပေါက်မှော်ဘီ ကျွဲကူး ဆိပ် မှ တက်၍ ဂူကြီး ကျိုက်ကလို့ သို့ ချီတက် ဆိုက် ရောက် လာလေသည်။ ထို့နောက်ရန်ကုန်သို့ စစ်ကြောင်း ကြီးများခွဲ၍ ချီတက် တိုက်ခိုက် လေတော့သည်။
ဝန်ကြီး သတိုးမဟာဗန္ဓုလ သည် ကုလားတို့၏ ဗုံးအမြောက် တို့ကို လက်နက် မ မှတ် ရွှေထီးဖြန့် လျက် တပ်ထိပ် သို့လှည့် ကာ ပတ်ကာ မပြတ်သွားလာ ၏။ မြင်းနှင့် မြင်းစီး သူရဲ တို့ကို လှံရှေ အဲမောင်း စွဲကိုင်လျက် တပ်မှူး နေမျိုး ဂုဏ္ဏရတ် နှင့် မြင်း စီးရေ(၇၀) ကျော်တို့ မြင်းရေး ကစားစေသည်။”
(ကုန်းဘောင်ခေတ် မဟာရာဇ၀င်တော်ကြီး ဒုတိယတွဲ စာမျက်နှာ ၃၇၉-၃၉၂)
တပ်မှူးနေမျိုးဂုဏ္ဏရတ် ကားမည်သူပါနည်း
စစ်သူကြီး မဟာ ဗန္ဓုလနှင့်အတူ ပန်းဝါတိုက်ပွဲ၊ ၀က်ထီးကန်တိုက်ပွဲ ၊ တို့တွင် နယ်ချဲ့တို့ကို ရွပ်ရွပ် ချွံချွံ တိုက်ခိုက်တွန်း လှန်ခဲ့ သည့် အစ္စလာမ်ဘာသာဝင် မြင်းတပ်ဗိုလ် အဗ်ဒုလ်ကရင် (ခ) ခံဆပ် ဗိုလ် ဖြစ်သည်။
……. ဂေါ့တော့ ပုလ္လင် ၌ အင်္ဂလိပ် တို့ နှင့် တိုက်ကြရသည့် စစ်ပွဲတွင် အင်္ဂလိပ်တို့ ဘက်မှ မြင်းအလုံး အရင်းနှင့် စစ်ပါရီ အမှုထမ်း တစ်သောင်းကျော် ခန့်ဖြင့် ကြံ့ကြံ့ခံ ဆီးကြို နေသည် ကို ကျော် သူရွှေတော် နော်ရထာ၊ သံဝါဗိုလ် သူရအာဏာ ဘုရင် သီဟ နော်ရထာ၊ ရန်အောင် သိဟ နော်ရ ထာ၊ ခန်ဆပ်ဗိုလ် နေမျိုးဂုဏ္ဏရတ် တို့ကို မြင်းစီးရေ ၁၀၀ ကျော်နှင့် ရွှေ ထီးဖြန့် ကာ စစ်လျင် ကစားစေပြီးမှ ဗိုလ်မှူး တပ်မှူး ရဲမက်တော်သုံး တပ်သားတို့ကို တိုက်ခိုက်ကြရာ အင်္ဂလိပ် စစ်သည် အပေါင်း တို့ မခံမရပ်နိုင်ထွက်ပြေး ကြသည် ကို ရဲမတ်တို့က လိုက်လံ ထိုးခုတ် သစ်ညှစ်ကြရာ အင်္ဂလိပ် တို့နှင့် စစ်ပါရီ ကုလား အများ သေဆုံးသည်။ သေနတ်ငါးရာကျော် ၊ရထားတင် အမြောက် နှင့် သဘောင်္ မြင်းအစီးရေ ၂၀၀ ဆင် ငါးစီးရ လိုက်၏။
(ကုန်းဘောင်မင်းဆက် မဟာရာဇ၀င်တော်ကြီး ဒုတိယတွဲ စာမျက်နှာ ၃၇၆ -၃၇၇)

သီပေါမင်းလက်ထက် ရွေးလက်ျာတပ်မှဗိုလ်မင်း ဦးပြောင်း (အသက်၈၅ နှစ် အရွယ် ၁၃၀၀ပြည့်နှစ်က ရွှေဘိုခရိုင် ဘူးကြီးကျေးရွာတွင် ရိုက်ကူးပါသည်၊)

   မဟာဗန္ဓုလ ၏ညာလက်ရုံး နေမျိုးဂုဏ္ဏရတ် ခေါ် ခန်ဆပ်ဗိုလ် ဒိုကရင်

ဗဒုံမင်းတရား ခေါ် ဘိုးတော် ဦးဝိုင်းဘုန်းတော်စဉ် ၁၁၄၇ ခု ခြစ်ခြစ်တောက် ပူပြင်းသော နွေရာသီ နေရောင်အောက် ၌ ရတနာပူရ အ၀ နေပြည်တော် ၏ ပြလမ်း မကြီး ငယ် အသွယ် သွယ် တို့တွင်  ကျော၌ အထည်ထုပ်ကြီး ကိုပိုးလျက် လက် တစ် ဖတ် ၌ တလံသာသာရှိ ဒုတ်ကြီး တစ်ချောင်းကို ကိုင်ဆောင်ကာ အသား၊ ဂျုံသွေးရောင်၊ အသက် ၂၀ ခန့်ရှိ ပထန် လူမျိုး တစ်ယောက် သည် အသံမာကြီး ဖြင့် အထည်များကို လှည့်လည် အော်ဟစ် ရောင်းချ နေ သည်ကို တွေ့မြင်နိုင် ပေ သည်။
အနောက် တိုင်း ဖြစ် အထည် ချောများကို အသုံးပြုလိုကြသော နေပြည်တော် သူ နေပြည်တော် သားတို့မှာ သူရောက်လာ လျှင် အထူး ပီတီ ဖြစ်ကြ၍ သူထက်ငါ လုယက် ၀ယ်ယူကြသဖြင့် လက်မလည်နိုင် လောက်အောင်ပင် ရောင်းချနေ လျက်ရှိ ပေ သည်။ သူကလည်း အ၀မြို့တော် သို့ ရောက်လိုက်လျှင် အထူးပီတိဖြစ် လျက် မြို့တော်သူမြို့တော်သား တို့အား တစ် အိမ် တက် တစ်အိမ်ဆင်းနှုတ်ဆက်ရင်း ၀င်ထွက်လှည့်လည် အထည်များ ကို ရောင်းချလေတော့ သည်။ မြို့တော် သူမြို့ တော် သား များ ကလည်း ကလေးကအစ သူအားမြင်လိုက်လျှင် “ဒိုကရင် လာပြီ။ ဒိုကရင် လာပြီ ” ဟု ဆီးကြို နှုတ်ခွန်း ဆက်ကြ သည်။
သို့ဖြင့် ဒိုကရင်သည် အ၀နေပြည်တော် သူ နေပြည်တော်သား တို့၏ သိကျွမ်းခင်မင် သူ တစ်ယောက်ဖြစ် ခဲ့ သည်။ သို့သိ ကျွမ်း ခင် မင်ကြသူ တို့အထဲတွင် အိမ်နိမ့် စံ တော်ဘုရား၊ စစ်ကိုင်း မင်းသား၊ ကလေးနှင့် အထူးသိကျွမ်း ခင်မင်ပေသည်။ အိမ် နိမ့်စံ တော်ဘုရား လေးသည် ဒိုကရင်၏ အင်္ဂါ လက္ခဏာ နှင့်ရိုးသားရဲရင့် တည်ကြည်သော စကားတို့ကြောင့် လည်း ကောင်း၊ လျင်မြန်ဖျက် လက်ခြင်းနှင့် အားကိုးရာမဲ့ တစ်ဦးဖြစ်ခြင်းကြောင့် လည်းကောင်း၊ အထူးသ နား ချစ်ခင် မိတော့ သည်။ အဗ္ဗဒွလ် ကရင်မ် ခေါ် ဒိုကရင် ကလည်းတော်ဘုရားလေး၏ စံအိမ်တော်ကို တည်းအိမ်ပြု ကာ ၄င်းမှပင် လှည့်လည်၍ အ ထည် များကို ရောင်းချလေ့ရှိသည်။
တော်ဘုရားလေးသည် ဒိုကရင်၏ သွားလာနေထိုင်ပုံတို့ကို အမြဲအကဲခတ်လျက်ရှိနေပေသည်။ ဒိုကရင်ကား အိမ်တော် သို့ ရောက်လျှင် အားသောအချိန်များ၌ အငြိမ် မနေတက် ၊ တော်ဘုရားလေး ၏ စီးတော်မြင်းကို ကိုင်တွယ်ကျွေးမွေး ခြင်း ၊ သက် တော် စောင့် ကိုယ်ရံတော် အစုသား၊ အဆောင်တော် ကိုင်အစုသား တို့အား စနစ် တကျဖြစ်စေရန် နည်းနာနိ သျှများ ကို အကြံပေး ပြော ဆိုတိုက် တွန်း ခြင်း၊ စံအိမ်တော်  ၏ အတွင်း အပြင် အမှိုက်သရိုက် များကို လှဲခတ်ရှင်းလင်းခြင်း ၊စ သည့် ကိစ္စ တို့ဖြင့် အချိန်ကို အသုံးပြုပေ၏။ ထိုအချင်းအရာများကို တော်ဘုရား လေးသည် အထူးနှ စ် သက် သဘောကျ ပေ သည်။
တစ်နေ့ သောအခါ တော်ဘုရားလေးသည် ဒိုကရင်အား ရှေ့တော်သို့ ခေါ်၍ စံအိမ်တော် ၌ အဆောင်တော်ကိုင် အမှုတော် ထမ်း” အဖြစ် ဆောင်ရွက် ရန်မိန့်တော် မူလေ ၏။ ချစ်ခင်စွဲလမ်း ၍နေသော သူငယ်ချင်းတို့၏ စိတ်ဓါတ်သည် ခွဲခွာနေထိုင်ရ မည်ကို အလွန်ဝန်လေး တက်ပေသည်။ သို့နှင့် ဒိုကရင် ကလည်း တော်ဘုရားလေး ၏ အ မိန့်တော် ကိုနာခံ ဆောင်ရွက်ရန် အတွက် ဗမာပြည်၌ ရိုးမြေကျနေ ထိုင်ရန် သန္နိဌာန်ပြုလိုက်လေတော့သည်။ ထိုအခါမှစ၍ ဒိုကရင် သည် တော်ဘုရားလေး ၏ စံ အိမ်တော် အဆောင်တော်ကိုင် အမှုတော် ထမ်းဖြစ်လာလေသည်။
ဒိုကရင် သည် အဆောင်တော်ကိုင် အမှုတော် ကို ထမ်းရွက် ရသော အခါ ၌လည်း သူတစ်ထက် ထူးကဲ၍ ဆောင်ရွက် တက် ခြင်း၊ သခင်၏ အလိုကို ကြိုတင် သိမြင်တက်ခြင်း စသည်ဖြင့် လိမ္မာရေးခြား ရှိလှသောကြောင့် တော်ဘုရား လေး အ ထူး အရေး ပေးခြင်း ခံရပေ သည်။ တော်ဘု ရားလေး တင်မက အိမ်တော် သူအိမ်တော် သားများက ပင်ဒိုကရင်အားထူး ကဲ ချစ် ခင် ကြ၍ အရေး ပေးကြပေ သည်။
အိမ်နိမ့်စံ တော်ဘုရားလေးသည် ၁၁၁၈ ခု နှစ် ၌ အမြင့်စံတော်မူရသောအခါ “အရှင်မြင့် ကျွန်တင့် ” ဆိုသည့်စကားကဲ့သို့ အဆောင် တော်ကိုင် ဒိုကရင် အား စစ်ဗိုလ် ရာထူး ကို ချီးမြင့် ခန့်အပ်ပြန်သည်။ စစ်ဗိုလ်ကလေး ဒိုကရင် ကား စစ်သားများ အပေါ် ၌ စီမံ အုပ်ချုပ်ခြင်း ငယ်သား တို့အား ဖေါ်ရွေခြင်း၊ သဘောထားကြီးခြင်း၊ ငယ် သားတို့ ၏ ချစ်ခင်လေး စားခြင်း ခံ ရ ခြင်း တို့သည် ရပ်တည်၍မနေပဲ ရှေ့သို့ တိုးတက်မည့် ဒိုကရင်၏ အရည်အချင်း များပေတည်း။
ကသည်းအရေးတော်ပုံ
၁၁၈၂ ခုနှစ် ၌ လက်အောက်ခံ ကသည်းပြည် ပုန်ကုန်ခြားနားသဖြင့် တော်ဘုရားလေးခေါ် ဘကြီးတော် စစ်ကိုင်းမင်း ချီတက်နှိမ်နင်းရာ စစ်ဗိုလ်ကလေးဒိုကရင် လည်း သူ၏တပ်သား များ နှင့်အတူ ချီတက် နှိမ်နင်းရာစစ်ဗိုလ် ကလေး ဒိုကရင် လည်း သူ၏ တပ်သားများနှင့် အတူ ချီတက်ရလေ သည်။ဒိုကရင် သည် သက် စွန့်ကြိုး ပမ်း ရွံ့ရွံ့ ချွံချွံ ကွပ်ကဲတိုက်ခိုက်ရာ ကသည်း အရေးတော်ပုံ ကိုအောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့ပေသည်။ ဤသို့ စစ်ဗိုလ်ကလေး ဒိုကရင်သည် အမှုတော် ကိုသက် စွန့်ကြိုး ပမ်းဆောင် ရွက်ကြောင်း ဘကြီးတော်မင်း တရားကြားသိတော်မူလျှင် စစ်ဗိုလ်ကြီးရာထူးသို့ တိုးတက် ချီးမြင့်ခြင်း ခံရပြန် လေသည်။
ထိုအခါမှစ၍ စစ်ဗိုလ်ကြီး ဒိုကရင်အား “ခံတပ်ဗိုလ် ဒိုကရင်” ဟုခေါ်တွင်ကြလေသည်။ တဖန် ၁၁၈၃ ခုနှစ် တွင်အာသံဘုရင် စန္ဒြကန္တာရှိန်သည် အင်္ဂလိပ်များ ၏ သွေးထိုး မှုကြောင့် ပုန်ကုန်ခြား နား လေရာ ခံတပ်ဗိုလ် ဒိုကရင် အား မြင်းတပ်ကို ဦးစီးကွပ်ကဲ လျက်ချီတက်နှိမ် နင်းစေ ရာ အောင်မြင်ပြန်လေ သည်။ အာသံ ကပြန် လာ သော အခါ ယွန်း ပြည် သို့ သံအမတ် အဖြစ် စေလွှတ်ခြင်း ခံရခဲ့သည်။ ယွန်းပြည်၌ အမှုတော်ထမ်းရွက် ရာတွင် မင်း ၂ပါး၏ ချစ်ကြည် ရေး သည် အထူးအောင်ြ မင်ပေ သည်။ ယွန်းပြည်မှ နေပြည်တော် သို့ ပြန်လည်ရောက်ရှိ လာပြီးနောက် မကြာမီ အလ္လဟ် အရှင်မြတ် အမိန့်တော်ခံ ယူသွားလေ တော့သည်။
ထို့ကြောင့် ခံတပ်ဗိုလ် ဒိုကရင် အတွက် ဘကြီးတော် မင်းတရားသည် အထူးဝမ်းနည်း ကြေကွဲလျက် အသည်းစွဲကာ ကျန်ရှိခဲ့ပေ သည်။
ဝါးခယ်မ မောင်မင်းနိုင် ( လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းဝင် မြန်မာ မွတ်စလင်များ ) စာအုပ်မှ ကောက်နှုတ်ဖေါ်ပြသည်။
မြန်မာမွတ်စလင် သမိုင်း ဓါတ်ပုံများအား www.mmsy.org မှ တဆင့်ကူးယူဖေါ်ပြထားပါသည်။
မွတ်စလင် သတင်းစဉ် မှကူးယူဖော်ပြပါသည်။

No comments:

Post a Comment