Showing posts with label ကိုယ်ကျင့်တရား. Show all posts
Showing posts with label ကိုယ်ကျင့်တရား. Show all posts

Thursday, June 21, 2012

အစ္စလာမ်၏ ကိုယ်ကျင့်တရားအနှစ်ချုပ်


အစ္စလာမ်၏ ကိုယ်ကျင့်တရားအနှစ်ချုပ်
ဧကန်မုချ၊ အလ္လာဟ်အရှင်မြတ်သည် တရားမျှတရန် ကောင်းမှုပြုရန်နှင့်နီးစပ်သူတို့အား ထောက်ပံ့ကူညီရန် အမိန့်ပညတ်တော်မူ၏။ င်းပြင် ထိုအရှင်မြတ်သည် စက်ဆုပ်ရွံရှာဖွယ် လူမဆန်မှုများ၊ မကောင်းမှုများနှင့် မတရားကျူးလွန်မှုများမပြုရန် တားမြစ်ထားတော်မူ၏။ ထိုအရှင်မြတ်သည် အသင်တို့အားအသိတရားဖြင့် သတိထားနိုင်ကြစေရန် နှိုးဆော်တော်မူလေသည်။ (ကုရ်အာန်ပျားကဏ္ဍ၊ ၁၆း၉၀)
အစ္စလာမ်က ပြဆိုသော လူမှုရေးတရား
လူသည် အစုအဝေး အသိုင်းအဝိုင်းနှင့် ကင်းကွာ၍မရပါ။ မွတ်စလင်မ်တိုင်းသည် မိမိနေထိုင်ရာ ဇာတိ၊ တိုင်းပြည်၊ နိုင်ငံနှင့်လူသားအားလုံးတို့ အမှီပြုရာမြေကမ္ဘာစိုပြေသာယာအောင် ကြိုးပမ်းစွမ်းဆောင်ရန် တာဝန်ရှိသည်။
ထိုအသိတရားကို "အစ္စလာမ်" က ဆုံးမပြီးဖြစ်သည်။ ကျမ်းတော်မြတ်ကုရ်အာန်တွင် ဤသို့ မိန့်ဆိုထားသည်။
အလ္လာဟ်အရှင်မြတ်သည် လောကအလှဆင်သူ၊ ကောင်းကျိုးပြုသူ၊ကုသိုလ် တရားပွားများသူများကို နှစ်သက်တော်မူသည်။
(
ကုရ်အာန်၊ ဂါဝီကဏ္ဍ၊ ၂း၁၉၅)
အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကိုးကွယ်ဆည်းကပ်ကြကုန်။၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်၍မည်သည့်အရာ
ကိုမျှနှိုင်းယှဉ် ကိုးကွယ်ခြင်း မပြုကြနှင့်။ ၄င်းနောက် အသင်တို့သည် ဆွေမျိုးနီးစပ်သူတို့နှင့်လည်းကောင်း၊ မိဘမဲ့ကလေးများနှင့်လည်းကောင်း၊ သူဆင်းရဲတို့နှင့် လည်းကောင်း၊ ဆွေမျိုးတော်စပ်သောအိမ်နီးချင်းတို့နှင့်လည်းကောင်း၊ဆွေမျိုးတော်စပ်ခြင်းမရှိသောအိမ်နီးချင်းတို့နှင့်လည်း
ကောင်း၊ အပေါင်းအဖော်တို့နှင့် လည်းကောင်း၊ ခရီးသည်တို့နှင့်လည်းကောင်း၊ မိမိတို့ပိုင်ဆိုင်သော ကျေးကျွန်များနှင့်လည်းကောင်း၊ ကောင်းစွာ ဆက်ဆံကြကုန်။ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် မောက်မာသူ၊ ဝင့်ဝါသူကိုနှစ်သက်တော်မမူပေ။ (ကုရ်အာန် အမျိုးသမီးကဏ္ဍ ၄း၃၆)
လူသားအားလုံးတို့သည် လူ့အဖွဲ့အစည်းတစ်ခု၏ အဖွဲ့ဝင်ညီနောင်များဖြစ်သည်။ (ကုရ်အာန် ဂါဝီကဏ္ဍ ၂း၂၁၃)
အို-လူသားတို့၊ ဧကန်မလွဲ ငါအရှင်မြတ်သည်အသင်တို့အားယောကျာ်းတစ်ယောက်မိန်းမတစ်ယောက်မှဖန်ဆင်းတော်မူခဲ့၏။ထို့ပြင်ငါအရှင်မြတ်
သည် အသင်တို့အချင်းချင်း တစ်ဦးကိုတစ်ဦး ခွဲခြားသိမြင်မှတ်မိကြအံ့သောငှာ လူမျိုးစုအသီးသီး မျိုးနွယ်အသွယ်သွယ် ပြုလုပ်တော်မူခဲ့၏။ ဧကန်စင်စစ် အသင်တို့အနက် အမြတ်ဆုံးသူမှာ အကျင့်သီလအမွန်မြတ်ဆုံးသူဖြစ်သည်။(ကုရ်အာန်၊ အတွင်းဆောင်များကဏ္ဍ၊ ၄၉း၁၃)
ထို့ကြောင့် အစ္စလာမ်အမြင်အရ လူကိုတန်ဖိုးဖြတ်ရာတွင် ဥစ္စာဓန၊ရုပ်ရည် ရူပကာယ၊ ရာထူးဌာနန္တရတို့ဖြင့် တန်ဖိုးမဖြတ်ပါ။ လူ၏
အကျင့်သီလ၊ သိက္ခာ၊ သမာဓိ၊ ပညာကိုသာအရင်းခံထား၍ တန်ဖိုးဖြတ်ပါသည်။
တမန်တော်မြတ် မုဟမ္မဒ်သခင်ကလည်း ဤသို့မိန့်ဆိုတော်မူပါသည်။ " လူတို့အား၊ ကြင်နာသနားမှု မထားရှိသူကို အလ္လာဟ်အရှင်မြတ်ကလည်း
သနားကြင်နာတော်မူမည် မဟုတ်။" (မစ်ရှ်ကားသ်ဟဒီးစ်အမှတ် ၄၇၂၈)
"
အဖန်ဆင်းခံ ဟူသမျှသည် အလ္လာဟ်အရှင်မြတ်၏ အိမ်ထောင်စုကြီးဖြစ်သည်။ အလ္လာဟ်အရှင်မြတ် အနှစ်သက်တော်မူဆုံး အဖန်ဆင်းခံသည်
ထိုအိမ်ထောင် စုအကျိုးကို အကောင်းဆုံးဆောင်ရွက်သူဖြစ်သည်။" (မစ်ရှ်ကားသ်ဟဒီးစ်အမှတ် ၄၇၇၃၂)
"
ငယ်သူကို မသနား၊ ကြီးသူကို မရိုသေ၊ ကောင်းမှုကို မညွှန်ကြား၊မကောင်းရာကိုမမြစ်တားသူသည် ငါတမန်တော်မြတ်၏ အုပ်စုဝင်မဟုတ်"
(
မစ်ရှ်ကားသ်ဟဒီးစ်အမှတ် ၄၇၈၁)
ဤသွန်သင်ချက်များသည် လူမျိုးမရွေး၊ ဘာသာမရွေး အဆင့်အတန်းမရွေး၊ လူသားအားလုံးအပေါ် ထားရှိရမည့်လူမှုရေး သွန်သင်ချက်များသာ
ဖြစ်သည်။အစ္စလာမ်ဘာသာတွင် မိဘဆရာသမား၊ သက်ကြီးဝါကြီးများအပေါ် ရိုသေလေးစားဂါရဝထားရန် သွန်သင်ချက်များရှိပါသည်။ ထိုအချက်နှင့်စပ်လျဉ်း၍စာရေးဆရာကြီး ဒဂုန်နတ်ရှင်က ဤသို့ ရှုမြင်တင်ပြပါသည်။
ထို့ပြင် အရှေ့တိုင်းသားဖြစ်သည့် မွတ်စလင်မ်ဘာသာဝင်များကလည်းမိမိတို့၏ ဘာသာယဉ်ကျေးမှုတစ်ရပ်ဖြစ်သော မိဘဆရာသမားနှင့်တကွ
သက်ကြီးဝါကြီးတို့ကိုရိုသေလေးစားစွာဆက်ဆံကြရခြင်း၊ပြုစုစောင့်ရှောက်ရခြင်းစသည့်ကိစ္စများဖြင့်စပ်လျဉ်းကာတဖွစီရ်ခေါ်အစ္စလာမ်
တရားတော်ကျမ်းစာတွင်ဖော်ပြထားသည်။မိဘဘိုးဘွားသက်ကြီးဝါကြီးများနှင့်ကျေးဇူးရှင်ဆရာသမားအပါအဝင်တို့ကိုမရိုမသေဆက်ဆံမိသော
အပြစ်သည်သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးယူခြင်း၊ သူ့မယားအား ပြစ်မှားခြင်းစသည့်မကောင်းမှုတို့ ထက် ပိုမိုကာ အပြစ်ကြီးလေးသော ဂိုနာဟ်ကဗျီရာခေါ် ပြစ်မှုကြီးတစ်ရပ်ဟု ဆိုထားပါသည်။
တစ်ဖန်အဆိုပါမိဘဘိုးဘွားသက်ကြီးဝါကြီးနှင့်ဆရားသမားကျေးဇူးရှင်များကိုလေးစားသမှုလုပ်ကျွေးပြုစုသူတို့ကိုမူကားခိုဒါဇီခလာက်ရာဇီဟု
ဆိုသောလူနတ်သာဓုခေါ်ခြင်း ဂျန္နတ်ဆိုသည့် နိဗ္ဗာန်ဘုံသို့ ရောက်နိုင်ကြောင်း ဆိုထားပြန်သည်။
(
ဒဂုန်နတ်ရှင်၊ (၁၉၈၉၊ ပူဇာပူဇနယျနံ၊ စစ်ပြန်မဂ္ဂဇင်း၊ ၄း၈၉-၁၇-၁၉)

အစ္စလာမ်ဘာသာ၏ လူမှုရေးဆောင်ရွက်ချက်များအပေါ် ဆရာကြီးပါရဂူက ဤသို့သုံးသပ်တင်ပြဖူးပါသည်။
"
အစ္စလာမ်ဘာသာ၌လည်း ပရဟိတလုပ်ငန်းသည် ကြီးမားသောအခန်းကဏ္ဍက ပါဝင်နေသည်။ ကုရ်အာန်ကျမ်းစာ၌ မွတ်စလင်မ်အားလုံးသည်
ညီရင်းအစ်ကိုများ ဖြစ်ကြ၏။ ထိုကြောင့် အချင်းချင်း ရန်ငြိုးထားကြသောညီအစ်ကို သားချင်းများကို သွေးစည်းအောင်ပြုလုပ်ရမည်။ အလ္လာဟ်အရှင်မြတ်ကိုထိတ်လန့်ကြောက်ရွံ့ပါ။သင်သည်ကရုဏာရှင်တစ်ယောက်ဖြစ်နေပါစေဟုမိန့်ဆိုထားသည်။လူတို့၏ညီအစ်ကိုသားချင်း
ဘဝကိုထုတ်ဖော်ပြောပြထားခြင်းဖြစ်သည်။အစ္စလာမ်ဘာသာဝင်များ၏ပရဟိတဆောင်ရွက်ချက်များကိုနေရာအတော်များများ၌တွေ့မြင်သိရှိရသည်။ မဟာဗန္ဓုလပန်းခြံလမ်း (ဘားလမ်း)၌ရှိသောမွတ်စလင်မ်ဆေးရုံသည် နှစ်ပေါင်းများစွာကစပြီး လူနာများ၏ ခိုကိုးရာဖြစ်လာခဲ့သည်။ ကလကတ္တားမြို့ မြန်မာဘုန်းတော်ကြီးကျောင်း၏ အနီး၌ရှိသောမွတ်စလင်မ်ဆေးရုံကြီးသည် ကလကတ္တားမြို့ရှိ ဆေးရုံကြီးများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ အိန္ဒိယပြည် အခြားမြို့များ၌လည်း မွတ်စလင်မ်ကုသိုလ်ဖြစ်ဆေးရုံများကို အတော်များများ တွေ့မြင်ရသည်။ ရန်ကုန်မြို့၌ အစ္စလာမ်ဘာသာ
ဝင်များကြီးမှူးပြီး ဖွင့်လှစ်ထားသော လူအိုရုံများလည်းရှိသည်။ တချို့ရပ်ကွက်များ၌ အစ္စလာမ်ဘာသာဝင်များသည် မူလတန်းကျောင်းများ၌ ကျောင်းတက်နိုင်သည့်အခြေအနေမရှိသော ဆင်းရဲသော သားသမီးများကို ကျောင်းစရိတ်ထောက်ပံ့နေကြသည်။"
[
ပါရဂူ၊ (၂၀ဝ၂) သမဂ္ဂါနံတပေါသုခေါ၊ သုခအစစ်နှင့် သုခအတု၊ ၂၅-၂၆]

မြန်မာစာပါမောက္ခ ဆရာတက္ကသိုလ်မောင်မောင်ကြီးကလည်း "လူ့အသည်း" ဟူသော ဆောင်းပါးတွင် ဘာသာတရားအသီးသီးကို နာယူကျင့်
သုံးသူတို့ထားရှိအပ်သော သဘောထားကို ဖော်ပြပုံမှာလည်း မှတ်သားဖွယ်ဖြစ်သည်။" ကမ္ဘာပေါ်၌ ဘုရားအဆူဆူ ပွင့်ခဲ့ကြသည်။ ဘာသာအသီးသီး
ပေါ်ပေါက်လာ၏။ ယခုခေတ်သို့ ကူးခဲ့ပြီ။ ကိုးကွယ်မှုသည် ဖွားခါစကလေး၏သွေးသား၌ရိုးတွင်း ခြင်ဆီထိအောင် စွဲမြဲပါလာ၏။ မိဘဆွေမျိုးတို့ ကိုးကွယ်သောဘာသာအတွင်း၌ ကြီးပြင်းလာ၏။ မိမိလည်း ထိုဘာသာဝင်ဖြစ်လာတော့သည်။"
ရံဖန်ရံခါ အခြားဘာသာတို့ကို ရှုတ်ချ၏။ စော်ကားတတ်၏။ " မိမိကိုးကွယ်သောဘာသာ၌အယူသည်းလေအခြားဘာသာကိုရှုတ်ချလေလေဖြစ်၏"
ဟုဖော်ပြထားသည်။ထို့အပြင် "ဘာသာဝင်တစ်ဦးသည်အခြားတစ်ဦး၏ယုံကြည်မှုကိုအလေးဂရုပြုကာထိုသူ၏မျက်စိဖြင့်ထိုသူစွဲလမ်းယုံကြည်
သကဲ့သို့ ယုံယုံကြည်ကြည်ကြည့်ရှုပါက ထိုသူမြင်သကဲ့သို့လိုက်၍မြင်ရပေလိမ့်မည်။အဘယ်သို့လျှင်အယူဝါဒချင်းကွဲပြားပေတော့အံ့နည်း "
ဟုလည်း ဆိုထားသည်။လူ့အသည်းဆောင်းပါးအဆုံးတွင် " နေဝင်လုဆဲဆဲ ဗလီမျှော်စင်ထက်မှကော်ဇောကလေးကို ခင်းလျက် အနောက်ဘက်သို့ မျက်နှာမူကာ မိမိတို့ဘာသာအတိုင်း သံနေသံထားဖြင့် ဝတ်ပြုရန် နှိုးဆော်လိုက်သော အသံကို နားထောင်ရင်းကြည်ညိုစိတ်သန်းသော မျက်နှာထားဖြင့် မိမိဝတ်ထားသော " ဂျူဗာ၊ အခ်ျကန့်နှင့်ကိုရ်တာ" တို့ကိုပြုပြင်ကာ ပုဆစ်ဒူးတုပ် နဖူးမြေထိ ဦးချသော မဟာမက်
ဘာသာဝင်ကို မြင်ရပုံလည်း ကြည်နူးဖွယ်ရာပင်။လောက၌ အဘယ်ဘာသာလျှင် လူ့စိတ်ကို မညွတ်နူးနိုင်အောင် ရှိပေအံ့။
ဘာသာတရားဆိုရာ၌လည်းလူ့အသည်းနှလုံးသားအတွင်း၌ကိန်းအောင်းသောယုံကြည်မှုပင်ဖြစ်တော့သတည်းဟုဆိုထားပုံမှာနှစ်သက်စရာဖြစ်ရပါ
သည်။အသိဥာဏ်ပညာ အမြော်အမြင်သည် ကြီးမားသော ကောင်းမှုတစ်ရပ်ဖြစ်သည်ဟု ကျမ်းတော်မြတ်ကုရ်အာန် ဂါဝီကဏ္ဍ ၂း၂၆၉တွင်
ဖော်ပြဆိုထားပါသည်။ နှစ်ဘဝသခင် ကျေးဇူးတော်ရှင် တမန်တော်မြတ်မုဟမ္မဒ်သခင်ကလည်း " ပုခက်တွင်းမှ သင်္ချိုင်းထိ ပညာရှာမှီးကြလော့"
ဟုဩဝါဒပြုပါသည်။ ထို့ကြောင့် ကျွန်တော်တို့သည် အသိပညာရရာရကြောင်းရှာမှီးဆည်းပူလျက် ဘာသာသာသနာ၏ အဆုံးအမကိုခံယူကာ သီရိဂေဟာတမျှ ချမ်းမြေ့ပျော်ရွှင် သာယာလှပသော မိသားစုဘဝကို ထူထောင်ကြပါမည်။ ပညာဖြင့် လောကကို အလှဆင်သူများဖြစ်အောင် ကြိုးစားကြပါမည်။
မောင်သန်းဝင်း(ရန်ကုန်တက္ကသိုလ်)

ကျမ်းကိုး စာရင်း
ဆုရှင်မောင်၊ (၁၉၉၈) အိမ်နီးချင်းကောင်းများတိုးပွားဖို့။
ပြည့်အားမာန်မဂ္ဂဇင်း၊ ရန်ကုန်၊
မြန်မာမွတ်စလင်မ်အမျိုးသားရေးရာအဖွဲ့ချုပ်။
တင်အောင်၊ ဗန်းမော်၊ (၁၉၇၄) သဘာဝသိပ္ပံ၊ ရန်ကုန်၊ သင့်စာပေ။
ထင်၊ မောင်၊ (၁၉၇၄) ကမ္ဘာ့စာပေအညွှန်း(အိန္ဒိယ၊ အီရန်၊ အာရဗ်စာပေသမိုင်း)
ရန်ကုန်၊ စာပေဗိမာန်။
နတ်ရှင်၊ ဒဂုန်၊ (၁၉၈၉) ပူဇာစပူဇနေယျန၊ စစ်ပြန်မဂ္ဂဇင်း၊ /၈၉၊ ၁၇-၁၉)
ပါရဂူ၊ (၂၀ဝ၂) သုခအစစ်နှင့် သုခအတု(အတွေးစာစုများ)
ရန်ကုန်၊ ဖူလုံစာပေ။ မောင်မောင်ကြီး တက္ကသိုလ် (၁၉၆၄) လူ့အသည်း၊
စာမျက်ရှု။
ရန်ကုန်၊ ကျုံပျော်စာပေ။
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ-၁၅၊ (၁၉၇၆) ရန်ကုန်၊ စာပေဗိမာန်။
သန်းထွန်း၊ ဒေါက်တာ၊(၂၀ဝ၁) ကျော်စွာ ၁၀ဝပထမတွဲ။
ရန်ကုန်၊ အင်ကြင်းဦး။