Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

Wednesday, September 19, 2012

လူသားနှင့်ဂျင်န်အားဖန်ဆင်းရခြင်း၏ရည်ရွယ်ချက်



အလ္လာဟ်အရှင်မြတ်သည်လူသားတို့အားနာခံဘ၀တည်ဆောက်ရန်ဖန်ဆင်းထားသည်ဆိုသည်မှာအကြွင်းမဲ့
အမှန်တရားတစ်ခုဖြစ်သည်။ဤသည်ကသာအလ္လာဟ်အရှင်၏အထူးဂရုဏာတော်ကိုခံစားစေရေးအတွက်လည်း
ဖြစ်ပါသည်။အလ္လာဟ်အရှင်၏ဂုဏ်တော်များကြောင့်ဤလောကကြီးသည်ထင်ရှားပေါ်လွင်လာရကာဤသို့ဖြစ်
ထွန်းလာရခြင်းကိုလည်းအကြောင်းမဲ့ပြုလုပ်ထားခြင်းမဟုတ်ကြောင်းကိုလည်းအတိအကျဖော်ပြထားပါသည်။
`ငါအရှင်သည်မိုးကောင်းကင်ကိုလည်းကောင်း၊ကမ္ဘာဂြိုဟ်ကိုလည်းကောင်း၊ယင်းနှစ်ခုကြား၌ရှိသည်တို့ကို
လည်းကောင်း..ကစားခုန်စားရန်ဖန်ဆင်းထားတော်မူသည်မဟုတ်ပေ´
`အကယ်၍ငါအရှင်မြတ်သည်အပျင်းပြေကစားရန်ရည်စူးခဲ့ပါလျှင်မိမိအထံတော်၌ရှိသည်တို့အနက်မှပင်ပြုလုပ်
တော်မူပေမည်´ (ကုရ်အာန် ၂၁း၁၇-၁၈)
သို့ဖြစ်၍အလ္လာဟ်အရှင်မြတ်သည်အဓိပ္ပါယ်မဲ့ခုန်စားရန်လူသားအပါအ၀င်လောကဓာတ်ကြီးတစ်ခွင်တစ်ပြင်ရှိ
သောအရာတို့အားဖန်ဆင်းထားခြင်းမဟုတ်ကြောင်းထင်ရှားပါသည်။သူ့၌ရှိသောအရာများနှင့်ကစားမည်ဟု
ဆိုလိုခြင်းမှာတင်စားသုံးနှုန်းထားခြင်းသာဖြစ်ပြီးအလ္လာဟ်သည်`အဆ်ွဆွမဒ်´ ဘာဆိုဘာမျှမလိုသောထာဝရပြီး
ပြည့်စုံသောအရှင်ဖြစ်ပါသည်။
`အကြင်နားလည်နိုင်စွမ်းရှိသည်များသည်စကြ၀ဠာအပေါင်းနှင့်ကမ္ဘာဂြိုဟ်ကိုဖန်ဆင်းထားခြင်းကိုစဉ်းစားဆင်
ခြင်၍ဖွင့်ဟကြွေးကြော်ကြသည်မှာအရှင်မြတ်သည်လောကာကြီးအားအဓိပ္ပါယ်မဲ့စွာဖန်ဆင်းထားခြင်းမဟုတ်ပါ။
အရှင်မြတ်သည်ချို့တဲ့ခြင်းအပေါင်းမှကင်းစင်တော်မူပါ၏´ (ကုရ်အာန် ၅၅း၇)
`ထိုအရှင်မြတ်သည်မိုးကောင်းကင်ကို(၇)ထပ်ပြုလုပ်တော်မူခဲ့ရာကရုဏာရှင်၏ဖန်ဆင်းမှု၌ပရမ်းပတာဖြစ်
သော၊စည်းစနစ်ကျနမှုကိုအသင်သည်တွေ့မြင်ရမည်မဟုတ်ပေ´ (ကုရ်အာန် ၆၇း၃)
`အသင်တို့သည်မိမိတို့အားငါအရှင်မြတ်ကအချည်းအနှီးအကျိုးမဲ့ဖန်ဆင်းထားတော်မူခဲ့သည်ဟူ၍လည်း
ကောင်း၊ထိုအရှင်မြတ်ထံတော်သို့ပြန်လည်ရောက်ရှိကြရမည်မဟုတ်ဟူ၍လည်းကောင်းထင်မှတ်ခဲ့ကြ
သလော´ (ကုရ်အာန် ၂၃း၁၁၅)
သို့ရှိရာဟန်ချက်ညီမှုဖြင့်အဓိပ္ပါယ်ရှိစွာဖန်ဆင်းထားသောလောကဓါတ်ကြီးအားဖန်ဆင်းထားခြင်း၏ရည်
ရွယ်ချက်ဒုတိယပိုင်းကိုကုရ်အာန်(၆၇း၃)၌ဖွင့်လှစ်ဟပြထားသည်မှာ`ရဟ်မာန်´ကရုဏာရှင်၏ဖန်ဆင်း
မှုဟုသုံးနှုန်းပြဆိုထားခြင်းပင်။အလ္လာဟ်အရှင်၌ကရုဏာနှင့်ပတ်သက်၍`ရဟ်မာန်`နှင့်`ရဟီးမ်´
ဂုဏ်တော်နှစ်ပါးရှိသည်။`ရဟ်မာန်´ဟူသည်သူဖန်ဆင်းသောဝေနေယျအားလုံးအပေါ်သို့ခြွင်းချက်မရှိ
ထားသောဂရုဏာမျိုးကိဆိုလိုပါသည်။သူ့အားယုံကြည်သူဖြစ်စေ၊မယုံကြည်သူဖြစ်စေ၊နာခံသူဖြစ်စေ၊
ကျေးဇူးကန်းသူဖြစ်စေ၊အားလုံးထံမှတစ်ဖက်သတ်ထားသောဂရုဏာပင်ဖြစ်သည်။`ရဟီးမ်´ဟူသည်
သူ့ကိုယုံကြည်နာခံသူတို့အားထပ်ဆောင်းပေးသည့်ဂရုဏာဖြစ်သည်။
`အို-သက်ဝင်ယုံကြည်သူအပေါင်းတို့၊အသင်တို့သည်အလ္လာဟ်သိစိတ်ဖြင့်ကောင်းမှုကိုဆောင်ပြီးမကောင်း
မှုကိုရှောင်ကာထိုအရှင်မြတ်၏တမန်တော်ကိုလည်းယုံကြည်လက်ခံကြပါလျှင်ထိုအရှင်မြတ်ထံတော်မှကရု
ဏာတော်ကိုနှစ်ဆချီးမြှင့်တော်မူမည်´ ( ကုရ်အာန် ၅၇း၂၈)
ဤအတွက်ကြောင့်ပင်လျှင်ကုရ်အာန်ကျမ်းမြတ်၌ဝေနယျအပေါင်းတိုကအပေါ်တစ်ဖက်သက်ထားသောဂရု
ဏာ`ရဟီးမ်´ထပ်ဆောင်းဂရုဏာကို (၁၁၅)ကြိမ်တိတိသုံးထားရာတွင်(၉း၁၂၈)၌ပါသော`ရဟီးမ်´တစ်
ကြိမ်မှာတမန်တော်မုဟမ္မဒ်(ဆွ)ကိုရည်ညွှန်းသုံးထားခြင်းသာဖြစ်ပေရာအလ္လာဟ်နှင့်ပတ်သက်၍သုံးသော
`ရဟိးမ်´မှာ(၁၁၄)ကြိမ်သာဖြစ်ရဲ့ `ရဟ်မာန်´(၅၇)ကြိမ်၏နှစ်ဆ(၅၇x၂)=၁၁၄ဖြစ်နေလေရာကုရ်အာန်
ကျမ်း၏အံ့ဖွယ်အလှတရားတစ်ခုကိုခံစားခွင့်ရပြန်ပါသည်။
သို့ရှိရာ`ရဟ်မာန်´ကရုဏာရှင်၏ဖန်ဆင်းမှုဟုသုံးထားသဖြင့်အလ္လာဟ်အရှင်သည်ဂျင်န်နှင့်လူသားတို့အား
ဖန်ဆင်းရခြင်းမှာတစ်ဖက်သတ်ဂရုဏာပေးရန်အတွက်လည်းဖြစ်ပြန်ပါသည်။
`ထိုအရှင်မြတ်သည်သေခြင်းနှင့်ရှင်ခြင်းကိုဖန်ဆင်းတော်မူခဲ့ရာသင်တို့၌မည်သူသည်ကျင့်မူရာ၌အကောင်း
ဆုံးဖြစ်သည်ကိုမှတ်ကျောက်တင်စမ်းသပ်ရန်အတွက်ဖြစ်ပေသည်´ (ကုရ်အနာ် ၆၇း ၂)
သို့ဆိုလျှင် အလ္လာဟ်သည်လူသားနှင့်ဂျင်န်တို့ကိုဖန်ဆင်းထားခြင်းမှာ (၁)သူ့အားနာခံဘ၀တည်ဆောက်
ရန်(၂)တစ်ဖက်သတ်ဂရုဏာပေးရန်(၃)စမ်းသပ်ရန်တို့ဖြစ်ကြောင်းတွေ့ရပေမည်။
အလ္လာဟ်သည်လူသားတို့အား--
(၁)စဉ်းစားချင့်ချိန်နိုင်သောဆင်ခြင်တုံပေးထားခြင်း(ကုရ်အာန် ၁၀း၁၀၀)
(၂)ကောင်းမှုနှင့်မကောင်းမှုကိုခွဲခြားတက်သောပင်ကိုယ်အသိပေးထားခြင်း(ကုရ်အာန် ၉၁း၈)
(၃)အမှား၊အမှန်ကိုဝေဖန်ပိုင်းခြားနိုင်ရန်ကျမ်းဂန်များပေးထားခြင်း(ကုရ်အာန် ၂း၁၈၉)
(၄)ထိုကျမ်းဂန်များကိုလိုက်နာနိုင်ကြစေခြင်းငှာလက်တွေ့ကျင့်သုံးပြပေးရန်နှင့်သင်ကြားပေးရန်တမန်တော်
များကိုစေလွှတ်ပေးထားခြင်း (ကုရ်အာန် ၂း၁၅၁၊၃၃း၂၁)
(၅)စဉ်းစားဆင်ခြင်သုံးသပ်နိုင်ရန်အတွက်လုံလောက်သောအချိန်ပေးထားခြင်း။(ကုရ်အာန် ၃၅း၃၇)
(၆)လမ်းမှန်နှင့်လမ်းမှားလမ်းနှစ်သွယ်ကိုလွတ်လပ်စွာလျှောက်လှမ်းခွင့် (FREE WILL) ပေးထားခြင်း
(၇)ဆိုခဲ့ပြီးသောအရာများကိုအပြည့်အ၀ခံစားရယူဆောက်တည်နိုင်စေရန်အတွက်လည်းအကောင်း
ဆုံးရပ်တည်နိုင်စွမ်းခွန်အားသတ္တိ`သတ်က်ဝီးမ်´ကိုလည်းပေးထားခြင်း
(၈)အထူးသဖြင့်အလ္လာဟ်အရှင်၏ဂရုဏာကိုတစ်ဖက်သတ်ရယူနိုင်သောမဟာအခွင့်အေ၇းကိုလည်း
ပေးထားခြင်း (ကုရ်အာန် ၇း၁၇၆၊၆း၁၂၊၆၇း၃)
(၉)ဖြစ်ပျက်ကြုံတွေ့ရသောပျော်ရွှင်ခြင်း၊၀မ်းနည်းခြင်း၊အောင်မြင်ခြင်း၊ဆုံးရှုံးခြင်းတို့အပေါ်ခံနိုင်ရည်စွမ်းအင်
ထူး`ဆွဗရ်´ကိုပေးထားခြင်း။ (ကုရ်အာန် ၂း၁၅၃)
(၁၀)အလ္လာဟ်သည်လူသားအားမိမိဂရုဏာတော်အဟုန်ကြောင့်ဝန်ကိုပေါ့ပါးစေရန်သာလိုလားတော်မူ
ခြင်း (ကုရ်အာန် ၄း၂၈)
(၁၁)ရူဟာနီအဖြစ်၌ပင်အလ္လာဟ်သည်လူသားနှင့်ပဋိညာဉ်ပြုထားပြီးဖြစ်၍လူသားသည်နာခံလိုက်နာရန်
လိုပါကအလ္လာဟ်အမိန့်တော်များကိုနာခံရာ၌အခက်အခဲတစ်စုံတစ်ရာမရှိဘဲလွယ်ကူစွာပင်လိုက်နာနိုင်စွမ်း
အားပေးထားခြင်း ( ကုရ်အာန် ၇း၁၇၂၊၂၂း၇၈)
(၁၂)အမှားပြုမိပါကလည်းအမှားကိုသိမြင်ကာဝန်ချတောင်းပန်မှုပြု၍ပြုပြင်ပါလျှင်လွတ်ငြိမ်းချမ်းသာခွင့်ပေး
ထားခြင်း။
စသည့်အချက်များဖြင့်အထပ်ထပ်ကာရံကာအကာအကွယ်ပေးပြီးမှသာလူသားနှင့်ဂျင်န်တို့အားအမှန်တရား
ကိုလက်ခံ၍ကောင်းရာပြုကျင့်သူကိုဂျန္နသ်၊အမှန်တရားကိုငြင်းဆန်ကာမကောင်းရာပြုသူအားဂျဟန္နမ်သို့
ဆင်းသက်စေခြင်းဖြစ်စဉ်သည်အလ္လာဟ့်ဘက်မှအလွန်ပင်မျှတလွန်းပါသည်။သို့ရှိရာအလ္လာဟ်သည်လူ
သားနှင့်ဂျင်န်တို့ကိုဖန်ဆင်းခြင်းမှာသူ့အားနာခံဘ၀တည်ဆောက်ရန်၊စမ်းသပ်ရန်၊ဂရုဏာပေးရန်အတွက်
ဖြစ်ပြီး ဂျန္နသ်နှင့်ဂျဟန္နမ်သို့ရောက်စေခြင်သည်အကျိုးဆက်သာဖြစ်ပါသည်။စာသင်ကျောင်းများဖွင့်လှစ်ရ
ခြင်း၏ရည်ရွယ်ချက်မှာ-ပညာတက်မြောက်ကာအသိအလိမ္မာရရှိစေရန်အတွက်ဖြစ်သော်လည်းကျောင်း
အားလုံးအနက်စာကြိုးစားသူများသာစာမေးပွဲအောင်သောအကျိုးဆက်ကိုခံစားရမည်ဖြစ်သည်။မကြိုးစား
သူတို့၏အကျိုးဆက်မှာစာမေးပွဲကျရှုံးခြင်းသာဖြစ်ပေရာကျောင်းသားအားလုံးစာမေးပွဲကိုမအောင်သဖြင့်
စာသင်ကျောင်းများဖွင့်လှစ်ခြင်း၏ရည်ရွယ်ချက်အထမမြောက်ဟုဆို၍ကားမရနိုင်ပါ။ဆိုလာပါကလည်း
အသုံးမ၀င်သောဆင်ခြေအဆင့်ထက်မပိုနိုင်ပါ။
အလ္လာဟ်အရှင်သည်ဖော်ပြပြီးသောအခွင်အရေးများ၊ဂုဏ်သတ္တိများ၊အရည်အချင်းများ၊စွမ်းရည်များ၊အခြေ
အနေကောင်းများပေးထားပါလျက် ဂျန္နသ်သို့မ၀င်ရောက်နိုင်ဘဲဂျဟန္နမ်သို့သက်ဆင်းရသည်မှာထိုဂျင်န်နှင့်
လူတို့၏မိုက်မဲမှုကြောင့်သာဖြစ်ပါသည်။
`သို့ဆိုပါကလူနှင့်ဂျင်န် တို့အားဂျဟန္နမ်အတွက်ဖန်ဆင်းထားခြင်းမဟုတ်ပါ။လူနှင့်ဂျင်န်တို့အနက်မိုက်မဲ
သာသူတို့အတွက်ဂျဟန္နမ်ကိုအကျိုးဆက်အဖြစ်ပြုပေးထားခြင်းသာဖြစ်သည်´(ကုရ်အာန် ၇း၁၇၉)
`ဧကန်အမှန်ကျွနိုပ်တို့အနက်အသိဥာဏ်ခေါင်းပါးသူများသည်အလ္လာဟ်အရှင်မြတ်နှင့်ပတ်သတ်၍လုံးဝမတ
ရားသောစကားများပြောဆိုလေ့ရှိခဲ့ကြသည်´ (ကုရ်အာန် ၇၂း၎)
အလ္လာဟ်အရှင်သည်လူနှင့်ဂျင်န်တို့ကိုမိမိအားနာခံကိုးကွယ်ရန်ဖန်ဆင်းထားသည်ဟုဆိုရာတွင်ထိုနာခံခြင်းမှ
တဆင့်အကျိုးထူးကိုရရှိခံစားစေရန်အတွက်သာလျှင်ဖြစ်တော့သည်။
`မည်သူမဆိုသွေဖည်ငြင်းဆန်ခဲ့ပါလျှင်၎င်း၏သွေဖည်မှုသည်၎င်အပေါ်၌သာကျရောက်ပေမည်။ထိုနည်းတူ
စွာမည်သူမဆိုကောင်းမြတ်သောအကျင့်သီလာကိုဆောက်တည်ခဲ့ပါမှု၎င်းတိုကအကျိုးငှာစီမံဆောင်ရွက်နေ
ကြခြင်းဖြစ်သည်´ (ကုရ်အာန် ၃၀း၄၄)
`စင်စစ်သော်ကား၊အသင့်အားမွေးမြူဖန်ဆင်းတော်မူသောအရှင်မြတ်သည်လိုလားတောင့်တခြင်းကင်းတော်မူ
သောအရှင်၊မဟာဂရုဏာတော်အရှင်ဖြစ်တော်မူပေတည်း´ (ကုရ်အာန် ၆း၁၃၃)
ဆရာစိန်ဌေးဟန်၏ `အမေးရှိလာထိုအခါ´ စာအုပ်မှမေးခွန်းနံပါတ် (၉)ကိုကူးယူဖော်ပြပါသည်။

Wednesday, June 20, 2012

မွတ်စလင်များသည်ကအ်ဗာကိုရှိခိုးပူဇော်နေကြတာလား၊


မွတ်စလင်များသည်ကအ်ဗာကိုရှိခိုးပူဇော်နေကြတာလား၊
 အမေး
အစ္စလာမ်က ရုပ်ပွား ကိုးကွယ်မှုကို ဆန့်ကျင်တယ်ဆိုပြီး ဘာကြောင့်  ကအ်ဗာဘက်ကို ဦးချနေကြရတာလဲ။
အဖြေ
ကအ်ဗာက ကိဗလာ ဖြစ်တယ်။ ဝတ်ပြုတဲ့အချိန်မှာ မွတ် စလင်တွေ မျက်နှာမူရာ ဖြစ်ပါတယ်။ ဝတ်ပြုချိန်မှာ မွတ်စလင်တွေဟာ ကအ်ဗာဖက်ကို မျက်နှာမူသာ မူကြပေမဲ့ သူတို့က ကအ်ဗာကို ဝတ်ပြု ကိုးကွယ်နေကြတာ မဟုတ်ကြောင်းကိုတော့ မှတ်သားထားဖို့ အရေးကြီး ပါတယ်။ မွတ်စလင်တွေဟာ အလ္လာဟ်ကလွဲပြီး ဘာကိုမှ မကိုးကွယ် မဆည်းကပ်ကြပါဘူး။
               
စူရာဟ်ဗကရာဟ်မှာ ဖော်ပြထားတာကတော့ ...
ငါအရှင်သည် အသင်၏ မျက်နှာက ကောင်းကင်ဘုံများဖက်သို့ (လမ်းညွှန်အတွက်) လှည့်လည်ကြည့်နေသည်ကို  မြင်နေတော်မူသည်။ ယခု ငါအရှင်က အသင် နှစ်မျို့မည့် ကိဗလာဟ်  တစ်ခုဖက်သို့ လှည့်စေတော်မူမှာ ဖြစ်သည်။ သို့ဖြစ်ရာ အသင်၏ မျက်နှာကို မတ်စဂျီဒိ ဟရာမ် ဝတ်ကျောင်းတော်ဖက်သို့ လှည့်ပါလေ။အသင်တို့ အဘယ်မှာပဲ ရှိနေ ရှိနေ အသင်တို့၏ မျက်နှာများကို ယင်းဘက်သို့သာ လှည့်ကြလော့။” [ အလ် ကုရ်အာန်  ၂း ၁၄၄ ]
၁။ အစ္စလာမ်သည် ညီညွတ်ရေး အားပေးမြှင့်တင်မှုကို ယုံကြည်သည်
               
ဥပမာပြရရင် မွတ်စလင်တွေ ဆွလားသ်ဝတ်ပြုလိုကြတယ် ဆိုလျှင် တချို့က မြောက်အရပ်သို့ လှည့်ချင်ကြမယ်။ တချို့က တောင်ဖက်ကို လှည့်ချင်ကြမယ်။ တစ်ဆူတည်းသော အရှင်ကို ကိုးကွယ် ဆည်းကပ်မှုမှာ တစ်ညီတစ်ညွတ်တည်း ဖြစ်ရေးအတွက် သူတို့ ဘယ် အရပ်ဒေသမှာပဲရှိရှိ တူညီသော တစ်ခုတည်းသော မျက်နှာမူရာ ကိဗ လာဟ်ဖြစ်တဲ့ ကအ်ဗာဘက်သို့သာလျှင် မျက်နှာမူကြရမယ် ဆိုပြီး မိန့်ဆို ထားတယ်။ တကယ်လို့ တချို့သော မွတ်စလင်များက ကအ်ဗာရဲ့ အနောက်ဖက်မှာ  နေထိုင်နေကြရင် သူတို့က အရှေ့ဖက်ကို မျက်နှာမူကြ ရမယ်။ အလားတူပင် သူတို့က ကအ်ဗာရဲ့ အရှေ့ဖက်မှာ နေနေကြလျှင် တော့ အနောက်ဖက်ကို မျက်နှာမူပြီး ဝတ်ပြုကြရမှာ ဖြစ်ပါတယ်။
၂။ ကအ်ဗာသည် ကမ္ဘာ့မြေပုံတွင် အလယ်ဗဟို၌ ရှိသည်
               
မွတ်စလင်များဟာ ကမ္ဘာ့မြေပုံကို ပထမဆုံး ရေးဆွဲခဲ့ကြသူများ ဖြစ်တယ်။ သူတို့ရေးဆွဲတဲ့ မြေပုံမှာ တောင်အရပ်က အထက်ဖက်သို့ မျက်နှာမူနေပြီး မြောက်အရပ်ကတော့ အောက်ဖက်သို့ တူရူပြုနေ ပါတယ်။ ကအ်ဗာက အလည်ဗဟိုမှာ ရှိနေပါတယ်။ အလ်ဟမ်ဒုလိလ္လာဟ်
၃။ တစ်ပါးတည်းသော အလ္လာဟ်ရှင်ကို ရည်ညွှန်းလိုသည့်အတွက် ကအ်ဗာကို တွဝါးဖ်လှည့်ပတ်ရခြင်း ဖြစ်သည်
               
မွတ်စလင်များဟာ မက္ကာရွှေမြို့တော်မှာရှိတဲ့ မတ်စဂျိဒေ့ ဟရာမ်ကျောင်းတော်ကြီးသို့ သွားကြချိန်မှာ သူတို့ဟာ ကအ်ဗာကို တွဝါးဖ်ပြု လှည့်ပတ်ကြရပါတယ်။ ဒီအပြုအမူက တစ်ဆူတည်းသော အလ္လာဟ်ရှင်ကို ယုံကြည်ဆည်းကပ်မှုရဲ့ သင်္ကေတပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် စက်ဝိုင်းတိုင်းမှာ ဗဟိုချက်က တစ်ခုတည်းပဲ ရှိနေတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုးကွယ်ဆည်းကပ် ထိုက်တဲ့ တစ်ပါးတည်းသော အရှင်ဟာ အလ္လာဟ်ရှင်ပဲ ဖြစ်ပါတယ်။
၎။ ဟဇရတ် အုမရ် (ရသွေ့ ၏ အဆိုအမိန့်
               
ဟဂျရေ့ အဆဝါဒ် ခေါ် ကျောက်နက်တော်နဲ့ပတ်သက်ပြီး တမန်တော်မြတ်မုဟမ္မဒ် (صلي الله عليه و سلم)ရဲ့ အဆွဟဗ်အဆွေတော်ကြီး တစ်ပါး ဖြစ်တဲ့ ဟဇရတ်အုမရ် (رضي الله تعالي عنه)   ရဲ့ အဆိုအမိန့် တစ်ခု ရှိခဲ့ပါတယ်။
                ဆွဟီဗုခါရီကျမ်း အတွဲ ၊ အခန်း ၅၆ ဟဂ်ျကဏ္ဍ၊ ဟဒီးဆ် အမှတ် ၆၇ မှာပါ။ ဟဇရတ် အုမရ် (رضي الله تعالي عنه)  က အချင်းကား ကောင်းကျိုး လဲ မပေးနိုင်သလို ဆိုးကျိုးလဲ မပေးနိုင်တဲ့ ကျောက်တုံး တစ်တုံးဆိုတာကို ကျွန်ုပ် သိထားတယ်။
တမန်တော်မြတ် (صلي الله عليه و سلم)က အချင်းကို ထိခဲ့ နမ်းရှုံ့ ခဲ့တာကိုသာ ကျွန်ုပ် မမြင်ထားခဲ့ရင် ကျွန်ုပ်က အသင့်ကို ထိကိုင်မှာလဲ မဟုတ်သလို နမ်းရှုံ့မှာလဲ မဟုတ်ဘူး” လို့ မိန့်ဆိုခဲ့ပါတယ်။
၅။ လူတို့ ကအ်ဗာပေါ် တက်ပြီး အဇာန် ပေးကြတယ်
တမန်တော်မြတ် (صلي الله عليه و سلم)
ခေတ်တုံးက ဆိုရင် လူတွေဟာ ကအ်ဗာ ပေါ်ကို တက်ပြီးတော့တောင် ဝတ်ပြုရန်ဖိတ်ခေါ်မှု အဇာန်ပေးခဲ့ကြတယ်။ မွတ်စလင်တွေဟာ ကအ်ဗာကို ကိုးကွယ်တယ် ဆိုပြီး စွပ်စွဲပြောဆိုတဲ့ သူကို မေးချင်တာကတော့ ဘယ်ရုပ်ပွားဆင်းတု ကိုးကွယ်တဲ့သူကများ သူ ကိုးကွယ်ရာ ရုပ်ပွားဆင်းတုပေါ်တက်ပြီး ရပ်တာကို မြင်ဖူးလဲလို့လေ။               
ဘာသာပြန်ဆိုသူ :: ၀ါးခယ်မမောင်မင်းနိုင် (အစ္စလာမ့် အကယ်ဒမီသိပ္ပံ)

ကွာရှင်းပြတ်စဲမှုအမျိုးအစားများ



ဂျနီဖာရ်။    ။ ခင်ပွန်းသည်မှသာလျှင် သုံးသွလားက်ကို တစ်ကြိမ် စီခွဲခြား၍ ပြောနိုင်ပါသလား။ အမျိုးသမီးတစ်ဦးမှ ကွာရှင်းပြတ်စဲမှု (သို့) သွာလားက်ပြုလုပ်ရန် ဆန္ဒရှိပါက မည်သို့ပြုလုပ်ရမည်နည်း။
ဒေါက်တာဇာကိရ်။   ။ နှမတော်မေးသည့်မေးခွန်းကား ခင်ပွန်းသည်တစ်ယောက်သည် အမျိုးသမီးတစ်ဦးအား ကွာရှင်းပြတ်စဲနိုင်ပါသလား။ နှမတော်အနေနှင့် သုံးသွလားက်နှင့် ပတ်သက်၍ မေးမြန်းခဲ့ခြင်းမဟုတ်ပေ။ ဤအရာသည် အမေးအဖြေတစ်ခုဖြစ်သည်။ သို့သော် (သူမ၏) အဓိကမေးခွန်းမှာ ခင်ပွန်းသည်တစ်ဦးသည် ကွာရှင်းပြတ်စဲမှုပြုနိုင်သကဲ့သို့ အမျိုးသမီးတစ်ယောက်အနေနှင့်ရော သွလားက် ကွာရှင်းပြတ်စဲမှုပြုနိုင်ပါ သလား။ အမျိုးသမီးတစ်ယောက်အနေနှင့် သွလားက်မပေးနိုင်ချေ။ အကြောင်းမူကား သွလားက်ဆိုသော အာရဗီစကားလုံးသည် ခင်ပွန်းသည်မှ ၎င်း၏ဇနီးအား ကွာရှင်းပြတ်စဲရာတွင်သုံးသောစကားလုံးဖြစ်သည်။သို့သော် အမျိုးသမီးတစ်ဦး အနေနှင့်မူကား ကွာရှင်းပြတ်စဲပိုင်ခွင့်ရှိသည်။ အစ္စလာမ်တွင် ကွာရှင်းပြတ်စဲမှု ပုံသဏ္ဍာန်()မျိုးရှိသည်။
()    ဇနီးမောင်နှံနှစ်ဦး သဘောတူကွာရှင်းခြင်း။
သူတို့နှစ်ဦးစလုံးက တစ်ဦးနှင့် တစ်ဦးအပြန်အလှန် ပြောကြရမည်မှာ ကောင်းပြီကျွန်ုပ်တို့ဟာ ဘယ်လိုမှ စေ့စပ်လို့ မရတော့တဲ့အတွက် ခွဲခွာကြစို့။
()    လင်ယောက်ျားဘက်မှ ကွာရှင်းပြတ်စဲမှု
ဤအမျိုးအစားကို သွာလားက် ဟုခေါ်သည်။ လင်ယောက်ျားအနေနှင့် သူ၏ပေးပြီးသား မဟရ်ကို စွန့်လွှတ်လိုက်ရပေမည်။ အကယ်၍ သူ့အနေနှင့် မဟရ်ကို အကြေအလည် မပေးရသေးလျှင် ၎င်းင်း၏ ဇနီးအား ပေးလိုက်ရပေမည်။ ဇနီးသည်အား ပေးခဲ့ပြီးသော လက်ဆောင်များသည်လည်း စွန့်လွှတ်လိုက်ရမည့် အရာများအတွင်း၌ ပါဝင်ပေသည်။
()    အမျိုးသမီးဘက်မှ ကွာရှင်းပြတ်စဲမှု
အကယ်၍ နေကာဟ်နာမာဟ် (လက်ထပ်စာချုပ်)တွင် သူမ၏ သဘော ဆန္ဒအရ ကွာရှင်းပြတ်စဲခွင့်ရှိသည်။ဟု ရေးသားဖော်ပြထားပါက သူမအနေနှင့် ကွာရှင်းပြတ်စဲ ပိုင်ခွင့်ရှိသည်။ ယင်းသို့သော ကွာရှင်းပြတ်စဲမှုကို အစ်မာဟုခေါ်သည်။ ကျွန်ုပ် အနေနှင့် အစ်မာ ကွာရှင်းပြတ်စဲမှု ပုံသဏ္ဍာန်ကို မည်သူတစ်ဦးတစ်ယောက်၏ ပြောဆိုချက်ကိုမျှ မကြားခဲ့ဘူးချေ။ အမျိုးသမီး တစ်ယောက်သည်ပင်လျှင် အစ်မာဟုခေါ်သော ကွာရှင်းပြတ်စဲမှုကို ပြုနိုင်ပေသည်။
()    လင်ယောက်ျား၏ နှိပ်စက်ညှင်းပန်းမှုကြောင့် အမျိုးသမီးဘက်မှ ကွာရှင်း ပြတ်စဲခြင်း
အကယ်၍ ခင်ပွန်းသည် သူမအား နှိပ်စက် ညှင်းပမ်းပါလျှင် (သို့) သူမအား ထိုက်တန်သော တူညီသော အခွင့်အရေးများကိုမပေးပါက သူမအနေနှင့် ကာသွီ (တရားသူကြီး)ဆီသို့ သွားရောက်၍ လက်ထပ်ထိမ်းမြားမှုကို ချိုးဖျက်နိုင်သည်။ ယင်းကို  နိကာဟ်-အိ-ဖိစ်က်ဟု ခေါ်သည်။ တရားသူကြီး (ကာသွီ)၏ ဆုံးဖြတ်ချက်ပေါ်မူတည်၍ တရားသူကြီးမှ လင်ယောက်ျားအား မဟရ်အပြည့်(သို့) မဟရ် တစ်ဝက်ကို တောင်းဆို၍ အမျိုးသမီးအားပေးစေမည်။
()    ခိုလအ်
ခင်ပွန်းယောက်ျားသည် အလွန်အင်မတန် ကောင်းမွန်သော လူပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်သာမက ဇနီးမယား၏ ဆန့်ကျင်ဘက် မည်သည့်လုပ်ရပ် ကိုမျှလည်း ပြုလုပ်ခဲ့ခြင်းမရှိ။ သို့သော် အမျိုးသမီးအနေနှင့် သူမ၏ ပုဂ္ဂလဆန္ဒအရ         သူမ၏ခင်ပွန်းကို မနှစ်မြို့တော့ချေ။ သူမအနေနှင့် ခင်ပွန်းအား သူမကို ကွာရှင်းပြတ်စဲရန် တောင်းဆိုနိုင်ပေသည်။ ဤကဲ့သို့ သော ကွာရှင်းပြတ်စဲမှုကို ခိုလအ်ဟုခေါ်သည်။ သို့သော် ယင်းကဲ့သို့ အမျိုးသားများအား ကွာရှင်းပြတ်စဲခွင့်တောင်းခံသော အမျိုးသမီး များမှာ အနည်းငယ်သာရှိလေသည်။ အိုလမာ သာသနာ့ပညာရှင်အချို့သည် ယင်းကဲ့သို့ ကွာရှင်းပြတ်စဲမှု ပုံသဏ္ဍာန်() မျိုးကို ()မျိုး(သို့) ()မျိုးသာ အကျဉ်းချုံ့၍ တင်ပြကြပေသည်။ သို့သော် အစ္စလာမ်တွင် အကျယ်အားဖြင့် ဤကဲ့သို့ ကွာရှင်း ပြတ်စဲမှုပုံသဏ္ဍာန် ()မျိုး ရှိပါသည်။
ဘာသာပြန်ဆိုသူ :: ဆရာမကြီးဒေါက်တာလှလှဝင်း