Friday, June 22, 2012

အမျိုးသမီးတမန်တော်ရှိ/မရှိ


အမျိုးသမီးတမန်တော်ရှိ/မရှိ
စိုင်မာကာဒ်ရီ။    ။ အတ်စ်လာမို့အလိုင်းကွန်းမ်။ အစ္စလာမ်၌ အမျိုးသမီးတမန်တော် (Prophets)များ အဘယ်ကြောင့် မရှိရပါသနည်း။
ဒေါက်တာဇာကိရ်။    ။နှမတော်မှ မေးခွန်းတစ်ခု မေးမြန်းလာပါသည်။ ယင်းမှာ အစ္စလာမ်၌ အမျိုးသမီးတမန်တော်များ (Prophets)အဘယ်ကြောင့် မရှိရပါသနည်း။ အသင့်အနေနှင့် (Prophets)၏ အဓိပ္ပါယ်အား လူသားတစ်ဦးသည် ၀ဟီ ဗျာဒိတ်တော်အား လက်ခံရရှိသည်။ ထို့ပြင် လူသားများ၌ ဦးစီးခေါင်းဆောင် အဖြစ် လမ်းညွှန်မှု ပြုလေသည်ဟုဆိုလိုလျှင် ကျွန်ုပ်မှ အစ္စလာမ်သည် မည်သည့် အမျိုးသမီးတစ်ဦးတစ်ယောက်ကိုမျှ တမန်တော် (Prophets)များအဖြစ် မချီးမြှင့်ထားပါဟု အခိုင်အမာပြောနိုင်ပါသည်။
ကျမ်းမြတ်ကုရ်အာန်တွင် ယောက်ျား(အမျိုးသား)သည် မိသားစု၏ အိမ်ထောင်ဦးစီးဖြစ်သည်ဟု ရှင်းရှင်း လင်းလင်း ဖော်ပြထားပေသည်။ ထို့ကြောင့် မိသားစုတစ်ခုတွင်တောင် အမျိုးသားများသည်သာ အိမ်ထောင်ဦးစီးဖြစ်သောကြောင့် အမျိုးသမီး တစ်ယောက်အနေနှင့် လူသားများအား အဘယ်ကဲ့သို့  ဦးစီးဦးဆောင်ပြုနိုင်မည်နည်း။ ဒုတိယအပိုင်းကိုဆိုရသော် (Prophet) တမန်တော်တစ်ပါးသည် မပြုမနေရ ဖရ်သ်ွဆွလာတ်များကို ဦးဆောင်ဝတ်ပြုရပေမည်။ ထို့ကြောင့် ကျွန်ုပ်အရှေ့ပိုင်း၌ ဟောပြောတင်ပြခဲ့သကဲ့သို့ အမျိုးသမီးတမန်တော်များသည် ကိယမ်(မတ်တပ်ရပ်ခြင်း)၊ ရူကူ (ဦးညွတ်ခြင်း)၊ စုဂျူဒ်(ပျပ်ဝပ်ဦးချခြင်း)တို့ကို ရှေ့မှနေ၍ ပြုမူမည်ဆိုပါက နောက်ဖက်၌ ဆွလာတ်ဝတ်ပြုဆောက်တည်သူများတွင် အနှောင့်အယှက်ဖြစ်သွားပေလိမ့်မည်။
တမန်တော်များအနေနှင့် အခြေအနေအရပ်ရပ်ကြောင့် အမျိုးသားများနှင့် တွေ့ဆုံရပေမည်။  အကယ်၍ အမျိုးသမီးတစ်ဦးသည် တမန်တော်ဖြစ်မည်ဆိုပါက (အဘယ်ကဲ့သို့ တစ်စိမ်းအမျိုးသားများနှင့် ရောနှော ဆက်ဆံနိုင်မည်နည်း။) အကြောင်းမူကား အစ္စလာမ်၌ ကျား၊မ ရောနှောနေထိုင်မှုကို ခွင့်မပြုပေ။ တမန်တော်များသည် အမျိုးသမီးတစ်ဦးဖြစ်မည်ဆိုလျှင် အကယ်၍ ယင်းအမျိုးသမီး၌ အမျိုးသမီးသဘာဝ ကိုယ်ဝန်ရှိနေမည်ဆိုပါက ၎င်းသည် အနည်းငယ် ၎င်း၏ တာဝန်များက  ထမ်းဆောင်နိုင်လိမ့်မည်မဟုတ်။ ထို့ပြင် ယင်းအမျိုးသမီး၌ သားသမီးများရှိနေမည်ဆိုလျှင် ၎င်းင်းသည် မိခင်တစ်ယောက်၏ တာဝန်များကို ထမ်းဆောင်ရသကဲ့သို့ တမန်တော်များ၏ တာဝန်များကို ထမ်းဆောင်ရန် ခဲယဉ်းပေလိမ့်မည်။ အမျိုးသမီး တစ်ယောက်၌ မိခင်တာဝန်များကို ထမ်းဆောင်ရင်း တမန်တော်၏ တာဝန်များကို ထမ်းဆောင်ရန် ခဲယဉ်းသော်လည်း အမျိုးသားတစ်ယောက်မှာမူ ၎င်း၏ ဖခင် တာဝန်များကို ထမ်းဆောင်လျက် တမန်တော်တစ်ပါး၏ တာဝန်များကိုလည်း ထမ်းဆောင်နိုင်ပေသည်။
သို့သော် အသင့်အနေနှင့် Prophet ၏ အဓိပ္ပါယ်အား ရွေးချယ်ခြင်း ခံရသောသူ၊ မြင့်မြတ်သန့်ရှင်းသူဟု ဆိုလိုပါလျှင် အစ္စလာမ်တွင် အမျိုးသမီး တမန်တော် ဥပမာများစွာရှိပါသည်။ ကျွန်ုပ်အနေနှင့် ညွှန်းဆိုလိုသည့် အကောင်းဆုံး ဥပမာမှာ ဘီဘီမရ်ယာမ်ပင်ဖြစ်ပါသည်။ အီမ်ရာမ်မျိုးနွယ်ကဏ္ဍ၊ ကျမ်းပိုဒ် (၄၂)တွင်
တဖန် (သတိရကြလေကုန်) တရံရောအခါ၊ မလာအိကဟ် ကောင်းကင် စေတမန်များက (မရ်ယမ် သခင်မအား) အို-“မရ်ယမ်မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အသင့်အား ရွေးချယ်မြှောက်စားတော် မူခဲ့လေပြီ။ မနှစ်မြို့ဘွယ်ရာသော အကြာင်းအရာများမှလည်း ကင်းရှင်းစေတော်မူခဲ့လေပြီ။ ၄င်းအပြင်  (ယခုတဖန်) အသင့်အား စကြာဝဋ္ဌာ အပေါင်းရှိ အမျိုးသမီးများတွင်လည်း ရွေးချယ်မြှောက်စားတော်မူခဲ့လေပြီဟု ပြောကြားခဲ့ကြလေသည်။”   (၃း၄၂)
အသင့်အနေနှင့် Prophet ၏ အဓိပ္ပါယ်အား ရွေးချယ်ခြင်းခံရသောသူ၊ မြင့်မြတ်သန့်ရှင်းသူဟုနားလည်ထားလျှင် ကျွန်ုပ်တို့တွင် တမန်တော် အီဆာ(عليه الصلاة و السلام)၏ မယ်တော် ဘီဘီမရ်ယာမ် (عليها الصلاة و السلام)၏ ဥပမာရှိပါသည်။ အသင်သည် မြစ်တားခြင်းကဏ္ဍ၊ ကျမ်းပိုဒ် (၁၁)ကို ဖတ်ရှု ကြည့်မည်ဆိုလျှင်
ထိုနည်းတူစွာ အလာဟ်အရှင်မြတ်သည် မုအ်မင်န်သက်ဝင် ယုံကြည်ကြကုန်သောသူတို့၏ အကျိုးငှာ ဖစ်ရ်အောင်န်၏ ဇနီးကြင်ရာကို ဥပမာအဖြစ် ခိုင်းနှိုင်း မိန့်ကြားတော်မူခဲ့၏။ တစ်ရံရောအခါဝယ် ထို ဖစ်ရ် အောင်န်၏ ဇနီးကြင်ရာသည် (ဤသို့) လျှောက်ထားပန်ကြားခဲ့လေ၏။ အို-ကျွန်တော်မျိုးမအား ဖန်ဆင်းမွေးမြူတော် မူသောအရှင်၊  အရှင်မြတ် သည် မိမိထံတော်ပါး၌ ဂျန္နတ်သုခဘုံတွင် ကျွန်တော်မျိုးမအဖို့ နေအိမ် တစ်လုံးကို ပြုလုပ်၍ ပေးသနားတော်မူပါ။ ၄င်းပြင် အရှင်မြတ်သည် ကျွန်တော်မျိုးမအား ဖစ်ရ်အောင်န်နှင့် ၄င်း၏အကျင့်အမူတို့မှ လွတ်မြောက်စေတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးမအား မတရားသော အမျိုးသားတို့မှလည်း လွတ်မြောက်စေတော်မူပါ။ ” (၆၆း၁၁)
စဉ်းစားကြည့်စမ်းပါ။ သခင်မကြီးသည် ယင်းခေတ် ယင်းအခါ၌ အင်အားအကြီးမားဆုံး ဘုရင်တစ်ပါး၏ ကြင်ယာတော် ဇနီးဖြစ်ခဲ့သည်။ ထို့ပြင် သခင်မကြီးသည် (လောက၏) စည်းစိမ်ချမ်းသာများဖြင့် ဇိမ်ခံမှုကို ငြင်းပယ်စွန့်လွှတ်၍ အလ္လာဟ်အရှင်မြတ်၏ ထံတော်ပါး၌ ဂျန္နသ်သုခဘုံတွင် နေအိမ်တစ်လုံးကို ရရှိရန် ဆုတောင်း ပတ္တနာပြုခဲ့လေသည်။ အစ္စလာမ်၌ ယင်းကဲ့သို့ မွန်မြတ်သန့်ရှင်းသော ရွေးချယ်ခြင်း ခံရသော အမျိုးသမီး(၄)ဦးရှိသည်။ ၎င်းင်းတို့မှာ (၁) ဘီဘီမရ်ယမ် (عليها الصلاة و السلام)() ဘီဘီအာစီယာ(عليها الصلاة و السلام)
(
) ဘီဘီဖာတိမာဟ်(رضي الله تعالي عنها) ()ဘီဘီ အာအိရှာဟ် (رضي الله تعالي عنها)တို့ ဖြစ်သည်။
ဘာသာပြန်ဆိုသူ :: ဆရာမကြီးဒေါက်တာလှလှင်း

အမျိုးသမီးအနေနှင့်နိုင်ငံ့အကြီးအကဲဖြစ်နိုင်/မဖြစ်နိုင်


အမျိုးသမီးအနေနှင့်နိုင်ငံ့အကြီးအကဲဖြစ်နိုင်/မဖြစ်နိုင်
အိလီးယပ်(စ်)(ကျောင်းသား)    ။အမျိုးသမီးတစ်ယောက်မှ နိုင်ငံတော် အကြီးအကဲ ဖြစ်နိုင်ပါသလား။

ဒေါက်တာ ဇာကိရ်နိုက်(ခ်)     ။ကျွန်ုပ် သိသလောက် ကျမ်းမြတ်ကုရ်အာန်၏ မည်သည့် နေရာတွင်မှ အမျိုးသမီးတစ်ယောက်သည် နိုင်ငံတော်၏အကြီးအကဲ မဖြစ်နိုင်´´ဟု ဖော်ပြထားချက်မရှိပါ။ သို့သော်လည်း ဟဒီးဆ်တော်များတွင်ကား အမျိုးသမီးမှ နိုင်ငံတော်အကြီးအကဲ မဖြစ်သင့်ဟူသော သဘောရောက်သည့် ဖော်ပြချက်မျိုးများရှိသည်။ ဥပမာ-ဟဒီးဆ်တော်တစ်ခုတွင် အမျိုးသမီးခေါင်းဆောင် ရှိသော လူ့အဖွဲ့အစည်းသည် အောင်မြင်လိမ့်မည်မဟုတ်။´´ အထက်ဖော်ပြပါ ဟဒီးဆ်တော်နှင့်ပတ်သက်၍ အချို့သောပညာရှင်များက ဆိုကြသည်မှာ အထက် ဖော်ပြပါဟဒီးဆ်တော်သည် ကာလတစ်ခု အချိန်တစ်ခုအတွက် ဆိုလိုခြင်းသာဖြစ်သည် ဟူ၏။ အထူးသဖြင့် ထိုကာလသည် ပါရှန်းအင်ပါယာ (ယခု အီရန်)တွင် အမျိုးသမီးဘုရင်မ ရှိခဲ့သောကာလဟု ဆိုလိုသည်။ ၎င်းင်းဟဒီးဆ်တော်သည် အချိန်ကာလ အားလုံးအတွက် မဆိုလိုပါဟူ၍လည်းပြောကြပြန်သည်။
ကျွန်ုပ်တို့အနေနှင့် အမျိုးသမီးတစ်ဦးသည် နိုင်ငံခေါင်းဆောင် ဖြစ်သင့် မဖြစ်သင့်ဟူသောအချက်နှင့် ပတ်သက်၍ ခွဲခြမ်းစိတ်ဖြာလေ့လာကြည့်ကြပါစို့။ အကယ်၍ အမျိုးသမီးတစ်ဦးသည် အစ္စလာမ့်နိုင်ငံတော်တစ်ခု၏ ခေါင်းဆောင် ဖြစ်သည်ဆိုကြပါစို့။ အစ္စလာမ်နိုင်ငံတွင် နိုင်ငံ့ခေါင်းဆောင်သည် ဖွရ်(သွ်)နာမားဇ် (မဖြစ်မနေ၀တ်ပြု တည်ဆောက်ရသောဆွလားသ်) ၀တ်ပြုခြင်းကို အီမာမ်အဖြစ် ဦးဆောင်ရန် လိုအပ်သည်။ အကယ်၍ အမျိုးသမီးတစ်ယောက်သည် ဖွရ်(သွ်)ဆွလာတ် တိုင်းကို ဦးဆောင်ရမည်ဆိုလျှင် သူမအနေနှင့် ဆွလာတ်အတွင်းရှိ ခန္ဓာကိုယ်၏ အမျိုးမျိုးသော အနေအထားများအတိုင်း ပြုမူလှုပ်ရှားရန် လိုအပ်သည်။ အစ္စလာမ်၏ ဆွလားသ်ဝတ်ပြုမှုတွင် ကိယာမ်ရပ်ခြင်း၊ ရူကူဦးညွတ်ခြင်း၊ စဂျိဒါဟ် ပျပ်ဝတ်ဦးချခြင်း တို့ကို ပြုလုပ်ရန် လိုအပ်ပါသည်။ အကယ်၍ အမျိုးသမီးတစ်ဦးသည် အထက်ဖော်ပြပါ ဆွလာသ်အတွင်းရှိ လှုပ်ရှားမှုများကို ၀တ်ပြုသူ အမျိုးသားများ၏ရှေ့တွင် ပြုလုပ်မည်ဆိုပါက ထိုအမျိုးသားထုအတွက် အနှောင့်အယှက်ဖြစ်မည်ဟု ကျွန်ုပ်အသေအချာ ပြောရဲပါသည်။
အကယ်၍ အမျိုးသမီးတစ်ဦးသည် ယနေ့ ကျွန်ုပ်တို့ တွေ့ကြုံရင်ဆိုင်နေရသော ခေတ်သစ်လူ့အဖွဲ့အစည်း၏ ခေါင်းဆောင်တစ်ဦးဖြစ်သည်ဆိုပါစို့။ အားလုံးသိရှိပြီးသည့်အတိုင်း နိုင်ငံ့ခေါင်းဆောင်တစ်ဦးသည် အခြားသော နိုင်ငံ့ခေါင်းဆောင်များနှင့် အကြိမ်ပေါင်းများစွာ တွေ့ဆုံနှုတ်ဆက်ရမည်ဖြစ်ပါသည်။ နိုင်ငံ့ခေါင်းဆောင်အများစုမှာ အမျိုးသားများဖြစ်ကြပါသည်။ ထို့ပြင် အကြိမ်ပေါင်းများစွာ တံခါးပိတ် ဆွေးနွေးပွဲများလည်း ပြုလုပ်ရမည်ဖြစ်ပါသည်။ ထိုအချိန်ခါမျိုးတွင် မည်သူတစ်ဦးတစ်ယောက်မှ ၀င်ခွင့်ပြုမည်မဟုတ်။ အစ္စလာမ်တွင် အမျိုးသမီးတစ်ဦးအား Non- Muharam ခေါ်  လက်ထပ်ခွင့်ရှိသောယောက်ျားများနှင့် နှစ်ယောက်တည်း နေထိုင်ရန် ခွင့်မပြု။ တစ်နည်းဆိုသော် အစ္စလာမ်တွင် ဖိုမ အတူတကွ ရောနှောနေထိုင်ခြင်း ကို ခွင့်မပြု။
ထို့ပြင် နိုင်ငံ့ခေါင်းဆောင်တစ်ဦးအနေနှင့် ပြည်သူ လူထုနှင့်တွေ့ဆုံမှု၊ သွားလာမှုများနှင့် ပတ်သက်၍ အကြိမ်ပေါင်းများစွာ ဓါတ်ပုံ၊ ဗီဒီယိုစသည်တို့ဖြင့် မှတ်တမ်းတင်ခံရဖွယ် ရှိသည်။ ၎င်းင်းခေါင်းဆောင်အနေနှင့် မိမိနှင့် တွေ့ဆုံရသော နိုင်ငံခေါင်းဆောင်များနှင့် အခြားသော လူကြီးလူကောင်းများ၊  လူပုဂ္ဂိုလ်များနှင့် တွဲပြီးရိုက်ထားသော ဓါတ်ပုံများ၊ ဗီဒီယို တိတ်ခွေများကိုလည်း ထိန်းသိမ်းရပေမည်။ ဥပမာ- အမျိုးသမီး နိုင်ငံ့ခေါင်းဆောင်တစ်ဦးဖြစ်သော မာဂရက်သက်ချာ (ဗြိတိန် နိုင်ငံဝန်ကြီးချုပ်ဟောင်း)ကို ကြည့်ကြပါစို့။ သူမသည် များစွာသော ဓါတ်ပုံများ၊ ဗီဒီယိုမှတ်တမ်းများအတွင်း၌ အခြားသော နိုင်ငံ့ခေါင်းဆောင်များ၊ လူပုဂ္ဂိုလ်များနှင့် လက်ဆွဲ နှုတ်ဆက်နေသည်ကို တွေ့ရပေမည်။ အစ္စလာမ်မှ အမျိုး သမီးတစ်ဦးအား သူစိမ်းယောက်ျားများနှင့် လက်ဆွဲ နှုတ်ဆက်ခွင့်မပြု။ သာမန်လူသားများ အနေနှင့်ပင် လူတစ်ဦးနှင့်တစ်ဦး တွေ့ဆုံရာတွင် လက်ဆွဲနှုတ်ဆက်ဖို့လိုလျှင် နိုင်ငံ့ခေါင်းဆောင်အနေနှင့် ပို၍နှုတ်ဆက်ရပေမည်။ နိုင်ငံ့ခေါင်းဆောင်ဖြစ်သူ အမျိုး သမီးအနေနှင့် သာမန်လူများနှင့်လည်း တွေ့ဆုံ၍ သူမ၏ ပြဿနာများကို ဖြေရှင်း ရပေလိမ့်မည်။
သိပ္ပံပညာရပ်မှ သိလာကြရသည့်အချက်မှာ အမျိုးသမီးများသည် အမျိုးသမီး သဘာဝဓမ္မတာလာကြသည့်အချိန် (မီးယပ်သွေးဆင်းသည့်ကာလ)တွင် ၎င်းင်းတို့၏ မဟော်မုန်းများ ထွက်မှုကြောင့် ၎င်းင်းတို့၏ စိတ်ပိုင်းဆိုင်ရာနှင့် ဥာဏ်ရည်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ ကြောင့် အပြုအမူပိုင်းဆိုင်ရာပြောင်းလဲမှုများ ဖြစ်ပေါ် တတ်ကြသည်။ ထို့ကြောင့် ခေါင်းဆောင် အမျိုးသမီးတစ်ဦးအား ဓမ္မတာကာလတွင် ဖြစ်ပေါ်သည့် ပြောင်းလဲမှုများက သူမ၏နိုင်ငံနှင့်ဆိုင်သည့် ဆုံးဖြတ်ချက်များ ချမှတ်မှု ပြုရာတွင် ရှုတ်ထွေးမှုများ ဖြစ်ပေါ်လာနိုင်သည်။ ထို့ပြင် ယနေ့ သိပ္ပံပညာအရ ကျွန်ုပ်တို့သိရှိလာရသည်မှာ နှုတ်မှုရေးရာတွင် အမျိုးသမီးများက အမျိုးသားများ ထက်သာပါသည်။ သို့သော် အမျိုးသားများတွင် သာပိုင်ဆိုင်သော ထူးခြားသည့် အရည် အချင်းများမှာ အရာဝတ္ထုများနှင့်ပတ်သက်၍ တွေးတော မှန်းဆမှု၊ အနာဂါတ်ကို ကြိုတင်မျှော်မှန်းမှု၊ အနာဂါတ်တွင် လုပ်ဆောင်ရမည့်လုပ်ငန်းများကို ကြိုတင် မှန်းဆမှုများတွင် ကောင်းမွန်စွာ တွေးတော ဆင်ခြင် ခန့်မှန်းနိုင်မှုများ ဖြစ်သည်။  ဤထူးခြားသည့် အရည်အသွေးများသည် နိုင်ငံ့ခေါင်းဆောင် တစ်ဦးအတွက် အရေးကြီးပါသည်။
အမျိုးသားများထက် တပန်းသာသောအချက်မှာ အမျိုးသမီးများတွင် ချိုသာ ပျော့ပြောင်းစွာ ပြောဆိုနိုင်သည့် စွမ်းရည်ရှိခြင်းဖြစ်သည်။ ဤသည် သူမ၏ မိခင်ဖြစ်ခြင်းဟူသော အခြေအနေအတွက် အရေးကြီးသော အရည်အသွေးတစ်ရပ် ဖြစ်သည်။ အမျိုးသမီးသည် အိမ်ထောင်ရှင်ဖြစ်ပါက ပဋိသန္ဓေ ဆောင်ရမည်ဖြစ်၍ လအတန်ကြာ အနားယူရမည်ဖြစ်သည်။ ထိုလများအတွက် မည်သူက တိုင်းပြည်အတွက် တာဝန်ယူမည်နည်း။ အမျိုးသမီးသဘာဝ သားဖွားပြီး၍ မိခင်ဖြစ်လာသောကာလတွင် သူမ၏ မိခင်တာဝန်သည် အရေးကြီးလာပေမည်။ အမျိုးသမီးများသည် မိခင်တာဝန်နှင့်  နိုင်ငံ့တာဝန်ကို တစ်ပြိုင်တည်း ထမ်းဆောင်မှုတွင် မနိုင်မနင်းဖြစ်နိုင်သော်လည်း အမျိုးသားများမှာမူကား ဖခင်တာဝန်နှင့် နိုင်ငံ့တာဝန်ကို ထမ်းဆောင်နိုင်ခြင်းတွင် နိုင်နင်းနိုင်ယုံမျှမက ပို၍ လက်တွေ့ကြပေသည်။
ထို့ကြောင့် ကျွန်ုပ်အနေနှင့် အမျိုးသမီးသည် နိုင်ငံ့ခေါင်းဆောင် နေရာတွင် မယူသင့်၊ မရှိသင့်ဟူသော ဖော်ပြပါပညာရှင်များအယူအဆဘက်သို့ ပို၍ယိမ်းယိုင် သဘောကျပါသည်။ ဤသို့ဆိုစေကာမူ အမျိုးသမီးမှ ဆုံးဖြတ်ချက်များ ချရာတွင် မပါဝင်ရ´´ဟု မဆိုလိုပါ။ ကျွန်ုပ်၏ တင်ပြမှုတွင် ပါဝင်ခဲ့ပြီးသည့်အတိုင်း၊ သူမတို့တွင် မဲပေးပိုင်ခွင့်၊ ဥပဒေပြုပိုင်ခွင့်များရှိပါသည်။ ဟူဒိုင်ဗီယာစာချုပ်ချုပ်စဉ်ကာလက မွတ်စ်လင်မ်လူ့အဖွဲ့အစည်းတစ်ခုလုံး နှောင့်ယှက်ဖျက်စီးခြင်းခံရသော အချိန်တွင် အွမ္မေ့စလ်မာဟ် (رضي الله تعالي عنها)မှ တမန်တော်မြတ်ကြီး(صلي الله عليه و سلم)အား ကူညီအားပေးမှုများ ပြုလုပ်ခဲ့သည်။ သင်သိပြီးသည့်အတိုင်း များစွာသောနိုင်ငံများတွင် နိုင်ငံတော်သမ္မတ(သို့) ၀န်ကြီးချုပ်များသည် နိုင်ငံ၏ အကြီးအကဲခေါင်းဆောင်များ ဖြစ်ကြ သော်လည်း ၎င်းတို့၏ P.A နှင့် အတွင်းရေးမှူးများကသာ ဆုံးဖြတ်ချက်ချသည်က များပါသည်။ ထို့ကြောင့် အမျိုးသမီးသည် နိုင်ငံ့အရေးကိစ္စများနှင့် ပတ်သက်သော ဆုံးဖြတ်ချက်များချရာတွင် ကူညီနိုင်ပေသည်။ ဤဖြေရှင်းချက်မှာ ညီနောင်မှ မေးသောမေးခွန်းအတွက် အဖြေဖြစ်သည်ဟု ကျွန်ုပ် ထင်ပါသည်။

ဘာသာပြန်ဆိုသူ :: ဆရာမကြီးဒေါက်တာလှလှဝင်း


Thursday, June 21, 2012

အနောက်နိုင်ငံမှာအမျိုးသမီးတွေအစ္စလာမ်ကိုဘာကြောင့်လက်ခံလာကြသလဲ


အနောက်နိုင်ငံမှာအမျိုးသမီးတွေအစ္စလမ်ကိုဘာကြောင့်လက်ခံလာကြသလဲ


၁၉၉၃ခုနှစ်ဒီဇင်ဘာလ ၉ရက်နေ့ထုတ်ကျော်ကြားသော London Times လန်ဒန်တိုင်းမ်း သတင်းစာက
ဗြိတိန်နိုင်ငံတွင် အစ္စလာမ်သာသနာပြန့်ပွားမှုနှင့်ပတ်သက်၍အလွန်ပြည့်စုံသည့်ဆောင်းပါးတစ်စောင်
ကိုဖော်ပြထားသည်။`ဗြိတိန်အမျိုးသမီးများအစ္စလာမ်ကိုအဘယ့်ကြောင့်လက်ခံနေကြသနည်း´ဟူ၍
လည်းခေါင်းစဉ်တပ်ထားပါသည်။

`အနောက်သတင်းဌာနများကအစ္စလာမ်အပေါ်တွင်ရန်သူပမာမုန်းထားသည့်သဘောတရားကိုကျင့်သုံး
နေပါလျှက်အစ္စလာမ်သည်အနောက်တိုင်း၏နှလုံးသားကိုအဘယ့်ကြောင့်အောင်မြင်သိမ်းပိုက်နေသနည်း´
ဟူ၍လည်းသတင်းစာကစောကြောလိုက်ပါသည်။
ဆောင်းပါးကဤသိုဆက်လက်ဖော်ပြထားပါသည်။
`ယခုအခါဗြိတိန်နိုင်ငံသားအမြားအပြားတို့သည်အစ္စလာမ်ကိုလက်ခံလာလျှက်ရှိကြသည်။အလားတူဟူ၍
အတိတ်ကာလပေါ်ပေါက်ခဲ့ဘူးသည်မရှိပါ။ဗြိတိန်နိုင်ငံတွင်အခြေချလာသူတိုက၏အရေအတွက်အများအ
ပြားပါဝင်သည်။သိုသော်ဗြိတိန်နိုင်ငံသားစစ်စစ်တို့၏အစ္စလာမ်သို့ကူးပြောင်းသည့်ဦးရေကလည်းတိုးလျှက်
ရှိရာရှိပြီးဦးရေကိုပို၍တိုးပွားသွားစေသည်။လက်ရှိနှုန်းအတိုင်းတိုးပွားနေသော်လာမည့်အနှစ်နှစ်ဆယ်ကာ
လအတွင်းတွင်အစ္စလာမ်ကိုကူးပြောင်းလက်ခံသောဗြိတိန်နိုင်ငံသားစစ်စစ်တို၏အရေအတွက်သည်ဘိုး
ဘေးအစဉ်အဆက်အစ္စလာမ်ဘာသာဝင်ဖြစ်လာခဲ့ကြသောမိမိတို့၏နိုင်ငံများကိုစွန့်ခွာလာသူမွတ်စလင်(မ်)
ဦးရေထက်ပိုလာမည်ဟုမှန်းဆရသည်။´
လန်ဒန်တိုင်းကလည်းဤသို့ဝန်ခံဖေါ်ပြလိုက်ပါသည်။
`အနောက်တိုင်းသတင်းနှင့်စာနယ်ဇင်းလောကအစ္စလာမ်နှင့်မွတ်စလင်(မ်)တို့၏ရုပ်သွင်ကိုအစဉ်သဖြင့်
လက်မခံဘဲငြင်းပယ်သည့်အဖြစ်နှင့်တင်ပြလာခဲ့သည်။ထို့သိုကလက်ခံနိုင်ဖွယ်မရှိသည့်ပုံပျက်အသွင်နှင့်
တင်ပြဦးရေသည်လျင်လျင်မြန်မြန်ကြီးတိုးပွားလာလျှက်ပင်ရှိသည်။စိတ်ဝင်စားဖွယ်ဖြစ်ရသည်မှာဗြိတိန်နိုင်
ငံသားစစ်စစ်နောက်တိုးမွတ်စလင်မ်များတွင်အလွန်ကြီးမားသောအစိတ်အပိုင်းမှာအမျိုးသမီးများဖြစ်နေ
သည်ကိုတွေ့ရခြင်းပင်ဖြစ်သည်´
လန်ဒန်တိုင်း(မ်)ဖော်ပြချက်အရပင်အမေရိကန်နောက်တိုးမွတ်စလင်မ်တွင်အမျိုးသားထက်အမျိုးသမီး
ဦးရေကလေးဆပိုသည်ဟုသိရသည်။ဗြိတိန်နိုင်ငံ၌လည်းနောက်တိုးမွတ်စလင်မ်များတွင်အမျိုးသမီးဦးရေ
ကများစွာပိုသည်ဟုသိရသည်။ဤသို့မွတ်စလင်မ်အဖြစ်ခံယူလာသူများတွင်အမျိုးသမီးဦးရေကများသဖြင့်
သတင်းစာကအောက်ပါအတိုင်းရေးသားလိုက်ပါသည်း
“It is more ironic that most British converts should be women, given the spread view in
the West that Islam treats women poorly.”
`အစ္စလာမ်ကအမျိုးသမီးများကိုနှိမ့်နှိမ့်ချချဆက်ဆံသည်ဟူသောအမြင်ကိုအနောက်ကမ္ဘာတစ်ခုလုံးတွင်အ
ကျယ်အပြန့် ပြန်နှံ့အောင်ဖြန့်ထားသည်။သိုလင့်ကစား ဗြိတိန်လူမျိုးနောက်တိုးမွတ်စလင်မ်အများစုသည်
အမျိုးသမီးများဖြစ်နေကြသည်။ဤသည်မှာ အဆီအငေါ်မတည့်သောအဖြစ်၊ခုတ်ရာတခြားရှရာတလွဲအဖြစ်
မျိုးဟုပင်ဆိုရပေမည်။´

အနောက်ကမ္ဘာတွင်အစ္စလာမ်သည်အဘယ့်ကြောင့်လျင်မြန်သောနှုန်းဖြင့်ပြန့်နှံ့နေသနည်း..?
ဤသို့သတင်းစာကမေးခွန်းထုတ်ထားပြီးမေးခွန်း၏အဖြေအဖြစ်နှင်သတင်းစာကပင်ထင်မြင်ချက်များလည်း
ပေးထားသည်။
`စလ်မာန်ရပ်(ရှ်)ဒီ ၏အရေးကိစ္စကျော်ကျော်ကြားကြားဖြစ်လာချိန်မှစ၍လူအများအပြားသည်အစ္စလာမ်ကို
လေ့လာလိုစိတ်များပြင်းပြင်းပြလာခဲ့သည်။ထို့ပြင်`ပင်လယ်ကွေ့စစ်ပွဲ´နှင့်`ဘော့စနီးယား´တွင်ဖြစ်ပေါ်ခဲ့
သောမွတ်စလင်မ်တို့၏၀မ်းနည်းဖွယ်အဖြစ်ဆိုးတို့ကလည်းအစ္စလာမ်အပေါ်တွင်စာနာစိတ်များကိုဖြစ်ပေါ်
လာစေခဲ့သည်။တဖန်အနောက်နိုင်ငံမှတက္ကသိုလ်များတွင် Comparative Study of World Relegion
ကမ္ဘာ့ဘာသာပေါင်းစု့ကိုနှိုင်းယှဉ်လေ့လာသည့်ဘာသာရပ်ကလည်းထွန်းကားလျှက်ရှိသည်။ထိုဘာသာရပ်
ကိုသင်ယူရာမှလည်းများစွာသောသူတို့မွတ်စလင်မ်ဖြစ်လာခဲ့ကြသည်။ထိုအကြောင်းခံများအပြင်ဗြိတိသျှသ
တင်းဌာနများကလည်းအားနာပါးနာနှင့်ဟန်ဆောင်မနေဘဲမွတ်စလင်မ်ဆန့်ကျင်ရေးဝါဒဖြန့်ချီမှုများကိုလုပ်
ဆောင်နေကြသည်။ထိုသို့ဝါဒဖြန့်ချီနိုင်ရန်အစ္စလာမ်နှင့်သက်ဆိုင်ရာအရာရာတိုင်းကိုမကောင်းပြောမည့်
ပေါ်လစီကိုရွေးချယ်ထားကြသည်။ထိုပေါ်လစီအတိုင်းလည်းကျင့်သုံးနေကြသည်။များစွာသောသူတို့တွင်ထို
ပေါ်လစီ၏ပြောင်းပြန်အကျိုးဆက်သက်ရောက်မှုများဖြစ်ပေါ်လာခဲ့သည်။ထိုသူတို့သည်လည်းအစ္စလာမ်ဘက်
သို့ယိမ်းသွားခဲ့ကြသည်။´
သတင်းစာကနောက်ဆုံး၌ဤသို့ဆက်လက်ရေးသားလိုက်ပါသည်း
Westerners despairing their own society, rising crime, family breakdown, drugs and alcho-
holism have come to admire the discipline and security of Islam.
`အနောက်နိုင်ငံများ၏လူ့အဖွဲ့အစည်းအတွင်း၌ရာဇ၀တ်မှု၊အိမ်ထောင်ပြိုကွဲမှု၊မူးရစ်ဆေးနှင့်အရက်စွဲမှုများ
တိုးပွားလာနေခြင်းကြောင့်အနောက်နိုင်ငံသားများသည်မိမိတို့၏လူ့အဖွဲ့အစည်းအပေါ်တွင်စိတ်ကုန်းခမ်း
နေကြသည်။နောက်ဆုံးတွင်အစ္စလာမ်၏စည်းကမ်းနှင့်လုံခြုံရေးကိုထောပနာလာကြသည်´
တဖန်သတင်းစာအစ္စလာမ်ကိုလက်ခံသွားရသည့်အချက်တစ်ချို့ကိုဆက်လက်တင်ပြလိုက်ပါသည်။
`အစ္စလာမ်ကိုသက်ဝင်လာကြသောနောင်မွတ်စလင်မ်များစွာတို့သည်မူလကခရိယံဘာသာဝင်များဖြစ်
ကြသည်။ယင်းတို့သည် `ချပ်ခ်ျ´ ၏မရေရာသောအခြေအနေများမှလွှဲဖယ်လိုက်ကြသည်။ထို့ပြင်
“Trinity” သုံးဆူတစ်ဘုရားခံယူချက်အပေါ်တွင်လည်းစိတ်ဒုံးဒုံးချ၍မယုံကြည်နိုင်အောင်ဖြစ်နေကြသည်။
တဖန်များစွာသောလူတို့သည်ပင်ကိုယ်အားဖြင့်ဘာသာတရားဆိုသည်ကိုလုံးဝမယုံကြည်သူများဖြစ်ကြ
သည်။သို့သော်`စိတ်အလိုဆန္ဒ၏ကျေးကျွန်မဖြစ်စေရ´ဟူသောအစ္စလာမ်၏ဘဘောတရားကယင်းတို့
အားဆွဲဆောင်လိုက်သည်။ထိုသဘောတရားကိုယင်းတို့ကဗုံးခွန်ကြီးအတွင်း၌ပုန်းခိုနေသောစိန်တုံးကြီး
ဟုကောက်ယူလိုက်ကြသည်´
တဖန်သတင်းစာကဤသို့လည်းရေးသားလိုက်ပါသည်။
`ကိုယ်ပိုင်လွတ်လပ်ခွင့်၊လူ့အခွင့်အရေးဟု..´တဖွဖွကြွေးကျော်နေသောဤခေတ်သာမယကြီးတွင်
အစ္စလာမ်ကိုလက်ခံလာကြသူတို့သည်ဗြိတိန်တွင်မိမိ၏ညီနောင်အပေါင်းအသင်းနှင့်လူအဖွဲ့အစည်း
တိုဘက်မှလာသောဆိုးဝါးသည့်အခက်အခဲများကိုရင်ဆိုင်ကြရသည်။ထို့ပြင်ဗြိတိန်နိုင်ငံရှိအမျိုးသမီး
ရေးရာအသင်းအဖွဲ့များသို့တယ်လီဖုံးဖြင့်အကူအညီတောင်းခံသူများရှိကြသည်။ထိုသို့အကူအညီပေး
ရန်အသနားခံသူတို့၏လေးချိုးတစ်ချိုးသည်နောက်မွတ်စလင်မ်အမျိုးသမီးများပင်ဖြစ်ကြသည်´
ထို့နောက်လန်ဒန်တိုင်းသတင်းစာကမွတ်စလင်မ်ဖြစ်လာကြသောအမျိုးသမီးများစွာတို့နှင့်တွေ့ဆုံ
မေးမြန်းခဲ့သည်။ထို့တွေ့ဆုံမေးမြန်းချက်များကိုလည်းဖော်ပြထားသည်။ယင်းတို့တွေ့ဆုံမေးမြန်း
သောအမျိုးသမီးများမှာဗြိတိန်မျိုးရိုးဇာတိစစ်စစ်များဖြစ်ကြသည်။အဆင့်မြင့်ပညာရရှိထားသူများလည်း
ဖြစ်ကြသည်။ထို့ပြင်သူမတို့သည်သိနားလည်မှုအပြည့်ဖြင့်အစ္စလာမ်ဘာသာသို့ကူးပြောင်းလက်ခံ
လာခဲ့ကြသူများဖြစ်ကြသည်ဟုသတင်းစာကဖော်ပြပါသည်။
ထိုအမျိုးသမီးများအနက်တစ်ဦးမှာမိမိအမည်ကို`မိုင်မူနာ´ဟုမှည့်ခေါ်ထားသော၃၉နှစ်အရွယ်ရှိဗြိတိန်
သူတစ်ဦးဖြစ်သည်။သူမသည်မူလကအီစာအီ(ခရိယံ)ဘာသာဝင်တစ်ဦးပင်ဖြစ်သည်။သူမသည်
ခရိယံဂိုဏ်းခွဲအားလုံးကိုသူတေသနပြုခဲ့သည်။ထို့ပြင်ယဟူဒီ၊ဟာရေကရစ်(ရှ်)နားမှအစအခြားဘာ
သာအားလုံးကိုလည်းနက်ရှိုင်းစွာလေ့လာခဲ့သည်။နောက်ဆုံးတွင်သူမကအစ္စလာမ်ကိုရွေးချယ်ခဲ့သည်။
နောင်မွတ်စလင်မ်အမျိုးသမီးများစွာတို့ကချပ်ခ်ျ၏အစဉ်အလာအဆင့်ခွဲခြားသတ်မှတ်မှုကိုမိမိတို့ဆန့်
ကျင်ကြောင်းလည်းပြောပြသည်။ထို့ပြင်အစ္စလာမ်ဘာသာဝင်မွတ်စလင်မ်တိုင်းသည်မိမိ၏အရှင်နှင့်
တိုက်ရိုက်အဆက်အသွယ်ထားနိုင်သည်ဟုဆိုထားသည်။ထိုအချက်ကိုသူမတို့နှစ်ခြိုက်လာမိခဲ့ကြောင်း
ကိုလည်းပြောပြကြသည်။
လွန်ခဲ့သော ၁၀နှစ်အလျင်ကအစ္စလာမ်ကိုလက်ခံလာခဲ့သောအသက်၂၈နှစ်အရွယ်ရှိအင်္ဂလိပ်အမျိုး
သမီးသည်`ဟုဒါခုတူးဗ်´ဟူသောအစ္စလာမ်အမည်ဖြင့်ကျော်ကြားပါသည်။သူမကမွတ်စလင်မ်အ
မျိုးသမီးများအတွက်စာအုပ်တစ်အုပ်ကိုလည်းရေးသာလိုက်သည်။အစ္စလာမ်နှင့်ခရိယံအယူကို
ပြန်လှန်သုံးသပ်ရင်းသူမကဤသို့ဖော်ပြလိုက်ပါသည်။

`အီစာအီအယူသည်အချိန်တိုင်းပြောင်းလလျှက်ရှိသည်။အချို့သောအီစာအီတို့ထိမ်းမြားမှုအလျင်
ကာယကံမြောက်ပေါင်းသင်းမှုပြုခြင်း၌မည်သို့မျှနစ်နာဖွယ်မရှိ။အပြစ်ဆိုဖွယ်ရာလည်းမရှိ။သို့
ရာတွင်မိမိလက်ထပ်ရန်ရည်ရွယ်ထားသူနှင့်သာဖြစ်ရမည်ဟုစတင်ပြောဆိုနေကြပြီဖြစ်သည်။ဤ
ဘာသာမှာအလွန်မှပင်လျော့လျည်းလျည်းနိုင်လှသောဘာသာဖြစ်သည်။ကာယကံမြောက်ပေါင်း
သင်းဆက်ဆံမှုနှင့်ပတ်သက်၍အစ္စလာမ်၏သွန်သင်မှုမှာအစဉ်သဖြင့်တစ်မျိုးတည်း၊တစ်တမတ်
တည်းသာရှိသည်။ထိုနည်းတူတစ်နေ့ငါးချိန်နမားဇ်ဝတ်ပြုခြင်း၏ပညတ်သည်လည်းအစဉ်သဖြင့်
တစ်သမတ်တည်းရှိနေသည်။နမာဇ်းအားဖြင့်အလ္လာဟ်အရှင်မြတ်၏တည်ရှိမှုဆိုင်ရာခံစားချက်ကို
လူသားသည်အချိန်တိုင်းနှလုံးသားတွင်ရှိနေစေသည်။ထို့နည်းတူအချိန်တိုင်းအလ္လာဟ်အရှင်နှင့်
ဆက်နွယ်နေခြင်း၏အခြေခံတစ်ရပ်သည်အသင့်ထံ၌ရှိနေပါသည်´
အနောက်ကမ္ဘာ၏အမျိုးသမီးများတွင်အစွဲတစ်ခုကပ်နေသည်။ထိုအစွဲမှာယောကျာ်းများနှင့်ရင်
ဘောင်တန်းလိုသည့်ဆန္ဒစွဲပင်ဖြစ်သည်။ထိုသို့ယောကျာ်းများနှင့်ရင်ဘောင်တန်း၍အလုပ်လုပ်
ရဖြင်းကိုသူမတို့သဘောကျလှသည်။ထှိုဆန္ဒကိုလက်လွှတ်ရန်ဆိုသည်မှာသူမတိုအဖို့ခက်ခဲ
လှသောအလုပ်ကြီးဖြစ်နေသည်။သို့သော်လန်ဒန်တိုင်းနှင့်တွေ့ဆုံမေးမြန်းခန်းတွင်ဗြိတိန်သူစစ်
စစ်နောင်မွတ်စလင်မ်အမျိုးသမီးတို့ကသူမတို့၏အစ္စလာမ်ဘက်သို့တိမ်းညွတ်မှု၏အကြောင်း
အရင်းတွင်အစ္စလာမ်ကအမျိုးသားနှင့်အမျိုးသမီးတို့၏လုပ်ငန်းတာဝန်များကိုသီးခြားစီစည်းသား
ပေးထားခြင်းအားသဘောကျမှုပါဝင်သည်။ထိုပိုင်းခြားမှုသည်ကျားနှင့်မအသီးသီး၏ခန္ဒာဗေဒ၊
ဇီဝဗေဒပုံစံခွက်နှင့်အံဝင်ကွင်ကျရှိသည်ဟုပြောဆိုလိုက်ကြသည်။အနောက်တိုင်း၏အမျိုးသမီး
တန်းတူအခွင့်အရေးဆိုသည်မှာစင်စစ်အားဖြင့်သူမတို့အားပုန်ကန်လိုက်ခြင်း(သစ္စာဖောက်
လိုက်ခြင်းဖြစ်သည်ဟုသူမတို့ကဆိုလိုက်ကြသည်။`အမျိုးသမီးလွတ်လပ်ခွင့်ရရှိရေးလှုတ်ရှား
မှု´ဆိုသည်ကိုလည်းသူမတို့က..Women copying men, an exercise in which
womanhood has no intrinsic value
`အမျိုးသမီးများကအမျိုးသားတို့ကိုလိုက်၍အတုခိုးခြင်းသည်အမျိုးသမီးဘ၀၏ဘီဇတန်ဖိုးမှန်
များဘာမှမကျန်ရစ်ရလေအောင်လုပ်ဆောင်သောအမှုတစ်ရပ်သာဖြစ်သည်။ထိုအဓိပ္ပါယ်မှအပ
အခြားဘာမျှမရှိပါ´ဟုဝေဖန်လိုက်ကြသည်။
စကော့တလန်ယဒ်မှအသက်၃၆နှစ်အရွယ်အမျိုးသမီးတစ်ဦးသည်၁၉၄၇-ခုနှစ်ကကုရ်အာန်
အာယသ်အချို့ပါသောစာရွက်တစ်ရွက်ကိုအမှိုက်တောင်းအတွင်းမှကောရလိုက်သည်။သူမ
ကဖက်ကြည့်ရာအစ္စလာမ်သာသနာဘက်သို့စိတ်များယိမ်းယိုင်သွားခဲ့ရသည်။ထို့နောက်
မွတ်စလင်မ်ဖြစ်လာခဲ့သည်။သူမမိမိ၏အမည်ကို`နူရိယဟ်´ဟုထားလိုက်သည်။တွေ့ဆုံ
မေးမြန်းခန်းတစ်ခုတွင်သူမကအနောက်တိုင်းသူအမျိုးသမီးတို့ကျင့်သုံးလုပ်ဆောင်ပုံနှင့်ပတ်
သက်၍ဝေဖန်ဆွေးနွေးရင်ဤသို့ပြောလိုက်သည်။
Most of the women in this country are traitors to their sex. It’s almost as if
we have been defaminised.
`ဤတိုင်းပြည်တွင်အများဆုံးသေအမျိုးသမီးတို့သည်မိမိတို့၏ဘီဇမျိုးစိသဘာဝကိုသစ္စာ
ဖောက်သူများဖြစ်ကြသည်။ဤအပြုအမူမှာကျမတိုက၏အမျိုးသမီးများ၏ဘ၀ကိုဖျက်ဆီး
လိုက်သကဲ့သိုပင်ဖြစ်သည်´
`နူရီယဟ်´၏သူငယ်ချင်းတစ်ယောက်ကမိမိ၏အမည်ကို`ဟစနဟ်´ဟုမှည့်ထားသည်။
၁၉၈၈ခုနှစ်တွင်မွတ်စ်လင်မ်ဖြစ်လာသောသူမက ဟေဂျားဗ်၏ပညတ်ကိုလိုက်နာထိန်းသိမ်း
ခြင်းနှင့်ပတ်သက်၍ဤသို့ပြောကြားလိုက်ပါသည်။
`ဟုတ်စွအဆုံးကျမသည်မိမိ၏ဣထ္တိယ လိင်ဘသာဝကိုသစ္စာဖောက်သူမဟုတ်တော့ပါ´
ထို့နောက် ဟေဂျားဗ်နှင့်ပတသက်၍လည်းဤသို့ပြောကြားလိုက်ပါသည်။
`ဟေဂျားဗ်က ကျမအဖို့လုံခြုံမှုကိုခံစားရစေပါသည်။ထို့ပြင်ကျမကိုယ်ကျမယုံကြည်စိတ်ချမှု
လည်းတိုးလာစေပါသည်´
အနောက်တိုင်းတွင်ထိမ်းမြားလက်ထပ်ချိန်နှင့်ထိမ်းမြားပြီးနောက်တွင်အမျိုးသမီး၏အမည်
သည်အမျိုးသားအမည်၏လက်အောက်ခံအဖြစ်၌သာရှိသည်။ဤအကြောင်းကိုအနောက်တိုင်း
တွင်ယခုအထိငြင်းခုံနေရဆဲပင်ဖြစ်သည်။သို့သော်အစ္စလာမ်သာသနာ၌အမျိုးသားများနှင့်လုံး
ဝခြားနာသောအခွင့်အရေးများကိုချီးမြှင့်ထားသည်ဟု`နူရိယဟ်´ကဆိုပါသည်။ထို့ပြင်အခွင့်
အရေးများနှင့်ပတ်သက်၍ပြောကြားရာတွင်`နူရိယဟ်´ကအိမ်၊မြေ၊ဥစ္စာပစ္စည်းပိုင်ခွင့်၊အမွေ
ဆက်ခံပိုင်ခွင့်နှင့်သားသမီးများကိုအုပ်ထိမ်းပိုင်ခွင့်တို့နှင့်ပတ်သက်သောအစ္စလာမ့်ပညက်ချက်
များကိုပါဖွင့်ဟပြေကြားသွားပါသည်။ထို့နောက်သူမကဗြိတိန်နိုင်ငံတွင်အခြေအနေများ၏ဥိး
တည်နေပုံအရအမျိုးသမီးတို့အဖို့အနာဂတ်ဆိုသည်မကိုမမြင်ရပါ။နောက်ဆုံးတွင်အမျိုးသမီး
တို့၏အခွင့်အရေးနှင့်ပတ်သက်၍ရလဒ်သည်အဆို့းသာလျှင်ရှိသည်ဟုပြောကြားသွားပါသည်။
Scratch any new man and you will find an old man trying to get out: man will
always be the same: women are changing much faster, but they are not trying
to get what they went. Everything the feminist movement is aiming for, except
abortion and lesbianism, we have get.
`ဘယ်ယောကျာ်းအသစ်တစ်ယောက်ကိုပဲဖြစ်ဖြစ်ကုတ်ချစ်ပြီးကြည့်လိုက်စမ်းပါ။ရှောင်ခွာပြေး
ဖို့ကြိုးစားနေတဲ့ယောကျာ်းအဟောင်းကြီးတစ်ယောက်အဖြစ်မျိုးနဲ့ပဲတွေ့ရပါလိမ့်မယ်။
ယောကျာ်းများဟာအပြောင်းအလဲမရှိ၊အမြဲတန်းအတူတူချည်းပါပဲ။မိန်းမများကတော့ပိုပြီးမြန်
တဲ့နှုန်းနဲ့ပြောင်းလဲနေကြတယ်။ဒါပေမယ့်သူမတို့ဘာကိုရလိုကြသလဲ။အဲဒါကိုရအောင်မကြိုး
စားကြဘူး။အမျိုးသမီးအခွင့်အရေးအတွက်လှုတ်ရှားနေတဲ့အဖွဲ့များကဘာကိုရအောင်ဦးတည်ပြီး
ကြိုးစားနေကြသလဲ၊အဲဒီဦးတည်ချက်များထဲကအမျိုးသမီးတွေဘာကိုများရရှိပါသလဲ၊ကျမတို့အ
မျိုးသမီးတွေရရှိလိုက်တာကတော့သားဖျက်ချရခြင်းနဲ့အမျိးသမီးအချင်းချင်း(လိင်တူချင်း)ပေါင်း
သင်းရခြင်းပဲရှိပါတယ်၊ဒါကလွဲလို့ဘာမှမရှိပါဘူး´
နောက်မွတ်စလင်မ်အမျိုးသမီးများစွာတို့ကအနောက်တိုင်းနှင့်အစ္စလာမ်ကိုယှဉ်ထိုး၍ပြကြသည်။
အစ္စလာမ်၏သွန်သင်ချက်များအရအမျိုးသမီးများဂုဏ်ပေးခံရသည်။ထိုဂုဏ်ပေးမှု၊လေးစားမှုမျိုးကိုအ
နောက်တိုင်းတွင်အမျိုးသမီးများမရရှိခဲ့ပါဟုသူမတို့ကဆိုကြသည်။ထို့ပြင်ထိုနောင်မွတ်စလင်မ်အမျိုး
သမီးများ၏အမြင်တွင်အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှု၏ရလဒ်သည်အမျိုးသမီးများအဖို့နှစ်ထပ်ကွမ်း
အလေးချိန်အောက်တွင်ပိပြားသွားရခြင်းမှအပဘာမျှမရှိဟူ၍ဖြစ်သည်။
သတင်းစာကအောက်ပါအတိုင်းသုံးနှုန်းပြီးရေးသားထားပါသည်။
Many Muslims contrast of the status of women in Islam with what they see as the
dismal of women in the West. They note that here women work full time out of
financial necessity, remaining lumbered with house work and children care. It is a
puzzling version of emancipation.
`မွတ်စလင်မ်များစွာတို့သည်အစ္စလာမ်တွင်ရှိသောအမျိုးသမီးတို့၏အခြေအနေနှင့်ယှဉ်ထိုးကြည့်
လိုက်သောအခါအနောက်ကမ္ဘာမှအမျိုးသမီးတို့၏အခြေအနေကိုစိတ်ပျက်ဖွယ်ရာဟုရှုမြင်ကြသည်။
ယင်းတို့က ဤအနောက်တိုင်းတွင်အမျိုးသမီးများသည်စားဝတ်နေရေးလိုအပ်ချက်အရအချိန်ပြည့်
အလုပ်ဆင်းကြရသည်၊ အလုပ်ချိန်ပြည့်၍အိမ်ပြန်ရောက်တော့လည်းအနားမရ။ထုံးစံအတိုင်းအိမ်မှု
ကိစ္စများနှင့်သားသမီးများကိုပြုစုစောင့်ရှောက်ရသောဝန်ထုတ်ဝန်ပိုးများအောက်တွင်မနိုင်မနင်းရုံး
ကန်နေကြရသည်ကိုမွတ်စလင်မ်တို့ကသတိပြုမိကြသည်။`အမျိုးသမီးလွတ်မြောက်ရေး´လှုတ်ရှာ
မှုဤလက်တွေ့ကျဖွင့်ဆိုချက်ကိုယင်းတို့နားမလည်သောအဖြစ်တွင်ဆိုက်ရောက်နေကြသည်။
London Times-လန်ဒန်တိုင်းမ် သတင်းစာကဤသို့သောတွေ့ဆုံမေးမြန်းခန်းများစွာကိုဖော်ပြထား
သည်။ထိုဖော်ပြချက်၌အင်္ဂလန်သူနောင်မွတ်စလင်မ်အမျိုးသမီးတို့ကအနောက်တိုင်းလူနေမှုဘ၀အ
ပေါ်စိတ်ကုန်ခမ်းနေမှုကိုဖော်ပြကြသည်။ တစ်ချိန်တည်းမှာပင် ထိုလောကအစားအစ္စလာမ်တွင်တည်
ငြိမ်မှုနှင့်အေးချမ်းမှုကိုဖွင့်ဟ၀န်ခံကြသည်။သတင်းစာကဖော်ပြသောကောက်ချက်အားလုံးကိုဤနေ
ရာတွင်ဖော်ပြနိုင်ဖွယ်မရှိပါ။သို့သော်ထိုဆောင်းပါးနှင့်အတူအယ်ဒီတာအာဘော်ကိုလည်းဖော်ပြထား
သည်ဖြစ်၍ထိုအကြောင်းကိဖော်ပြအပ်သည်ဟုယူဆမိပါသည်။ထိုအာဘော်၏ခေါင်းစဉ်မှာ´အစ္စလာမ်
ကိုရွေးချယ်ခြင်း´ ဟူ၍ဖြစ်သည်။ဤကောက်နှုတ်ချက်သည်လည်းရှည်လျားသွားမည့်စိုးရိမ်ဖွယ်ရှိပါ
သည်။မည်သို့ပင်ဆိုစေ၊သတင်းစာ၏အသုံးအနှုန်းအတိုင်းဖော်ပြရလျှင်သင့်တော်မည်ဟုယူဆမိပါ
သည်။

London Times-အယ်ဒီတာကဤသို့ရေးသားလိုက်ပါသည်။
London Times- As the investigation in the Times on women in Islam has shown, the
intellectual clarity and moral certainty of the 1400 hundred years-old faith are proving
attractive to many Western women disillusioned with moral relationism of their own
culture. Though some are converting to Islam after marrying Pakistani or Bangladeshi
men, others are making the leap of faith as an independent act of spiritual self-impro-
vement.
In spite of outrageous indignities which many women suffer in Muslim countries, the
principles outlined in the Qur’an are generally sympathetic to their interests, promising
them, rights over men similar to those of the men over women.
The separate spheres marked out for the two sexes by Islam certainly bear little
relationship to the notions of gender which have been ushered in by the feminist
revolution. But what matters is that many of the women in the West who have taken
this unexpected path have done so out of choice rather than family duty or historic
obligation. They have been positively attracted by the sense of sisterhood and
community they discover in Islam.
The tentative process of spiritual change suggests that increasing numbers of people
are questioning the value system of their own culture. It raises important questions
about the state of Western moral tradition and how it might be fortified. Yet the
effect of this (still modest) phenomenon is likely  to be positive. The presents of
Muslim converts in British society-many of them highly educated can only assist
the process of mutual ( understanding between the two culture which the Prince
of Wale celebrated last month. Only those who have cross the divided can truly
understand what lies either side.”
`တိုင်းသတင်းစာက `အမျိုးသမီးများနှင့်အစ္စလာမ်´ ခေါင်းစဉ်ဖြင့်သုတေသနပြုခဲ့သည်။ထိုသုသေ
သနပြုချက်ကနှစ်ပေါင်း၁၄၀၀ သက်တမ်းကြာမြင့်နေပြီးဖြစ်သောအစ္စလာမ်သည်အအနောက်တိုင်း
မှအမျိုးသမီးများကိုဆွဲဆောင်နိုင်ကြောင်းပြဆိုနေသည်။သူမတို့ကိုအပြည့်အ၀မျက်စိကျစေသည်မှာ
ထိုသာသနာ၏အသိညာဏ်ပိုင်းဆိုင်ရာရှင်းလင်းပေါ်လွင်ခြင်းနှင့်လွတ်မြောက်လာသူများဖြစ်ကြသည်။
(အယ်ဒီတာ၏ဆိုလိုရင်းမှာအနောက်တိုင်းတွင်စာရိတ္တတန်ဖိုးသည်တည်တံ့သည်မရှိ။ကာလနှင့်ဒေသ
ကိုလိုက်၍ပြောင်းလဲနေသည်ဟူ၍ဖြစ်သည်)
အချို့သောအမျိုးသမီးများသည်ပါကစ္စတန်နှင့်ဘင်္ဂလားဒေးရှ်အမျိုးသားများနှင့်ထိမ်းမြားပြီးနောက်
မှအစ္စလာမ်ကိုလက်ခံလာခဲ့ခြင်းဖြစ်သည်။သို့သော်အခြားများစွာသောအမျိုးသမီးတို့ထိုသာသနာ
ဘက်သို့ခုန်ကူးနေကြသည်။ဤသို့ပြုကြသည်မှာမိမိတို့၏နာမ်ပိုင်းတိုးတက်ရေးအတွက်လွတ်လပ်
သောလုပ်ဆောင်ချက်တစ်ရပ်သာဖြစ်သည်။
မွတ်စ်လင်မ်နိုင်ငံများတွင်အမျိုးသမီးများသည်ဂုဏ်သိက္ခာများကိုဆိုးဆိုးဝါးဝါးကျူးလွန်စောကားခံနေ
ရသည့်သားကောင်များအဖြစ်ကျရောက်နေကြသည်မှာအမှန်ပင်ဖြစ်သည်။သို့သော်ကုရ်အာန်၏အခြေ
ခံစဉ်းမျဉ်းကအမျိုးသမီးတို့၏အကျိုးအတွက်ကြင်နာစာနာမှုပေးအပ်ထားသည်။ထို့ပြင်ယောက်ျားများ
၏အခွင့်အရေးများသည်မိန်းမများအပေါ်တွင်ရှိသကဲ့သို့မိန်းမများ၏အခွင့်အရေးများသည်လည်းယော
က်ျားများအပေါ်တွင်ရှိသည်ဟူသောကတိက၀တ်ကိုလည်းပေးအပ်ထားသည်။
အစ္စလာမ်ကယောက်ျားနှင့်မိန်းမမတူညီသောဘီဇနှစ်ရပ်စလုံးအတွက်သီးခြားနယ်မြေကိုစည်းဝိုက်၍ပေး
ထားသည်။သို့သော်အမျိုးသမီးများတန်းတူအခွင့်အရေးရရှိရန်တိုက်ပွဲဝင်သူတို့၏တော်လှန်ရေးကဦး
ဆောင်လမ်းပြသောကျား၊မသဘောတရားများနှင့်ဆက်စပ်ပတ်သက်ခြင်းမရှိပါ။သို့သော်အနောက်တိုင်း
မှများစွာသောအမျိုးသမီးတို့သည်(ကျွန်ုပ်တို့လုံးဝ)မျှော်လင့်မထားသောဤလမ်းကိုရွေးချယ်ခဲ့ကြသည်
မှာမိသားစု၏၀တ္တရား၊သို့မဟုတ် ရှော်လွှဲ၍မရသောသမိုင်းပေးတာဝန်အရမဟုတ်ပါ။သူမတို့သည်လွတ်
လပ်သောကိုယ်ပိုင်ဆန္ဒအရသာထိုသို့ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။ဤသည်မှာတကယ့်ပြသနာပင်ဖြစ်
သည်။

အစ္စလာမ်တွင်`ညီအမအချင်းချင်းနှင့်မိမိ၏အမျိုးသားလူ့အဖွဲ့အစည်း´ဟူသောအသိရှိမှုကိုသူမတို့တွေ့
ရှိသွားကြသည်။ထိုတွေ့ရှိချက်များ၏ဆွဲဆောင်မှုကိုသူမတို့ခံကြရသည်မှာရေရပါသည်။
(ဤသို့)သာသာနာကူးပြောင်းသောယာယီဖြစ်ပေါ်မှုကမိမိတို့၏ကိုယ်ပိုင်ယဉ်ကျေးမှုတန်ဖိုးအပေါ်တွင်
သံသယဖြင့်မေးခွန်းထုတ်လာသူဦးရေတိုး၍လာနေခြင်းကိုပြဆိုနေပါသည်။ထိုအချက်ကအနောက်တိုင်း
ယဉ်ကျေးမှု၏အစဉ်အလာအခြေအနေနှင့်ထိုယဉ်ကျေးမှုကိုအဘယ်သို့လုံခြုံအောင်ကာကွယ်ထိန်းသိမ်း
မည်နည်းဆိုသည့်အရေးပါလှသောမေးခွန်းကိုပေါ်ပေါက်စေသည်။သို့သော်ဤထူးခြားသည့်ဖြစ်ရပ်၏
အကျိုးသက်ရောက်မှုသည်(ယခုထိမယုတ်မလွန်မျှသာဖြစ်၍)ကာကွယ်ထိန်းသိမ်းနိုင်ဖွယ်ရှိနေပါသည်။
(အစ္စလာမ်သာသနာသို့ကူးပြောင်းသူဦးရေမှာအလယ်အလတ်မျှသာရှိသေး၍နောင်ကူးပြောင်းမသွားရ
အောင်ထိန်းသိမ်းရေးလုပ်ငန်းကိုလုပ်၍ရနိုင်ဖွယ်ရှိသည်ဟုအယ်ဒီတာကဆိုလိုခြင်းဖြစ်သည်)

မောင်သိန်းဝင်း(မြေးဒူး)ဘာသာပြန်သော ကမ္ဘာတခွင်တွေ့မြင်ခဲ့သမျှ
မော်လနာမွဖ်သီသက်ကီးအွစ်မာနီ၏ ဂျဟာနေ့ဒီဒတ်မှာကူးယူဖော်ပြပါသည်။