Wednesday, September 19, 2012

လူသားနှင့်ဂျင်န်အားဖန်ဆင်းရခြင်း၏ရည်ရွယ်ချက်



အလ္လာဟ်အရှင်မြတ်သည်လူသားတို့အားနာခံဘ၀တည်ဆောက်ရန်ဖန်ဆင်းထားသည်ဆိုသည်မှာအကြွင်းမဲ့
အမှန်တရားတစ်ခုဖြစ်သည်။ဤသည်ကသာအလ္လာဟ်အရှင်၏အထူးဂရုဏာတော်ကိုခံစားစေရေးအတွက်လည်း
ဖြစ်ပါသည်။အလ္လာဟ်အရှင်၏ဂုဏ်တော်များကြောင့်ဤလောကကြီးသည်ထင်ရှားပေါ်လွင်လာရကာဤသို့ဖြစ်
ထွန်းလာရခြင်းကိုလည်းအကြောင်းမဲ့ပြုလုပ်ထားခြင်းမဟုတ်ကြောင်းကိုလည်းအတိအကျဖော်ပြထားပါသည်။
`ငါအရှင်သည်မိုးကောင်းကင်ကိုလည်းကောင်း၊ကမ္ဘာဂြိုဟ်ကိုလည်းကောင်း၊ယင်းနှစ်ခုကြား၌ရှိသည်တို့ကို
လည်းကောင်း..ကစားခုန်စားရန်ဖန်ဆင်းထားတော်မူသည်မဟုတ်ပေ´
`အကယ်၍ငါအရှင်မြတ်သည်အပျင်းပြေကစားရန်ရည်စူးခဲ့ပါလျှင်မိမိအထံတော်၌ရှိသည်တို့အနက်မှပင်ပြုလုပ်
တော်မူပေမည်´ (ကုရ်အာန် ၂၁း၁၇-၁၈)
သို့ဖြစ်၍အလ္လာဟ်အရှင်မြတ်သည်အဓိပ္ပါယ်မဲ့ခုန်စားရန်လူသားအပါအ၀င်လောကဓာတ်ကြီးတစ်ခွင်တစ်ပြင်ရှိ
သောအရာတို့အားဖန်ဆင်းထားခြင်းမဟုတ်ကြောင်းထင်ရှားပါသည်။သူ့၌ရှိသောအရာများနှင့်ကစားမည်ဟု
ဆိုလိုခြင်းမှာတင်စားသုံးနှုန်းထားခြင်းသာဖြစ်ပြီးအလ္လာဟ်သည်`အဆ်ွဆွမဒ်´ ဘာဆိုဘာမျှမလိုသောထာဝရပြီး
ပြည့်စုံသောအရှင်ဖြစ်ပါသည်။
`အကြင်နားလည်နိုင်စွမ်းရှိသည်များသည်စကြ၀ဠာအပေါင်းနှင့်ကမ္ဘာဂြိုဟ်ကိုဖန်ဆင်းထားခြင်းကိုစဉ်းစားဆင်
ခြင်၍ဖွင့်ဟကြွေးကြော်ကြသည်မှာအရှင်မြတ်သည်လောကာကြီးအားအဓိပ္ပါယ်မဲ့စွာဖန်ဆင်းထားခြင်းမဟုတ်ပါ။
အရှင်မြတ်သည်ချို့တဲ့ခြင်းအပေါင်းမှကင်းစင်တော်မူပါ၏´ (ကုရ်အာန် ၅၅း၇)
`ထိုအရှင်မြတ်သည်မိုးကောင်းကင်ကို(၇)ထပ်ပြုလုပ်တော်မူခဲ့ရာကရုဏာရှင်၏ဖန်ဆင်းမှု၌ပရမ်းပတာဖြစ်
သော၊စည်းစနစ်ကျနမှုကိုအသင်သည်တွေ့မြင်ရမည်မဟုတ်ပေ´ (ကုရ်အာန် ၆၇း၃)
`အသင်တို့သည်မိမိတို့အားငါအရှင်မြတ်ကအချည်းအနှီးအကျိုးမဲ့ဖန်ဆင်းထားတော်မူခဲ့သည်ဟူ၍လည်း
ကောင်း၊ထိုအရှင်မြတ်ထံတော်သို့ပြန်လည်ရောက်ရှိကြရမည်မဟုတ်ဟူ၍လည်းကောင်းထင်မှတ်ခဲ့ကြ
သလော´ (ကုရ်အာန် ၂၃း၁၁၅)
သို့ရှိရာဟန်ချက်ညီမှုဖြင့်အဓိပ္ပါယ်ရှိစွာဖန်ဆင်းထားသောလောကဓါတ်ကြီးအားဖန်ဆင်းထားခြင်း၏ရည်
ရွယ်ချက်ဒုတိယပိုင်းကိုကုရ်အာန်(၆၇း၃)၌ဖွင့်လှစ်ဟပြထားသည်မှာ`ရဟ်မာန်´ကရုဏာရှင်၏ဖန်ဆင်း
မှုဟုသုံးနှုန်းပြဆိုထားခြင်းပင်။အလ္လာဟ်အရှင်၌ကရုဏာနှင့်ပတ်သက်၍`ရဟ်မာန်`နှင့်`ရဟီးမ်´
ဂုဏ်တော်နှစ်ပါးရှိသည်။`ရဟ်မာန်´ဟူသည်သူဖန်ဆင်းသောဝေနေယျအားလုံးအပေါ်သို့ခြွင်းချက်မရှိ
ထားသောဂရုဏာမျိုးကိဆိုလိုပါသည်။သူ့အားယုံကြည်သူဖြစ်စေ၊မယုံကြည်သူဖြစ်စေ၊နာခံသူဖြစ်စေ၊
ကျေးဇူးကန်းသူဖြစ်စေ၊အားလုံးထံမှတစ်ဖက်သတ်ထားသောဂရုဏာပင်ဖြစ်သည်။`ရဟီးမ်´ဟူသည်
သူ့ကိုယုံကြည်နာခံသူတို့အားထပ်ဆောင်းပေးသည့်ဂရုဏာဖြစ်သည်။
`အို-သက်ဝင်ယုံကြည်သူအပေါင်းတို့၊အသင်တို့သည်အလ္လာဟ်သိစိတ်ဖြင့်ကောင်းမှုကိုဆောင်ပြီးမကောင်း
မှုကိုရှောင်ကာထိုအရှင်မြတ်၏တမန်တော်ကိုလည်းယုံကြည်လက်ခံကြပါလျှင်ထိုအရှင်မြတ်ထံတော်မှကရု
ဏာတော်ကိုနှစ်ဆချီးမြှင့်တော်မူမည်´ ( ကုရ်အာန် ၅၇း၂၈)
ဤအတွက်ကြောင့်ပင်လျှင်ကုရ်အာန်ကျမ်းမြတ်၌ဝေနယျအပေါင်းတိုကအပေါ်တစ်ဖက်သက်ထားသောဂရု
ဏာ`ရဟီးမ်´ထပ်ဆောင်းဂရုဏာကို (၁၁၅)ကြိမ်တိတိသုံးထားရာတွင်(၉း၁၂၈)၌ပါသော`ရဟီးမ်´တစ်
ကြိမ်မှာတမန်တော်မုဟမ္မဒ်(ဆွ)ကိုရည်ညွှန်းသုံးထားခြင်းသာဖြစ်ပေရာအလ္လာဟ်နှင့်ပတ်သက်၍သုံးသော
`ရဟိးမ်´မှာ(၁၁၄)ကြိမ်သာဖြစ်ရဲ့ `ရဟ်မာန်´(၅၇)ကြိမ်၏နှစ်ဆ(၅၇x၂)=၁၁၄ဖြစ်နေလေရာကုရ်အာန်
ကျမ်း၏အံ့ဖွယ်အလှတရားတစ်ခုကိုခံစားခွင့်ရပြန်ပါသည်။
သို့ရှိရာ`ရဟ်မာန်´ကရုဏာရှင်၏ဖန်ဆင်းမှုဟုသုံးထားသဖြင့်အလ္လာဟ်အရှင်သည်ဂျင်န်နှင့်လူသားတို့အား
ဖန်ဆင်းရခြင်းမှာတစ်ဖက်သတ်ဂရုဏာပေးရန်အတွက်လည်းဖြစ်ပြန်ပါသည်။
`ထိုအရှင်မြတ်သည်သေခြင်းနှင့်ရှင်ခြင်းကိုဖန်ဆင်းတော်မူခဲ့ရာသင်တို့၌မည်သူသည်ကျင့်မူရာ၌အကောင်း
ဆုံးဖြစ်သည်ကိုမှတ်ကျောက်တင်စမ်းသပ်ရန်အတွက်ဖြစ်ပေသည်´ (ကုရ်အနာ် ၆၇း ၂)
သို့ဆိုလျှင် အလ္လာဟ်သည်လူသားနှင့်ဂျင်န်တို့ကိုဖန်ဆင်းထားခြင်းမှာ (၁)သူ့အားနာခံဘ၀တည်ဆောက်
ရန်(၂)တစ်ဖက်သတ်ဂရုဏာပေးရန်(၃)စမ်းသပ်ရန်တို့ဖြစ်ကြောင်းတွေ့ရပေမည်။
အလ္လာဟ်သည်လူသားတို့အား--
(၁)စဉ်းစားချင့်ချိန်နိုင်သောဆင်ခြင်တုံပေးထားခြင်း(ကုရ်အာန် ၁၀း၁၀၀)
(၂)ကောင်းမှုနှင့်မကောင်းမှုကိုခွဲခြားတက်သောပင်ကိုယ်အသိပေးထားခြင်း(ကုရ်အာန် ၉၁း၈)
(၃)အမှား၊အမှန်ကိုဝေဖန်ပိုင်းခြားနိုင်ရန်ကျမ်းဂန်များပေးထားခြင်း(ကုရ်အာန် ၂း၁၈၉)
(၄)ထိုကျမ်းဂန်များကိုလိုက်နာနိုင်ကြစေခြင်းငှာလက်တွေ့ကျင့်သုံးပြပေးရန်နှင့်သင်ကြားပေးရန်တမန်တော်
များကိုစေလွှတ်ပေးထားခြင်း (ကုရ်အာန် ၂း၁၅၁၊၃၃း၂၁)
(၅)စဉ်းစားဆင်ခြင်သုံးသပ်နိုင်ရန်အတွက်လုံလောက်သောအချိန်ပေးထားခြင်း။(ကုရ်အာန် ၃၅း၃၇)
(၆)လမ်းမှန်နှင့်လမ်းမှားလမ်းနှစ်သွယ်ကိုလွတ်လပ်စွာလျှောက်လှမ်းခွင့် (FREE WILL) ပေးထားခြင်း
(၇)ဆိုခဲ့ပြီးသောအရာများကိုအပြည့်အ၀ခံစားရယူဆောက်တည်နိုင်စေရန်အတွက်လည်းအကောင်း
ဆုံးရပ်တည်နိုင်စွမ်းခွန်အားသတ္တိ`သတ်က်ဝီးမ်´ကိုလည်းပေးထားခြင်း
(၈)အထူးသဖြင့်အလ္လာဟ်အရှင်၏ဂရုဏာကိုတစ်ဖက်သတ်ရယူနိုင်သောမဟာအခွင့်အေ၇းကိုလည်း
ပေးထားခြင်း (ကုရ်အာန် ၇း၁၇၆၊၆း၁၂၊၆၇း၃)
(၉)ဖြစ်ပျက်ကြုံတွေ့ရသောပျော်ရွှင်ခြင်း၊၀မ်းနည်းခြင်း၊အောင်မြင်ခြင်း၊ဆုံးရှုံးခြင်းတို့အပေါ်ခံနိုင်ရည်စွမ်းအင်
ထူး`ဆွဗရ်´ကိုပေးထားခြင်း။ (ကုရ်အာန် ၂း၁၅၃)
(၁၀)အလ္လာဟ်သည်လူသားအားမိမိဂရုဏာတော်အဟုန်ကြောင့်ဝန်ကိုပေါ့ပါးစေရန်သာလိုလားတော်မူ
ခြင်း (ကုရ်အာန် ၄း၂၈)
(၁၁)ရူဟာနီအဖြစ်၌ပင်အလ္လာဟ်သည်လူသားနှင့်ပဋိညာဉ်ပြုထားပြီးဖြစ်၍လူသားသည်နာခံလိုက်နာရန်
လိုပါကအလ္လာဟ်အမိန့်တော်များကိုနာခံရာ၌အခက်အခဲတစ်စုံတစ်ရာမရှိဘဲလွယ်ကူစွာပင်လိုက်နာနိုင်စွမ်း
အားပေးထားခြင်း ( ကုရ်အာန် ၇း၁၇၂၊၂၂း၇၈)
(၁၂)အမှားပြုမိပါကလည်းအမှားကိုသိမြင်ကာဝန်ချတောင်းပန်မှုပြု၍ပြုပြင်ပါလျှင်လွတ်ငြိမ်းချမ်းသာခွင့်ပေး
ထားခြင်း။
စသည့်အချက်များဖြင့်အထပ်ထပ်ကာရံကာအကာအကွယ်ပေးပြီးမှသာလူသားနှင့်ဂျင်န်တို့အားအမှန်တရား
ကိုလက်ခံ၍ကောင်းရာပြုကျင့်သူကိုဂျန္နသ်၊အမှန်တရားကိုငြင်းဆန်ကာမကောင်းရာပြုသူအားဂျဟန္နမ်သို့
ဆင်းသက်စေခြင်းဖြစ်စဉ်သည်အလ္လာဟ့်ဘက်မှအလွန်ပင်မျှတလွန်းပါသည်။သို့ရှိရာအလ္လာဟ်သည်လူ
သားနှင့်ဂျင်န်တို့ကိုဖန်ဆင်းခြင်းမှာသူ့အားနာခံဘ၀တည်ဆောက်ရန်၊စမ်းသပ်ရန်၊ဂရုဏာပေးရန်အတွက်
ဖြစ်ပြီး ဂျန္နသ်နှင့်ဂျဟန္နမ်သို့ရောက်စေခြင်သည်အကျိုးဆက်သာဖြစ်ပါသည်။စာသင်ကျောင်းများဖွင့်လှစ်ရ
ခြင်း၏ရည်ရွယ်ချက်မှာ-ပညာတက်မြောက်ကာအသိအလိမ္မာရရှိစေရန်အတွက်ဖြစ်သော်လည်းကျောင်း
အားလုံးအနက်စာကြိုးစားသူများသာစာမေးပွဲအောင်သောအကျိုးဆက်ကိုခံစားရမည်ဖြစ်သည်။မကြိုးစား
သူတို့၏အကျိုးဆက်မှာစာမေးပွဲကျရှုံးခြင်းသာဖြစ်ပေရာကျောင်းသားအားလုံးစာမေးပွဲကိုမအောင်သဖြင့်
စာသင်ကျောင်းများဖွင့်လှစ်ခြင်း၏ရည်ရွယ်ချက်အထမမြောက်ဟုဆို၍ကားမရနိုင်ပါ။ဆိုလာပါကလည်း
အသုံးမ၀င်သောဆင်ခြေအဆင့်ထက်မပိုနိုင်ပါ။
အလ္လာဟ်အရှင်သည်ဖော်ပြပြီးသောအခွင်အရေးများ၊ဂုဏ်သတ္တိများ၊အရည်အချင်းများ၊စွမ်းရည်များ၊အခြေ
အနေကောင်းများပေးထားပါလျက် ဂျန္နသ်သို့မ၀င်ရောက်နိုင်ဘဲဂျဟန္နမ်သို့သက်ဆင်းရသည်မှာထိုဂျင်န်နှင့်
လူတို့၏မိုက်မဲမှုကြောင့်သာဖြစ်ပါသည်။
`သို့ဆိုပါကလူနှင့်ဂျင်န် တို့အားဂျဟန္နမ်အတွက်ဖန်ဆင်းထားခြင်းမဟုတ်ပါ။လူနှင့်ဂျင်န်တို့အနက်မိုက်မဲ
သာသူတို့အတွက်ဂျဟန္နမ်ကိုအကျိုးဆက်အဖြစ်ပြုပေးထားခြင်းသာဖြစ်သည်´(ကုရ်အာန် ၇း၁၇၉)
`ဧကန်အမှန်ကျွနိုပ်တို့အနက်အသိဥာဏ်ခေါင်းပါးသူများသည်အလ္လာဟ်အရှင်မြတ်နှင့်ပတ်သတ်၍လုံးဝမတ
ရားသောစကားများပြောဆိုလေ့ရှိခဲ့ကြသည်´ (ကုရ်အာန် ၇၂း၎)
အလ္လာဟ်အရှင်သည်လူနှင့်ဂျင်န်တို့ကိုမိမိအားနာခံကိုးကွယ်ရန်ဖန်ဆင်းထားသည်ဟုဆိုရာတွင်ထိုနာခံခြင်းမှ
တဆင့်အကျိုးထူးကိုရရှိခံစားစေရန်အတွက်သာလျှင်ဖြစ်တော့သည်။
`မည်သူမဆိုသွေဖည်ငြင်းဆန်ခဲ့ပါလျှင်၎င်း၏သွေဖည်မှုသည်၎င်အပေါ်၌သာကျရောက်ပေမည်။ထိုနည်းတူ
စွာမည်သူမဆိုကောင်းမြတ်သောအကျင့်သီလာကိုဆောက်တည်ခဲ့ပါမှု၎င်းတိုကအကျိုးငှာစီမံဆောင်ရွက်နေ
ကြခြင်းဖြစ်သည်´ (ကုရ်အာန် ၃၀း၄၄)
`စင်စစ်သော်ကား၊အသင့်အားမွေးမြူဖန်ဆင်းတော်မူသောအရှင်မြတ်သည်လိုလားတောင့်တခြင်းကင်းတော်မူ
သောအရှင်၊မဟာဂရုဏာတော်အရှင်ဖြစ်တော်မူပေတည်း´ (ကုရ်အာန် ၆း၁၃၃)
ဆရာစိန်ဌေးဟန်၏ `အမေးရှိလာထိုအခါ´ စာအုပ်မှမေးခွန်းနံပါတ် (၉)ကိုကူးယူဖော်ပြပါသည်။