အစ္စလာမ် ငြိမ်းချမ်းရေးသာသနာ
အစ္စလာမ်ဟူသည် ငြိမ်းချမ်းခြင်း အမိန့်နာခံခြင်းဟု အဓိပ္ပာယ်ရသည်။နိစ္စထာဝရတည်ရှိတော်မူသော တစ်ဆူတည်းတစ်ပါးတည်း ဖြစ်တော်မူသောအလ္လာဟ်အရှင်မြတ်၏ အမိန့်တော်နှင့် နောက်ဆုံးတမန်တော် မုဟမ္မဒ်သခင်၏ စံနမူနာများကို နာခံကျင့်သုံးခြင်းဖြင့် ငြိမ်းချမ်းမှု ရရှိခြင်းဖြစ်သည်။အစ္စလာမ်သည် ပြီးပြည့်စုံသော ဘာသာသာသနာ အယူဝါဒလမ်းစဉ်ဖြစ်သည်။ လူ့ဘဝ တည်ဆောက်ရေး လမ်းညွှန်ဖြစ်သည်။ သာသနာဟူသည်အဆုံးအမဖြစ်သည်။တမန်တော်မြတ်၏ဩဝါဒတော်တစ်ရပ်တွင်ဒီန်သာသနာဟူသည်အဆုံးအမဖြစ်သည်ဟုလာရှိသည်။
အစ္စလာမ်သည် ကမ္ဘာတည်စကတည်းကရှိသောကမ္ဘာဦးဘာသာဖြစ်သည်။ ကမ္ဘာဦးဖခင်အာဒမ်၊ မိခင်ဟာဝါနှင့်တကွလူမျိုးအသီးသီးဒေသ
အသီးသီး၊ ခေတ်အသီးသီးတွင် ပေါ်ထွန်းခဲ့သမျှသော နဗီရစူလ်အပေါင်းနှင့် အမြင့်မြတ်ဆုံးပွင့်တော်မူခဲ့သည့်နောက်ဆုံးနဗီတမန်တော်မုဟမ္မဒ်သခင် ကိုယ်တော်မြတ်တို့ လိုက်နာကျင့်သုံး ဟောကြားသွန်သင်သော ဒီန်သာသနာတော်သည် အစ္စလာမ်ဖြစ်သည်။မွတ်စလင်မ်ဟူသည် ငြိမ်းချမ်းသူ၊ အမိန့်နာခံသူဟု အဓိပ္ပာယ်ရသည်။အစ္စလာမ်တည်းဟူသော ငြိမ်းချမ်းရေးလမ်းစဉ်ကို နာခံကျင့်သုံးသူဖြစ်သည်။
မွတ်စလင်မ်သည် လူမျိုးကို ရည်ညွှန်းသော အမည်မဟုတ်။ အစ္စလာမ်သာသနာသက်ဝင်ယုံကြည်သူ လူတိုင်းကို မွတ်စလင်မ်ဟုခေါ်သည်။ အလ္လာဟ်အရှင်မြတ်မှတစ်ပါးအခြားခဝပ်ကိုးကွယ်ထိုက်သောအရှင်မရှိ။တမန်တော်မြတ်မုဟမ္မဒ်သခင်သည်အလ္လာဟ်အရှင်မြတ်စေလွှတ်တော်မူ
သောနောက်ဆုံးတမန်တော်ဖြစ်သည်ဟူသော သန့်စင်သော စကားတော်အဓိဌာန်ကိုြွခင်းချက်မရှိ သက်ဝင်ယုံကြည်လိုက်နာကျင့်သုံးသူကို မွတ်စလင်မ်ဟုခေါ်သည်။
အစ္စလာမ်သည်စကြဝဠာတစ်ခုလုံးနှင့်သက်ဆိုင်သည်။လူသားအားလုံးနှင့်သက်ဆိုင်သည်။ကျမ်းတော်မြတ်ကုရ်အာန်အရရှင်းပြပါမည်။
အလ္လာဟ်အရှင်မြတ်သည် စကြဝဠာလောကခပ်သိမ်းကို ပြုစုပျိုးထောင်တော်မူသောအရှင်ဖြစ်သည်။ (ကုရ်အာန် အဖွင့်ကဏ္ဍ၊ ၁း၂)
အလ္လာဟ်အရှင်မြတ်သည် ပုဂ္ဂိုလ်၊ သတ္တဝါ၊ လူ၊ နတ်၊ ဗြဟ္မာမဟုတ်၊ဖြစ်ပျက် အနိစ္စသင်္ခါရဓမ္မတို့နှင့် ကင်းတော်မူသော အရှင်ဖြစ်သည်။ အိုခြင်း၊နာခြင်း၊ သေခြင်း ကင်းတော်မူသောအရှင်ဖြစ်သည်။ ဇာတိ၊ ဇရာ၊ ဗျာဓိ၊မရဏတို့နှင့် လားလားမှ မအပ်စပ်သောအရှင်ဖြစ်သည်။ ရုပ်၊ နာမ်၊ ဓမ္မ၊သင်္ခါရတို့ကိုဖြစ်ပေါ်ထင်ရှားစေတော်မူသောစကြဝဠာအနန္တကိုလွှမ်းမိုးသက်ရောက်နေသည့်သဘာဝနိယာမတို့ကိုပြဌာန်းတော်မူသောအကြောင်း
တရား အားလုံးတို့၏ ပထမဦးဆုံး အကြောင်းတရားကိုအစပျိုးစေတော်မူသော အရှင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည်တစ်ဆူတည်း တစ်ပါးတည်း တည်ရှိ တော်မူသည်။တမန်တော် မုဟမ္မဒ်သခင်သည် လောကခပ်သိမ်းအတွက် ကရုဏာတော်ရှင်အဖြစ် ပွင့်ပေါ်လာသည်။
(ကုရ်အာန် နဗီတမန်တော်များကဏ္ဍ၊ ၂၁း၁၀၇)
တမန်တော်မြတ် မုဟမ္မဒ်သခင်သည်အလ္လာဟ်အရှင်မြတ်စေလွှတ်တော်မူသောနောက်ဆုံးတမန်တော်ဖြစ်သည်။ မုဟမ္မဒ်ဟူသောအမည်၏အဓိပ္ပာယ်မှာချီးမွမ်းခြင်းခံထိုက်သူဟူ၍ဖြစ်သည်။ထို့ကြောင့်ပညတ်ရာဓါတ်ပါဆိုသကဲ့သို့တမန်တော်မြတ်မုဟမ္မဒ်သခင်
သည်ကောင်းခြင်းမင်္ဂလာအဖြာဖြာတို့နှင့်ထူးခြားဝေဆာ၍အခါမလပ်၊မေတ္တာပိုအပ်သောလူသားတို့၏အချစ်တော်ဖြစ်သည်။
သန်းပေါင်းများစွာသောလူတို့၏မေတ္တာပို့သခြင်းခံရသောထူးခြားသည့် ဂုဏ်ရည်တော်ပိုင်ဆိုင်သူ ဖြစ်သည်။တမန်တော် မုဟမ္မဒ်သည် လူ့သမိုင်းတွင် လောကီလောကုတ္တရာ၊ ကိုးကွယ်ယုံကြည်မှုဘက် ပြည်ရေးရွာမှုဘက် နှစ်ဖက်စလုံးတွင် အကြီးမားဆုံး အောင်မြင်မှုရရှိခဲ့သူဖြစ်သည်။ လူသားတို့အပေါ်တွင် နေ့စဉ်နေထိုင်ရေးဘဝလမ်းကြောင်းအပါအဝင် ဩဇာအရှိဆုံး ပုဂ္ဂိုလ်ထူးတစ်ဦးဖြစ်သည်။ ထိုအချက်ကို ခရစ်ယာန်ဘာသာဝင်ဖြစ်သည့် သမိုင်းပညာရှင်မိုက်ကယ်အိပ်ခ်ျဟတ်(MichaelH.HART)က သူရေးသည့်ွှ့The 100; A Ranking of the Most
infulential Persons in History အမည်ရှိစာအုပ်တွင်တမန်တော်မုဟမ္မဒ်သခင်အားအဆင့်အမှတ်တစ်နေရာ၌ထားကာဖော်ပြထားသည်။ထိုစာအုပ်ကို သမိုင်းပါမောက္ခဆရာကြီး ဒေါက်တာသန်းထွန်းက "ကျော်စွာ၁၀ဝ" ဟု အမည်ပေးကာ ဘာသာပြန်ပြီးဖြစ် သည်။
(ဒေါက်တာသန်းထွန်း၊(၂၀ဝ၁)၊ မုဟမ္မဒ်(၅၀၇-၆၃၂)။ ကျော်စွာ ၁၀ဝ ပထမ တွဲ၊ ရန်ကုန်၊ အင်ကြင်းဦး။
တမန်တော်မုဟမ္မဒ်သခင်ဦးဆောင်ခဲ့သည့်အာရပ်လူ့အစည်းအရုံးနှင့်ယဉ်ကျေးမှုအကြောင်းကိုစာရေးဆရာကြီးဗန်းမော်တင်အောင်က
သဘာဝသိပ္ပံစာအုပ်တွင်ဤသို့ဖော်ပြခဲ့သည်။ "အစ္စလာမ်ယဉ်ကျေးမှုနှင့်အာရဗ်အင်ပါယာ" ဟူသောခေါင်းစဉ်အောက်တွင်" မိုဟာမက်သည်
မက္ကာဟ်နှင့်မဒီနာမြို့ပြနိုင်ငံနှစ်နိုင်ငံတို့ကို(၇)ရာစုနှစ်များအစပိုင်းလောက်တွင်စတင်သိမ်းသွင်းစုစည်းမိ၏။ရာစုနှစ်ပေါင်းများစွာအစုစုအသင်း
သင်းကွဲကာကျဉ်းကျဉ်းမြောင်းမြောင်းနေထိုင်လျက်ရှိနေခဲ့ကြသောအာရဗ်လူ့အစည်းအရုံးကလေးများကိုသိမ်းသွင်းစုစည်းရသောစည်းရုံးရေး
လုပ်ငန်းသည်သေးငယ်လွယ်ကူသောကိစ္စတစ်ရပ်မဟုတ်ပေ။အလွန်တရာလေးလံခက်ခဲသောလုပ်ငန်းကြီးတစ်ခုဖြစ်၏။မိုဟာမက်သည်သာမန်
စည်းရုံးရေးသမားကြီးတစ်ဦးသာမဟုတ်ပေ။နိုင်ငံရေး၊စစ်ရေးနှင့်ယဉ်ကျေးမှုခေါင်းဆောင်ကြီးတစ်ဦးပါဖြစ်၏။သူသည်နှစ်ပေါင်းအစိတ်သုံးဆယ်
ခန့်မျှအတွင်းအာရေဗျကျွန်းဆွယ်တွင် အစုစု အသင်းသင်းကွဲနေရုံသာမက အယူဝါဒအမျိုးမျိုးကွဲပြားကာ ၄င်းတို့အချင်းချင်းလည်း မကြာမကြာ စစ်မက်တိုက်ခိုက်လျက်ရှိကြသောအာရဗ်လူ့အစည်းအရုံးများအားအစ္စလာမ်ယဉ်ကျေးမှုကိုဦးထိပ်ထားသောအာရဗ်နိုင်ငံတော်အဖြစ်ဖြင့်ထူးထူး
ခြားခြားသိမ်းသွင်းထူထောင်နိုင်ခဲ့ခြင်းဖြစ်၏။မိုဟာမက်ကိုဆက်ခံခဲ့ကြသောအစ္စလာမ်ယဉ်ကျေးမှုနှင့်အာရဗ်လူ့အစည်းအရုံးအကြီးအကဲနှင့်ခေါင်း
ဆောင်များသည်ထိုသို့အာရေဗျနိုင်ငံတော်ထူထောင် ပြီးခဲ့ရုံနှင့် တင်းတိမ်ရပ်တန့်နေခဲ့ကြသူများမဟုတ်ပေ" ဟုဖော်ပြထားသည်။
(ဗန်းမော်တင်အောင်(၁၉၇၄)၊သဘာဝသိပ္ပံ၊ စာ-၁၈၃)
ထို့အပြင် "ခေတ်သစ်ခေတ်ဟောင်းနှင့် အရှေ့အနောက်တို့၏ ပေါင်းကူး" ခေါင်းစဉ်အောက်တွင်-" အာရဗ်လူ့အစည်းအရုံးနှင့် ယဉ်ကျေးမှုသည် ရောမအင်ပါယာအပျက်တွင်အစပျောက်သွားခဲ့သော ခေါမယဉ်ကျေးမှု၏ သဘာဝသိပ္ပံပညာရပ်များနှင့်ခေတ်သစ် သဘာဝသိပ္ပံပညာရပ်များကို အသက်ဆက်ပေးခဲ့သော သို့မဟုတ်ပေါင်းကူးပေးခဲ့သော ဆက်သွယ်ရေးတာဝန်ခံလည်းဖြစ်၏။ ထိုမျှသာလျှင်မဟုတ်သေးပေ။ အာရဗ်လူ့အစည်းအရုံးဝင်များသည် အာရှတိုက်ဖက်ရှိတရုတ်နှင့်အိန္ဒိယလူ့အစည်းအရုံးများ ထူထောင်ခဲ့ကြသော အရပ်ရပ်ယဉ်ကျေးမှုများကိုပါ ဆက်ခံစုဆောင်းခဲ့ကြသူများဖြစ်၏။ ဥရောပလူ့အစည်းအရုံးများတွင် ခေတ်သစ်သဘာဝသိပ္ပံပညာရပ်များ ထူထောင်ရေးနှင့်တိုးချဲ့ရေးများအတွက် အိန္ဒိယနှင့် တရုတ်လူ့အစည်းအရုံးများ၏ အရပ်ရပ်ယဉ်ကျေးမှုများကိုပါ လက်ဆင့်ကမ်းခဲ့ကြသူများလည်း ဖြစ်၏။ ထိုသို့ဆိုလိုက်သည့်အတွက် အာရဗ်လူ့အစည်းအရုံးသည် ခေတ်သစ်နှင့် ရှေးဟောင်းအရှေ့နှင့်အနောက်တို့ကို ဆက်စပ်ပေါင်းကူးပေးခဲ့သူများလောက်သာ ဖြစ်သည်ဟု
မဆိုလိုပေ။နှစ်ပေါင်း၅၀ဝခန့်မျှတန်ခိုးတေဇာကြီးမားခဲ့သောအာရဗ်လူ့အစည်းအရုံးဝင်များသည်ရှေးဟောင်းခေါမနှင့်ခေတ်ပြိုင်အာရှအရပ်ဒေသ
များမှဆက်ခံစုဆောင်းခဲ့သော အသိအလိမ္မာတရားများကို သူတို့စွမ်းပကားနှင့်လည်းသူတို့ဟာသူတို့ တိုးချဲ့ခြင်းပြုခဲ့ ကြ၏ " ဟုဖော်ပြထားသည်။
(ဗန်းမော်တင်အောင်(၁၉၇၄)၊ သဘာဝသိပ္ပံ၊ စာ-၁၈၇)
ထို့အပြင် အာရဗ်လူ့အစည်းအရုံးနှင့်ယဉ်ကျေးမှုခေါင်းစဉ်ငယ်အောက်တွင်လည်း(၆)ရာစုနှစ်များမှ(၁၁)ရာစုနှစ်များအထိတန်ခိုးတေဇာကြီးမားခဲ့
သောအာရဗ် လူ့အစည်းအရုံးနှင့် ယဉ်ကျေးမှုသမိုင်းကာလများအတွင်းအရပ်ရပ်ကုန်ထုတ်လုပ်ငန်းများနှင့်ကုန်သွယ်ရေးလုပ်ငန်းများအတား
အဆီးမရှိဖွံဖြိုးတိုးတက်ခဲ့သဖြင့် သဘာဝ သိပ္ပံပညာရပ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကောင်းမြတ်သော ရေခံမြေခံများ ဖြစ်လာကြ၏။
၎င်းပြင်အာရဗ်များသည်ကုန်ကူးသန်းရောင်းဝယ်ရေးနှင့် ခရီးသွားလာရေးများဖက်တွင်လည်းလွန်စွာအားကောင်းခဲ့သူများဖြစ်ကြသည် မဟုတ်သလော။ ဖောက်ကားရောင်းဝယ်ရေးအတွက် သွားလာရင်းဖြစ်စေ၊ ခရီးသွားလာရင်း ဖြစ်စေ၊ အခြားအခြားသောလူ့အစည်းအရုံးနှင့် ယဉ်ကျေးမှုများ အသိအလိမ္မာနှင့် အကြားအမြင်များကောင်းစွာစုဆောင်းနိုင်ခဲ့ကြရာ၏။ ယင်းသို့ဖြင့် အာရဗ်များသည် ခေါမယဉ်ကျေးမှုဆိုင်ရာ သဘာဝသိပ္ပံပညာရပ်များသာမက ပါးရှင်း၊ အိန္ဒိယနှင့် တရုတ်တို့ထံမှလည်း ကောင်းစွာစုဆောင်းဆက်ခံနိုင်ခဲ့ကြရာ၏။ သို့ရာတွင် အာရဗ်များသည်
ဆက်ခံထိန်းသိမ်းရုံမျှလောက်နှင့် တင်းတိမ်ရောင့်ရဲခဲ့ကြသူများ မဟုတ်ပေ။ခေါမယဉ်ကျေးမှုမှ ဆက်ခံရရှိခဲ့ကြသည်ဆိုသော အမွေအနှစ်များကို သူ့ခေတ်နှင့်သူ့အခါအလျောက် တိုးချဲ့ခဲ့ကြသည့်နည်းတူ၎င်းတို့နှင့်ခေတ်ပြိုင်များဖြစ်ကြသောအိန္ဒိယနှင့်တရုတ်လူ့အစည်းအရုံးများမှခရီးသွား
ဟန်လွဲ ရရှိခဲ့ကြသောအရပ်ရပ်ယဉ်ကျေးမှုနှင့်အတွေ့အကြုံများ၊ အသိအလိမ္မာများကိုလည်း ကောင်းစွာတိုးချဲ့ခြင်း ပြုခဲ့ကြ၏။ အိန္ဒိယလူ့အစည်းအရုံးများမှ ရရှိခဲ့ကြသော အက္ခရာသင်္ချာနှင့် ဒဿမဂဏန်းစနစ်များကို အာရဗ်သင်္ချာပညာရှင်ကြီးများသည် ကျယ်ကျယ်
ပြန့်ပြန့်တိုးချဲ့ခြင်းပြုခဲ့ကြသည်မဟုတ်သလော။အလားတူပင်တရုတ်လူ့အစည်းအရုံးမှရရှိခဲ့သည်ဆိုသောသံလိုက်ဓါတ်ကိုလည်းအာရဗ်သင်္ဘော
သားများသည် ရေကြောင်း ကူးသန်းသွားလာရေးအတွက်လမ်းညွှန်အဖြစ်ဖြင့် တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ ကြသည်မဟုတ်သလော။ထိုမျှသာ မဟုတ်သေး။စက္ကူနှင့်ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းဆိုင်ရာအတတ်ပညာရပ်များကိုလည်းတရုတ်လူ့အစည်းအရုံးမှတင်သွင်းယူငင်လာခဲ့ပြီးနောက် ဥရောပလူ့အစည်းအရုံးများသို့ တင်ပို့ဖြန့်ြ့ဖူးခဲ့ကြသူများမှာအာရဗ်များသာ ဖြစ်ကြသည်ဆို၏။ " ဟူ၍ ဖော်ပြထားသည်ကိုတွေ့ရပါသည်။
(ဗန်းမော်တင်အောင်(၁၉၇၄)၊ သဘာဝသိပ္ပံ၊ စာ-၁၈၉)
ကျမ်းတော်မြတ်ကုရ်အာန်၏ အဆုံးအမနှင့် တမန်တော်မြတ်မုဟမ္မဒ်သခင်၏လမ်းညွှန်များကို နာခံကျင့်သုံးခဲ့သော အာရဗ်လူ့အစည်းအရုံး၏ လူသားအကျိုးပြုဆောင်ရွက်ပုံများမှာဂုဏ်ယူလေးစားဖွယ်ရာဖြစ်ရပါသည်။ကျမ်းမြတ်ကုရ်အာန်အကြောင်းဆက်၍ဆိုရပေဦးမည်။
ကျမ်းမြတ်ကုရ်အာန်သည် လောကခပ်သိမ်းအတွက် အဆုံးအမတော်ဖြစ်သည်။ (ကုရ်အာန် ခွေလိပ်ထားခြင်းကဏ္ဍ၊ ၈၁း၂၇)
ကုရ်အာန်ကျမ်းမြတ်သည် အလ္လာဟ်အရှင်မြတ်၏ မုက္ခပါဌ်တော်ဖြစ်သည်။ ကုရ်အာန်ကျမ်းမြတ်သည် ယနေ့တိုင် ကမ္ဘာအရပ်ရပ်ရှိမွတ်စလင်မ်တို့၏ လက်များတွင်လည်းကောင်း၊ကုရ်အာန်ကျမ်းမြတ်ကိုစ၊လယ်၊ဆုံးအာဂုံဆောင်ထားကြသော(ဟာဖစ်)အာဂမရေတို့၏နှလုံးသားများတွင်လည်း
ကောင်း၊ တည်ရှိနေပေသည်။ ကမ္ဘာအရပ်ရပ်တွင်ကုရ်အာန်ကျမ်းမြတ် အစောင်ပေါင်း၊ အသင်္ချေ၊ အသင်္ချာရှိငြား သော်လည်းတစ်စောင်နှင့်
တစ်စောင် ပုဒ်၊ ပဒ၊ သရ၊ သုညမှအစ ကွဲပြားမှုအလျဉ်းမရှိဘဲ ပကတိအတိုင်း လုံးလုံး လျားလျား တစ်မျိုးတည်း တစ်စားတည်းပင်ရှိနေသည်မှာ ကုရ်အာန်ကျမ်းမြတ်၏ ထူးခြားချက်တစ်ရပ်ဖြစ်သည်။
(မြန်မာ့စွယ်စုံကျမ်း၊ အတွဲ၁၅၊ (၁၉၇၆)။ မောင်လာနာဃာဇီ မိုဟမ္မဒ်ဟာရှင်၊အစ္စလာမ်အယူဝါဒ။ စာ-၃၃၃)
ကုရ်အာန်ဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ များစွာရွတ်ဖတ်သောကျမ်းဟူ၍ ဖြစ်သည်။ ကုရ်အာန်ကျမ်းကို အစ္စလာမ်ဘာသာဝင်တို့က
အမြဲရွတ်ဖတ်သရဇ္ဈာယ် ခြင်းပြုကြသည်။ ဤသည်ကိုရည်၍ စာပေလေ့လာသူတို့က ယင်းကျမ်းသည် ကမ္ဘာပေါ်ရှိ လူဦးရေအများဆုံး ဖတ်ရှုသော
ကျမ်းဖြစ်သည်ဟု ဆိုစမှတ်ပြုကြပါသည်။
[မောင်တင် (၁၉၇၄)၊ အာရဗ်စာပေသမိုင်း၊ ကမ္ဘာ့စာပေအညွှန်း၊ (အိန္ဒိယ၊အီရန်၊ အာရဗ်စာပေသမိုင်း)၊ စာ-၉၁၊ ရန်ကုန်၊ စာပေဗိမာန်]
အစ္စလာမ်ဘာသာနှင့် စပ်လျဉ်း၍ ဆရာမောင်ဆုရှင်က ဤသို့ရှုမြင်ပါသည်။" အစ္စလာမ်ဘာသာ၌ ဤအမည်နာမတော်ကပင် နာခံခြင်း
(Submission to God)ဟူသောအဓိပ္ပာယ်ကိုဆောင်သည်ဟုနားလည်ရပါသည်။အရှင်မြတ်၏အမိန့်တော်ကိုနာခံခြင်းဖြစ်ကြောင်းကိုလည်း
သဘောပေါက်ပါသည်။
ထို့အပြင် ဤဘာသာဝင်တို့သည် သဒ္ဓါယုံကြည်မှုရှိအပ်သော စိတ်ထားကိုလည်း ပိုင်ဆိုင်သူများဖြစ်သည်ဟု သဘောပေါက်ရပါသည်။ ထိုမျှမက အစ္စလာမ်ဘာသာဝင်များသည် အချိန်မှန်ဝတ်ပြုဆုတောင်းသူများ၊ လှူဒါန်းပေးကမ်းသူများ၊ဝါဆောင်သူများ၊ ဘုရားဖူးခရီးသွားသူများအဖြစ်လည်း သဘောပေါက်ရပါသည်။ကျွန်တော်တို့အနက် အဓိပ္ပာယ်ဖွင့်ဆိုရလျှင် ဤဘာသာဝင်တို့သည်ပင်လျှင်သာတူညီမျှ ဝါဒကျင့်သုံးသူများ၊ လူသားအချင်းချင်းကို ညီရင်းအစ်ကိုသဖွယ်သဘောထားသူများ၊ အချင်းချင်းကြင်နာသနားတတ်သူများ၊ လောကတွင် အမှန်တရားဟူသည်ကို ယုံကြည်လက်ခံလိုလားသူများ၊ ဘာသာအဆုံးအမနှင့်အညီနေ့စဉ် ကျင့်ကြံအားထုတ်သူများဟူ၍ဆိုလျှင် လွဲမှားစရာအကြောင်းမရှိပါ။
လူ့ယဉ်ကျေးမှုများထွန်းကားမှုရှုထောင့်မှကြည့်လျှင်ဤဘာသာတရားကိုသက်ဝင်ကြည်ညိုမှုမှအကြောင်းပြု၍ပေါ်ပေါက်သောလူ့လောကကောင်း
ကျိုးဆောင်ပညာရပ်များလည်း ဖွံ့ဖြိုးကြွယ်ဝလာခဲ့သည်ကို ကမ္ဘာ့သမိုင်းဖြစ်ရပ်များ၌တွေ့ရပါသည်။ ထိုကောင်းကျိုးဆောင်ပညာရပ်များမှ အနုပညာရပ်များဗိသုကာပညာသဘောများ၊ အခြေခံသိပ္ပံပညာအချက်အလက်များ၊ဒဿနိကအတွေးအခေါ်များ၊ ဆေးဝါးကုသရေးပညာများ၊ နက္ခတ်ပညာရပ်များ၊တရားဥပဒေဆိုင်ရာ အတွေးအခေါ်များ၊ စသည်တို့ဖြစ်ကြပါသည်။
[မောင်ဆုရှင်၊ (၁၉၉၈)၊ အိမ်နီးချင်းကောင်းများ တိုးပွားဖို့၊ ပြည့်အားမာန်မဂ္ဂဇင်း၊ ၃၂-၃၄]

No comments:
Post a Comment