ဒီအပါတ်မှာ ကျွန်တော်တင်ပြမှာကတော့ “ခေတ်မီရေး”ဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်။ အကြောင်း ကတော့
ယေဘုယျအားဖြင့်
ခေတ်အဆက်ဆက်မှာ လူ့အဖွဲ့အစည်းတွေဟာ ခေတ်မီလိုကြပါတယ်။ အထူး သဖြင့် လူငယ်တွေပေါ့။
ဒါပေမယ့်
ခေတ်မီရေးဆိုတဲ့ အဓိပ္ပါယ်နဲ့ ရည်ရွယ်ချက်ကို နားလည်သဘောပေါက်ပုံ ကွာခြားမှုအပေါ်မှာ
ကြိုးပမ်းတဲ့နည်းလမ်းတွေလည်း
ကွဲပြားသွားကြပြီးတချို့ကိစ္စတွေမှာလူ့အဖွဲ့အစည်း ဖွံ့ဖြိုး တိုးတက်ရေးအတွက်ဟန့်တားဖျက်ဆီးတဲ့
ပြဿနာတွေ ပေါ်ပေါက်လာလေ့ရှိနေပါတယ်။
ခေတ်မီရေးတိုင်းတာမှုများ
ဥပမာ--အချို့လူတွေဟာ ၀တ်စားဆင်ယင်ပုံ၊ စားသောက်ပုံနဲ့ ခံစားမှု(သီချင်း)လောက်ကိုသာ ခေတ်မီ
ရေးအဖြစ်
ကြိုးစားကြတဲ့အခါ မိမိရဲ့လူမျိုးနဲ့ ဘာသာတရားမှာရှိတဲ့ တန်ဖိုးတွေကို
အထင်သေးလာကြပြီး မိမိရဲ့
လူ့အဖွဲ့အစည်းအတွင်းမှာ
ပဋိပက္ခ ပေါ်လာပါတော့တယ်။ တချို့မှာကျတော့ လူကြီးနဲ့လူငယ်အပါအ၀င် မျိုးဆက်ကွာဟာမှု(Generation Gap)ကို
အကြောင်းပြုပြီး အမြင်မတူမှုတွေ ပေါ်ပေါက်လာပါတယ်။
မွတ်စလင်မ်လူ့အဖွဲ့အစည်းထဲမှာကြည့်မယ်ဆိုရင်လည်း
ခေတ်မီရေးနဲ့ပတ်သက်လို့အမြင်မတူမှုတွေတွေ့
ရပါ လိမ့်မယ်။
1. လက်ရှိကြုံတွေ့နေရတဲ့ ဘ၀ပြဿနာတွေကို
ကုရ်အာန်နဲ့ စွန်နဟ်ရဲ့အလင်းရောင်အောက်မှာ ဆင်ခြင်တုံတရားကို
အသုံးချဖြေရှင်းဖို့ကြိုးစားတဲ့အုပ်စု
2. ခေတ်မီစရာလည်းမလိုဘူး။ အသိဥာဏ်ကို
အသုံးချစရာလည်းမလိုဘူး။ မိရိုးဖလာနဲ့ ပတ်ဝန်းကျင်အစဉ်အလာအတိုင်းသာ
ဆက်လက်ကျင့်သုံးသွားဖို့လိုတဲ့အုပ်စု
3.
အတိတ်ခေတ်မွတ်စလင်မ်တို့ရဲ့ ရွှေထီးဆောင်းတဲ့ခေတ်အကြောင်း
ဂုဏ်ယူပြောဆိုနေကြပေမဲ့ လက်ရှိမိမိတို့ရဲ့လူ့အဖွဲ့အစည်းဖွံ့ဖြိုးရေးအတွက်
ဘာမှပါဝင်ဆောင်ရွက်ခြင်းမရှိတဲ့အုပ်စု။
4. မိမိတို့ရဲ့
လက်ရှိကြုံတွေ့နေရတဲ့ဘ၀ပြဿနာများကို ကြိုးပမ်းဖြေရှင်းဖို့မကြိုးစားဘဲ မိမိတို့အရင်
မျိုးဆက်များကိုပြစ်တင်ဝေဖန်နေတဲ့အုပ်စု
5. ကုရ်အာန်ကပြဆိုထားတဲ့ လမ်းညွှန်နဲ့
တမန်တော်မြတ်ရဲ့စံနမူနာတွေကိုလေ့လာလိုက်စားပြီး ဘ၀မှာ
လက်တွေ့အကောင်အထည်ဖေါ်ဆောင်ရွက်ရမယ့်အစား အလ္လာဟ့်ထံဆုတောင်းရုံသက်သက်နဲ့ ကယ်တင်ရှင်မျှော်နေတဲ့အုပ်စု
စသည်ဖြင့် တွေ့မြင်နိုင်မှာဖြစ်ပါတယ်။
• လူမှုရေးပညာရှင်တွေအနေနဲ့ ခေတ်မီရေုးဆိုတာကို လူတစ်ဦးချင်းရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ဆန်းစစ်ကြပါတယ်။အထူးသဖြင့် ခေတ်အပေါ်ကို တုံ့ပြန်မှုအပေါ် လေ့လာခြင်းပါ။
• နိုင်ငံရေးသိပ္ပံပညာရှင်တွေကတော့ ခေတ်မီရေးကို
အဖွဲ့အစည်းတွေရဲ့စွမ်းဆောင်ရည်နဲ့ တိုင်းကြပါတယ်။
• ဘောဂဗေဒပညာရှင်တွေကတော့ GDP လို့ခေါ်တဲ့ စုစုပေါင်းပြည်တွင်းထုတ်ကုန်တန်ဖိုး။
တစ်ဦးချင်းဝင်ငွေစတဲ့အချက်တွေနဲ့
ခေတ်မီရေးကို တိုင်းတာကြပါတယ်။
• ဒါကြောင့် နိုင်ငံတစ်နိုင်ငံခေတ်မီရေးအတွက်ဆိုရင် အဲဒီနိုင်ငံမှာရှိတဲ့ လူ့အဖွဲ့အစည်းအသီးသီး မှာရှိတဲ့လူသားအရင်းအမြစ်
(Human Resources) ဘက်စုံဖွံ့ဖြိုးတိုးတက်မှုလည်း လိုအပ်ပါ တယ်။
ခေတ်မီရေးသုတေသန
အမေရိကန်နိုင်ငံ၊ ဟားဗတ်တက္ကသိုလ်မှ အဲလက်အင်ကယ်လီနဲ့ ဒေးဗစ်စမစ်တို့ဦးဆောင်တဲ့
သုတေသနအဖွဲ့က၁၉၇၄ခုနှစ်လောက်က
ဖွံ့ဖြိုးဆဲ(၆)နိုင်ငံဖြစ်တဲ့
အာဂျင်တီးနား၊ ချီလီ၊ အိန္ဒိယ၊ အစ္စရေး၊
နိုင်ဂျီးရီးယားနဲ့ပါကစ္စတန်တို့ကလူငယ်(၆၀၀၀)ကျော်ကို တွေ့ဆုံမေးမြန်းပြီး
တွေ့ရှိချက်တွေ အပေါ်မှာ
Becoming Modern(ခေတ်မီလာရေး)ဆိုတဲ့စာအုပ် တစ်အုပ်ထုတ်ဝေခဲ့ပါတယ်။
ခေတ်မီလူသားရဲ့ဝိသေသလက္ခဏာ(၄)ရပ်ကိ
ုပြဆိုထားပါတယ်။
(၁) အသိပညာ
(Knowledge)နဲ့ ထိတွေ့ယဉ်ပါးတဲ့စိတ်
မိမိဖြတ်သန်းနေထိုင်တဲ့ခေတ်ကို ကျယ်ကျယ်ပြန့်ပြန့်နားလည်လိုခြင်း၊ တစ်နည်းပြော
ရရင် သူနဲ့သူ့ခေတ်ရဲ့
လူမှုအပြောင်းအလဲများနဲ့ ချိတ်ဆက်မှု (Contact with Social Changes)ပဲဖြစ် ပါတယ်။
(၂) ထက်မြက်တဲ့ကိုယ်ရည်ကိုယ်သွေး
တစ်ဦးချင်းစွမ်းဆောင်ရည်
(Personal Effeciency)ကိုအလေးထားခြင်း
လတ်တလောအကျိုးသက်ရောက်မှုတစ်ခုတည်းနဲ့ဆုံးဖြတ်လို့မရသလို နိမ့်ကျတဲ့
အရည်အချင်းတွေနဲ့ခေတ်မမီနိုင်လို့ဆိုပါတယ်။
(၃) အတွေးလွတ်လပ်မှု
အဖြစ်အပျက်တွေကိုကြည့်တဲ့နေရာမှာ ခေါက်ရိုးကျိုးနေတဲ့အမြင် (Paradigm)များက
ခွါကြည့်တတ်ဖို့လိုတယ်လို့
ဆိုပါတယ်။
ရွေးစရာတွေကြုံလာရင် သူ့ရဲ့အပြုအမူဖြစ်ပါတယ်။
ဥပမာ-အထူးပြုဘာသာရပ်၊အိမ်ထောင်ဖက်ရွေးချယ်ရာမှာအတွေးအခေါ်လွတ်လပ်မှုရေချိန်ဘယ်လောက်ရှိ
သလဲဆိုတာ ဖေါ်ပြတတ်ပါတယ်။
(၄) ဖွင့်ထားသောစိတ်
လောကီကိစ္စတွေမှာ အကြွင်းမဲ့အမှန်တရားကို
တစ်ဆင့်ပြီးတစ်ဆင့်သာသွားနိုင်ပါ တယ်။ဒါအမှန်ပဲလို့ပြောလိုက်တာနဲ့
မစဉ်းစားမဆင်ခြင်ဘဲ အသိဥာဏ်တံခါး
မပိတ်အပ်ပါဘူး။ အပြောင်းအလဲတွေကိုတုံ့ပြန်တဲ့နေရာမှာ
အလွယ်တကူလက်ခံလိုက်တာမျိုးနဲ့ တရားသေဆုပ်ကိုင်တာ မျိုး
နှစ်မျိုးစလုံးကိုရှောင်ရှားပြီးပျော့ပြောင်းမှု
(Flexibility)ရှိဖို့လိုအပ်ပါတယ်။
တကယ်တော့ဒီအချက်တွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း(၁၄၀၀)ကျော်ကတည်းက ကုရ်အာန်
ကျမ်းမြတ်မှာဖေါ်ပြထားပြီးဖြစ်ပါတယ်။
ခေတ်မီရေးအပေါ်အစ္စလာမ့်အမြင်
အစ္စလာမ်ဆိုတာ အနှိုင်းမဲ့ကိုးကွယ်ရာကို နာခံအပ်နှင်းခြင်းဖြင့် ငြိမ်းချမ်းမှုရရှိခြင်းလို့ အဓိပ္ပါယ်ရပါတယ်။
သက်ရှိသက်မဲ့လောကခပ်သိမ်း၊ စကြ၀ဠာခပ်သိမ်းကျင့်သုံးနေတာ အစ္စလာမ်ပါ။
ကမ္ဘာဂြိုဟ်ပေါ်မှာလည်းလူ့သမိုင်းစကတည်းက
လူသားဘုရားလို့ခေါ်တဲ့ နဗီတမန်တော်အလင်းပြ ပုဂ္ဂိုလ်များ ခေတ်အသီးသီးမှာ ဟောကြားခဲ့တာအစ္စလာမ်ပါ။ နောက်ဆုံးတမန်တော်ချုပ် မုဟမ္မဒ်
သခင်(ဆွ)ဟောခဲ့တာလည်းအစ္စလာမ်ပါ။ဒါပေမယ့်ထူးခြားတာကတမန်တော်မုဟမ္မဒ်(ဆွ)မတိုင်မီပေါ်ထွန်း
ခဲ့ကြတဲ့ နဗီတမန်တော် လူသားဘုရားတွေက သူတို့ရဲ့ဟောကြားချက်တွေဟာ
ခဲ့ကြတဲ့ နဗီတမန်တော် လူသားဘုရားတွေက သူတို့ရဲ့ဟောကြားချက်တွေဟာ
နောက်ဆုံး
မဟုတ်ကြောင်း၊
ဟောစရာများ ကျန်ရှိနေသေးကြောင်း၊ နောက်ဆုံးပွင့်မယ့်
အလင်းပြပုဂ္ဂိုလ်ခေတ် ရောက်မှပြီးပြည့်စုံမှာဖြစ်ကြောင်း
အတိအလင်းကြေညာသွားခဲ့ကြပါတယ်။ ဒါပေမယ့်
တမန်တော်ချုပ်မုဟမ္မဒ်သခင်(ဆွ)ပေါ်ထွန်းပြီး
နောက်ဆုံးဟဂ်ျပြုချိန်မှာ အနှိုင်းမဲ့ကိုးကွယ်ရာ
မြတ်အလ္လာဟ်ကအစ္စလာမ်ဘ၀တည်ဆောက်မှုလမ်းစဉ်ဟာ
ပြီးပြည့်စုံပြီလို့ အခုလို ကြေညာခဲ့ပါတယ်။
“...ယနေ့သော်ကားငါအရှင်မြတ်သည်အသင်(လူသား)တို့အတွက်အသင်တို့၏ဘ၀တည်ဆောက်မှု
လမ်းစဉ်ကိုပြီးပြည့်စုံစေတော်မူလိုက်ပြီ။ငါအရှင်မြတ်၏ကျေးဇူးတော်များကိုလည်းအသင်တို့
အပေါ်၌ပြည့်ဝစုံလင်စေတော်မူလိုက်ပြီ။အစ္စလာမ်ကိုလည်းအသင်တို့အတွက်ဘ၀တည်ဆောက်မှု
လမ်းစဉ် အဖြစ် ရွေးချယ်နှစ်မြို့တော်မူလိုက်ပြီ...” (ကုရ်အာန်၅း၃)
လမ်းစဉ်ကိုပြီးပြည့်စုံစေတော်မူလိုက်ပြီ။ငါအရှင်မြတ်၏ကျေးဇူးတော်များကိုလည်းအသင်တို့
အပေါ်၌ပြည့်ဝစုံလင်စေတော်မူလိုက်ပြီ။အစ္စလာမ်ကိုလည်းအသင်တို့အတွက်ဘ၀တည်ဆောက်မှု
လမ်းစဉ် အဖြစ် ရွေးချယ်နှစ်မြို့တော်မူလိုက်ပြီ...” (ကုရ်အာန်၅း၃)
ဒါကြောင့်အစ္စလာမ်မှာ
တစ်ဦးချင်းနဲ့
လူ့အဖွဲ့အစည်း၊ ရုပ်နဲ့နာမ်၊ လောကီရေးနဲ့
တမလွန်ရေး တွေကို လက်တွေ့ကျကျဘက်ပေါင်းစုံက
ပြီးပြည့်စုံစွာလမ်းညွှန်ထားပါတယ်။ အစ္စလာမ်ရဲ့လမ်းညွှန် ချက်တွေမှာ
အတိတ်ခေတ်(၇)ရာစုမှာသာရပ်တန့်မနေစေဘဲ ကိယာမသ်ရှင်ပြန်ထမြောက်ရမယ့်နေ့
တိုင်အောင်
ခေတ်အသီးသီးအတွက် တိုးတက်ဖွံ့ဖြိုးနိုင်စွမ်း၊တီထွင်ဖန်တီးနိုင်စွမ်းတွေ
ပါဝင်နေပြီဖြစ်
ပါတယ်။ဒါကြောင့်လည်းအတိတ်သမိုင်းမှာအင်ပါယာကြီးများအဖြစ်ကမ္ဘာ့ယဉ်ကျေးမှုထူထောင်
ပေးနိုင်ခဲ့တာ
အထင်အရှားတွေ့နေရတာပါ။ဒီအပြင် အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်က
ကုရ်အာန်ကျမ်းမြတ်ကိုလူသားထုတစ်ရပ်လုံးအတွက်နောက်ဆုံးလမ်းညွှန်အဖြစ်ထုတ်ပြန်ပို့ချပေးခြင်ဖြစ်ကြောင်း၊
ဒီလိုလမ်းညွှန်ဖြစ်ကြောင်းမျက်စိမှိတ်ယုံစရာမလိုဘဲဆင်ခြင်စမ်းသပ်လိုသူတွေအတွက်ထင်ရှားတဲ့သက်သေသာ
ဓကများ ကုရ်အာန်အတွင်းမှာပင်ပါဝင်ကြောင်း၊ဒါကြောင့်ခေတ်အဆက်ဆက်လူသားတွေအနေနဲ့မိမိတို့ရဲ့ ၀ိဇ္ဇာ၊ သိပ္ပံ၊ အသိပညာနည်းပေါင်းစုံနဲ့ကုရ်အာန်ကိုသုတေသနပြုစစ်ဆေးကြရန်ဖိတ်ခေါ်ထားပြီးအကယ်၍ လက်ခံပြီဆိုရင်တော့ကုရ်အာန်ဟာသူု့ဘ၀အတွက်အမှားအမှန်ခွဲခြားတဲ့မှတ်ကျောက်(ဖုရ်ကာန်)ဖြစ်ကြောင်း လမ်းညွှန်ထားပါတယ်။ (ကုရ်အာန် ၂း၁၈၃၊ ၂၇း၂၄)။
ဒီအပြင်တမန်တော်ချုပ် မုဟမ္မဒ်သခင်(ဆွ)ဟာ ကုရ်အာန်ကိုလက်တွေ့ပုံဖေါ်ပြခဲ့တဲ့ “အကောင်းဆုံးစံနမူနာရှင်”(အုစ်ဝသွန့်န်၊ဟစနဟ်)ဖြစ်ကြောင်း၊ အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်ကိုယ်တိုင်က ကြေညာထားပါတယ်။
(ကုရ်အာန် ၃၃း၂၁)
ဓကများ ကုရ်အာန်အတွင်းမှာပင်ပါဝင်ကြောင်း၊ဒါကြောင့်ခေတ်အဆက်ဆက်လူသားတွေအနေနဲ့မိမိတို့ရဲ့ ၀ိဇ္ဇာ၊ သိပ္ပံ၊ အသိပညာနည်းပေါင်းစုံနဲ့ကုရ်အာန်ကိုသုတေသနပြုစစ်ဆေးကြရန်ဖိတ်ခေါ်ထားပြီးအကယ်၍ လက်ခံပြီဆိုရင်တော့ကုရ်အာန်ဟာသူု့ဘ၀အတွက်အမှားအမှန်ခွဲခြားတဲ့မှတ်ကျောက်(ဖုရ်ကာန်)ဖြစ်ကြောင်း လမ်းညွှန်ထားပါတယ်။ (ကုရ်အာန် ၂း၁၈၃၊ ၂၇း၂၄)။
ဒီအပြင်တမန်တော်ချုပ် မုဟမ္မဒ်သခင်(ဆွ)ဟာ ကုရ်အာန်ကိုလက်တွေ့ပုံဖေါ်ပြခဲ့တဲ့ “အကောင်းဆုံးစံနမူနာရှင်”(အုစ်ဝသွန့်န်၊ဟစနဟ်)ဖြစ်ကြောင်း၊ အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်ကိုယ်တိုင်က ကြေညာထားပါတယ်။
(ကုရ်အာန် ၃၃း၂၁)
ဒါကြောင့် ယေဘုယျအားဖြင့် လူသားတိုင်း
ခေတ်မီဖို့ဆိုရင် ခေတ်တိုင်းအတွက် ကုရ်အာန်ဟာ
ခေတ်တိုင်းအတွက်ထာဝရတန်ဖိုးများ(Permanent
Values)
တွေဖြစ်ပြီး တမန်တော်မြတ်ရဲ့ဘ၀ဟာ စံနမူနာ(norms)တွေပဲ ဖြစ်ပါတယ်။
ဒီ့အပြင် အနှိုင်းမဲ့ကို။ကွယ်ရာ မြတ်အလ္လာဟ်က
မွတ်စလင်မ်တွေ ကို သူတစ်ပါးရဲ့တီထွင်ကြံဆမှုနဲ့
ဖွံ့ဖြိုးတိုးတက်မှုနောက်ကိုသာ လိုက်မနေကြဘဲ
ကုရ်အာန်နဲ့ တမန် တော်မြတ်ရဲ့
စံနှုန်းတွေကိုလက်တွေ့ပုံဖေါ်ကျင့်သုံးခြင်းဖြင့် ဘယ်ခေတ်မှာမဆို
သူတကာတွေရဲ့ထိပ်ကိုအမြင့်ဆုံးရောက်ရှိနိုင်ကြောင်း၊ကမ္ဘာဂြိုဟ်ကိုဆက်ခံတဲ့ခလီဖဟ်များ(၀ါ)ကမ္ဘာဂြိုဟ်ကို
စီမံခန့်ခွဲ
သူများဖြစ်နိုင်ကြောင်း ကတိပေးလမ်းညွှန်ထားပါတယ်။(ကုရ်အာန်
၃း၁၃၉၊ ၂၄း၅၆)။ မွတ်စလင်မ် တိုင်းအတွက် ခေတ်မီရေးထက် ခေတ်ကိုဦးဆောင်သူဖြစ်ဖို့အရေးကြီးပါတယ်။
ခေတ်ကိုနားမလည်က
ဆုံးရှုံးမည်
ဒီ့အပြင် အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်က
အဆွရ်လို့ခေါ်တဲ့ ညနေချိန်(သို့မဟုတ်)ခေတ်
ကာလကိုတိုင်တည်ပြီး ခေတ်ကိုနားမလည်၊ အသုံးမချတတ်သူတွေ ဆုံးရှုံးကြမှာဖြစ်ကြောင်း၊ ဒါပေမယ့်
အမှန်တရားကိုသက်ဝင်ယုံကြည်ခြင်း၊ကုရ်အာန်ရဲ့လမ်းညွှန်ချက်အတိုင်း ကောင်းမြတ်တဲ့လုပ်ရပ်တွေ ပြုလုပ်ခြင်း၊
အမှန်တရားနဲ့ပတ်သက်ပြီး တိုက်တွန်းနှိုးဆော်ခြင်း၊ အမှန်တရားအပေါ် ရပ်တည်တဲ့အတွက်ကြုံတွေ့ရတဲ့
အခက်အခဲတွေအပေါ် ကြံ့ခိုင်ခြင်းဆိုတဲ့ ၀ိသေသ(၄)ရပ်နဲ့ ပြည့်ဝတဲ့သူတွေ ဘယ်ခေတ်ရောက်ရောက် ဆုံးရှုံးမှာမဟုတ်ကြောင်း
လမ်းညွှန်ထားပါတယ်။ (ကုန်အာန် ၁၀၃း၁-၃)
ဒီ့အပြင်
အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်က
အတိတ်ခေတ်အသီးသီးမှာ ပေါ်ထွန်းခဲ့ကြတဲ့ လူသား
အလင်းပြပုဂ္ဂိုလ်နဗီတမန်တော်များနဲ့အလ္လာဟ်ထုတ်ပြန်ပို့ချခဲ့တဲ့ကျမ်းတွေရဲ့သမိုင်းနဲ့အမှန်တရားကို
ငြင်းပယ်
ခဲ့ကြတဲ့အတွက်ဆုံးရှုံးပျက်စီးခဲ့ကြတဲ့ လူ့အဖွဲ့အစည်းတွေအကြောင်း လေ့လာပြီး သင်ခန်းစာယူဖို့ကို လည်း လမ်းညွှန်ထားပါတယ်။
ခဲ့ကြတဲ့အတွက်ဆုံးရှုံးပျက်စီးခဲ့ကြတဲ့ လူ့အဖွဲ့အစည်းတွေအကြောင်း လေ့လာပြီး သင်ခန်းစာယူဖို့ကို လည်း လမ်းညွှန်ထားပါတယ်။
(ကုရ်အာန်
၅၂း၂၅၊ ၃း၈၁၊ ၃၅း၂၄၊ ၁၃း၃၈၊ ၂၉း၁၄-၁၅၊ ၅၉း၁၉၊ ၇း၇၈၊ ၂း၂၁၄၊ ၁၁း၇၈၊ ၁၅း၆၇-၇၂၊ ၁၀း၉၁-၉၂၊
၎း၁၅၇)
ဒီ့အပြင် အလ္လာဟ်အရှင်မြတ်က စကြ၀ဠာကြီးကို
ကာလကြီး၆-ခု(၀ါ)၆-ရက်ဖြင့် ကြီးကျယ်ခမ်းနားစွာ ဖန်ဆင်းခဲ့ကြောင်း၊လူသားတို့အနက် အကျင့်အမူအားဖြင့် မည်သူဟာ
အကောင်းဆုံး၊ အလှဆုံးဖြစ်တယ် ဆိုတာထင်ရှားပေါ်လွင်စေလိုရန်ဖြစ်ကြောင်း၊ စကြ၀ဠာကြီးရဲ့
နောက်ဆုံးနေ့ကို ယုံကြည်ရမှာဖြစ်ကြောင်း၊ရှင်ပြန်ထမြောက်ရမယ့်နေ့မှာ တရားစီရင်စစ်ဆေးမှာဖြစ်ကြောင်း သွန်သင်ထားပါသေးတယ်။ (ကုရ်အာန်
၁၁း၇၊ ၂၄း၂၄-၂၅)
ဒါကြောင့် မွတ်စလင်မ်တစ်ဦးအနေနဲ့ မိမိဖြတ်သန်းနေရတဲ့ ခေတ်သာမကဘဲ
အတိတ်ခေတ်များနဲ့
အနာဂတ်အချိန်အတွေအကြောင်း
စကြ၀ဠာနဲ့ယှဉ်ပြီး ကျယ်ကျယ်ပြန့်ပြန့်သိဖို့လိုအပ်ပါတယ်။
နပ်ဖ်ဝိဥာဉ်သန့်စင်ဖွံ့ဖြိုးရေး(၀ါ)ထက်မြက်သောကိုယ်ရည်ကိုယ်သွေး
မွတ်စလင်မ်လူ့အဖွဲ့အစည်းဝင်တစ်ဦးချင်းအနေနဲ့
ရုပ်ခန္ဓာသန့်ရှင်းစင်ကြယ်ရေးကို နေ့စဉ်ဂရုစိုက်နေရ
ပါတယ်။ဥပမာ-နေ့စဉ်(၅)ကြိမ်ဝတ်ပြုဖို့ရုပ်ခန္ဓာ၊အ၀တ်အစား၊
နေရာသန့်စင်ဖို့သတိထားဆောင်ရွက်ကြရပါ တယ်။ ဒီ့အပြင်မိမိရဲ့စိတ်နဲ့
ဝိဥာဉ်သန့်စင်ဖွံ့ဖြိုးရေးကိုလည်း အမြဲတန်းကြိုးပမ်းနေကြရမှာဖြစ်ပါတယ်။ (ကုရ်အာန်
၉၁း၇-၁၀)။
တစ်ဦးချင်းရဲ့ ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးရေးသာမက လူ့အဖွဲ့အစည်းသန့်စင်ဖွံ့ဖြိုးရေး ကိုလည်း
အမြဲဆောင်ရွက်နေရမယ့်အကြောင်း၊ ဒါမှခေတ်ကိုဦးဆောင်နိုင်သူတွေဖြစ်မယ့်အကြောင်း လမ်းညွှန်
ထားပါတယ်။
(ကုရ်အာန် ၃း၁၀၃-၁၀၄)။
ဒီ့အပြင် လူ့အဖွဲ့အစည်းနဲ့ အနာဂါတ်မျိုးဆက်သစ် သန့်စင်ရေး
အတွက်
တရားဝင်ထိမ်းမြားမှုမရှိဘဲ
ဖို-မ လိင်ဆက်ဆံခြင်း၊ သဘာဝတရားကိုဆန့်ကျင်တဲ့ လိင်တူဆက်ဆံခြင်း
တို့ကို
ပြင်းထန်စွာရှုတ်ချတားမြစ်ထားခြင်းဖြင့်
ကာကွယ်ထားပါတယ်။ဥပမာ-တရားမ၀င်လိင်ဆက်ဆံရင် ကြိမ်ဒဏ်
၁၀၀သတ်မှတ်ထားပါတယ်။ အရက်ကိုအလုပ်သဘောသောက်မှ၊တရားမ၀င်လိင်ဆက်ဆံမှုကို
ခွင့်ပြုမှခေတ်မီတယ်လို့သတ်မှတ်တဲ့လူ့အသိုင်းအ၀န်းမှာမွတ်စလင်မ်တွေဟာဒီလိုအကုသိုလ်အလုပ်တွေကို
လိုက်လုပ်စရာမလိုပါဘူး။ ဒီလိုလုပ်ရပ်တွေကို လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို ဖျက်ဆီးမဲ့လုပ်ရပ်တွေအဖြစ်
အလ္လာဟ်ကတားမြစ်ထားလို့ပါပဲ။ ခေတ်မမီစေဘဲ
ခေတ်ပျက်စေမဲ့ လုပ်ရပ်ဆိုးတွေဖြစ်ပါတယ်။အလားတူ
အတိုးအညွန့်စားမှ၊ ချဲထီအပါအ၀င်
လောင်းကစားလုပ်မှ ခေတ်မီတယ်လို့သတ်မှတ်တဲ့ အသိုင်းအ၀န်းမှာ
မွတ်စလင်မ်တွေလိုက်လုပ်စရာမလိုပါဘူး။
ခေတ်ကိုဦးဆောင်မဲ့မွတ်စလင်မ်ဆိုတာလူလူချင်းစာနာထောက်
ထားတဲ့၊လက်တွေ့ကျတဲ့မေတ္တာထားတဲ့ အတိုးမဲ့ချေးငွေနဲ့ ကူညီရပါတယ်။
သူတစ်ပါးအပေါ်မှီခိုတာထက် ကိုယ်တိုင်တရားဝင်စီးပွားရှာဖွေစားသောက်ပြီး
ဇကားသ်စနစ်နဲ့
လူ့အဖွဲ့အစည်းအတွင်းမှ ဒုက္ခသည်များကို
ကူညီမြှင့်တင်ပေးခြင်း၊အလှူဒါနပြုခြင်းတို့ကို ဆောင်ရွက်ရမှာဖြစ်ပါတယ်။
ဒါကြောင့်
တမန်တော်မြတ်(ဆွ)က “အထက်လက်ဟာ--အောက်လက်ထက်ပိုမြတ်တယ်--’’လို့ဆိုခဲ့တာပါ။ အများမိုးခါးရေသောက်လို့လိုက်သောက် တာ ခေတ်မီတာမဟုတ်ပါဘူး။
မိမိရဲ့မှန်ကန်တဲ့ယုံကြည်ချက်အပေါ်မှာ သစ္စာစောင့်သိခြင်းသာ ခေတ်ရဲ့
ဦးသျှောင် သူမွန်သူမြတ်တို့ရဲ့
သင်္ကေတဖြစ်ပါတယ်။
အတွေးလွတ်လပ်ခြင်း
အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်က လူသားကိုဆင်ခြင်တုံတရားနဲ့ လွတ်လပ်စွာရွေးချယ်လုပ်ပိုင်
အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်က လူသားကိုဆင်ခြင်တုံတရားနဲ့ လွတ်လပ်စွာရွေးချယ်လုပ်ပိုင်
ခွင့်ပေးထားပြီးနောက်အဓမ္မစနစ်ပြုမထားပါဘူး(ကုရ်အာန်၂း၂၅၆)လူသားဟာဖန်ဆင်းရှင်အလ္လာဟ်ကို
တောင်လက်ခံခွင့်(သို့မဟုတ်)ငြင်းပယ်ခွင့်ရှိနေပါတယ်။ ဒါပေမယ့် ကိုယ်ရွေးချယ်မှုရဲ့အကျိုးဆက်ကို ကိုယ်ပဲခံစားရမှာဖြစ်ပါတယ်။အစ္စလာမ်ကိုလက်မခံခင်ဘယ်သူမဆိုကုရ်အာန်ကိုလွတ်လပ်စွာဆန်းစစ်ဝေ
ဖန်ခွင့်ရှိပါတယ်။လက်ခံပြီးရင်တော့အလ္လာဟ်နဲ့တမန်တော်မြတ်ရဲ့လမ်းညွှန်နဲ့ဆန့်ကျင်တဲ့အရာကိုရွေးချယ်
လုပ်ပိုင်ခွင့် မရှိတော့ပါဘူး။(ကုရ်အာန် ၃၃း၃၆၊ ၄း၅၉)။ ဘာဖြစ်လို့လဲဆိုတော့ကုရ်အာန်ကျမ်းမြတ်ဟာ လူသားတွေခံစား နေရတဲ့ ရုပ်၊နာမ်ရောဂါပျောက်ဆေးနဲ့ကရုဏာအာဟာရဖြစ်ပြီးတမန်တော်မြတ်(ဆွ)က လူတွေပိနေတဲ့ဝန်တွေကိုချပေးဖို့အလ္လာဟ်က စေလွှတ်ခဲ့ခြင်းဖြစ်လို့ပါပဲ။ဒါကြောင့်အလ္လာဟ်နဲ့တမန်တော်မြတ်
ကိုငြင်းရင်ကောင်းခြင်းမင်္ဂလာနဲ့ကင်းဝေးမှာဖြစ်ပါတယ်။ဒါကြောင့်အစ္စလာမ့်တရားဥပဒေဆိုတာကုရ်အာန်နဲ့ စွန်နဟ်ကိုအခြေပြုတည်ဆောက်ထားခြင်းဖြစ်ပြီး“ဖိကဟ်’’ဆိုတာ ဖြေရှင်းရမယ့်ပြဿနာကိုနားလည်အောင် ကြိုးစားခြင်းပဲဖြစ်ပါတယ်။တစ်နည်းပြောရရင်လုပ်ထုံးလုပ်နည်းတွေကိုလူတွေနားလည်အောင်ရှင်းပြတဲ့အစ္စလာမ့်
သိပ္ပံပညာရပ်ပဲဖြစ်ပါတယ်။လူ့အဖွဲ့အစည်းအနေနဲ့ကုရ်အာန်နဲ့စွန်နဟ်ရဲ့ဘောင်ထဲကနေလွတ်လပ်စွာညှိနှိုင်း
တောင်လက်ခံခွင့်(သို့မဟုတ်)ငြင်းပယ်ခွင့်ရှိနေပါတယ်။ ဒါပေမယ့် ကိုယ်ရွေးချယ်မှုရဲ့အကျိုးဆက်ကို ကိုယ်ပဲခံစားရမှာဖြစ်ပါတယ်။အစ္စလာမ်ကိုလက်မခံခင်ဘယ်သူမဆိုကုရ်အာန်ကိုလွတ်လပ်စွာဆန်းစစ်ဝေ
ဖန်ခွင့်ရှိပါတယ်။လက်ခံပြီးရင်တော့အလ္လာဟ်နဲ့တမန်တော်မြတ်ရဲ့လမ်းညွှန်နဲ့ဆန့်ကျင်တဲ့အရာကိုရွေးချယ်
လုပ်ပိုင်ခွင့် မရှိတော့ပါဘူး။(ကုရ်အာန် ၃၃း၃၆၊ ၄း၅၉)။ ဘာဖြစ်လို့လဲဆိုတော့ကုရ်အာန်ကျမ်းမြတ်ဟာ လူသားတွေခံစား နေရတဲ့ ရုပ်၊နာမ်ရောဂါပျောက်ဆေးနဲ့ကရုဏာအာဟာရဖြစ်ပြီးတမန်တော်မြတ်(ဆွ)က လူတွေပိနေတဲ့ဝန်တွေကိုချပေးဖို့အလ္လာဟ်က စေလွှတ်ခဲ့ခြင်းဖြစ်လို့ပါပဲ။ဒါကြောင့်အလ္လာဟ်နဲ့တမန်တော်မြတ်
ကိုငြင်းရင်ကောင်းခြင်းမင်္ဂလာနဲ့ကင်းဝေးမှာဖြစ်ပါတယ်။ဒါကြောင့်အစ္စလာမ့်တရားဥပဒေဆိုတာကုရ်အာန်နဲ့ စွန်နဟ်ကိုအခြေပြုတည်ဆောက်ထားခြင်းဖြစ်ပြီး“ဖိကဟ်’’ဆိုတာ ဖြေရှင်းရမယ့်ပြဿနာကိုနားလည်အောင် ကြိုးစားခြင်းပဲဖြစ်ပါတယ်။တစ်နည်းပြောရရင်လုပ်ထုံးလုပ်နည်းတွေကိုလူတွေနားလည်အောင်ရှင်းပြတဲ့အစ္စလာမ့်
သိပ္ပံပညာရပ်ပဲဖြစ်ပါတယ်။လူ့အဖွဲ့အစည်းအနေနဲ့ကုရ်အာန်နဲ့စွန်နဟ်ရဲ့ဘောင်ထဲကနေလွတ်လပ်စွာညှိနှိုင်း
တိုင်ပင်ဆောင်ရွက်ခြင်း(ရှုရာ)ပြုနိုင်သလို
လူတစ်ဦးချင်းအနေနဲ့လည်း အိစ်သိခါရဟ်ဆွလာသ်ဝတ်ပြုပြီး
အလ္လာဟ်ထံမှကောင်းရာတောင်းခံနိုင်ပါတယ်။
ဖွင့်ထားသောစိတ်
ခေတ်ကိုဦးဆောင်တဲ့သူတွေဆိုတာသူများကဒါအမှန်ဘဲလို့ပြောတိုင်းမျက်စိမှိတ်မယုံမိဖို့အရေးကြီး ပါတယ်။ကမ္ဘာပေါ်မှာကုရ်အာန်တစ်အုပ်တည်းသာ“ဒွိဟသံသယကင်းသောကျမ်း"လို့ကြွေးကြော်ထားပါ တယ်။(ကုရ်အာန် ၂း၂)
ခေတ်ကိုဦးဆောင်တဲ့သူတွေဆိုတာသူများကဒါအမှန်ဘဲလို့ပြောတိုင်းမျက်စိမှိတ်မယုံမိဖို့အရေးကြီး ပါတယ်။ကမ္ဘာပေါ်မှာကုရ်အာန်တစ်အုပ်တည်းသာ“ဒွိဟသံသယကင်းသောကျမ်း"လို့ကြွေးကြော်ထားပါ တယ်။(ကုရ်အာန် ၂း၂)
ဒါကြောင့်ကိစ္စရပ်တိုင်းကို ကုရ်အာန်နဲ့မှတ်ကျောက်တင်ဖို့၊ဆန်းစစ်ဖို့လိုပါတယ်။အငြင်းပွားဖွယ်ကိစ္စတွေမှာ
ကုရ်အာန်လို့ပြောတိုင်းမလုံလောက်သေးပါဘူး။ ကုရ်အာန်ရဲ့ကဏ္ဍအမှတ်၊ အာယသ်နံပါတ်တွေ
သေချာစွာညွှန်ဖို့လိုပါမယ်။ ဒါမှဝေါဟာရတွေကို သေချာစွာ
လေ့လာစစ်ဆေးနိုင်မှာဖြစ်ပါ တယ်။ အလားတူတမန်တော်မြတ်(ဆွ)ရဲ့ ဟဒီးဆ်သြ၀ါဒလို့ပြောတိုင်း မျက်စိမှိတ်လက်ခံလို့မရပါဘူး။ အဲဒီ
ဟဒီးဆ်သြ၀ါဒဟာဘယ်ကျမ်းထဲက၊ ဘယ်ကဏ္ဍက၊
သြ၀ါဒအမှတ်ဘယ်လောက်လဲ၊ အဲဒီဟဒီဆ်ရဲ့ခိုင်မာမှု
အဆင့်အတန်းဘယ်လောက်ရှိလဲဆိုတာ
ဟဒီဆ်ပညာရပ်နဲ့တိုင်းတာဖို့ လိုအပ်ပါတယ်။
အလားတူပဲ
ခေတ်ကိုဦးဆောင်မဲ့ မွတ်စလင်မ်လူ့အဖွဲ့အစည်းဆိုတာ အသစ်အသစ်သောပြဿနာများ
နဲ့အပြောင်းအလဲများအတွက် ပညာရှင်တစ်ဦး(၀ါ)တစ်စုရဲ့ လက်တွေ့မကျတော့တဲ့
ဓမ္မသတ်ကို
တရားသေဆုပ်ကိုင်ထားခြင်းလည်းမပြုအပ်ပါဘူး။ကုရ်အာန်နဲ့စွန်နဟ်ရဲ့အလင်းရောင်အောက်မှာ ပျော့ပျောင်းမှု
(Flexibility)
နဲ့ ဆင်ခြင်တုံတရားကို အသုံးချဖြေရှင်းရမှာဖြစ်ပါတယ်။ ဖိကဟ်ဓမ္မသတ်ပညာရှင် ကြီးများရဲ့
ဓမ္မသတ်များကိုစံများအဖြစ်လည်းအသုံးချရမှဖြစ်ပါတယ်။ဒါမှသာမိမိခေတ်ရဲ့ပြဿနာများကို ဖြေရှင်းပေးနိုင်တဲ့
ခေတ်ကိုဦးဆောင်သူ(၀ါ)
ကမ္ဘာဂြိုဟ်ရဲ့ကိုယ်စားလှယ်များအဆင့်ကိုရောက်မှာဖြစ်ပါတယ်။
အနှစ်မဲ့သောခေတ်ကို
သတိပြုဆင်ခြင်ကြ
“တမန်တော်မိန့်တော်မူခဲ့သည်မှာ--
လူသားထုအနေဖြင့် ခေတ်တစ်ခေတ်နှင့်ကြုံရလတ္တံ့၊ ထိုခေတ်တွင်
အစ္စလာမ်ဟူသည် အမည်သာ ကျန်လတ္တံ့၊ကုရ်အာန်ဟူသည်လည်း
ထုံးတမ်းဓလေ့သာကျန်လတ္တံ့၊ ၎င်းတို့၏
ဗလီဝတ်ကျောင်းတော်များသည် လည်းထည်ဝါစည်ပင်ကြသော်လည်း
လမ်းညွှန်မရှိဖြစ်လတ္တံ့၊
ထိုခေတ်လူတို့၏အုလမာအ်ပညာရှင်တို့သည်လည်းမိုးအောက်မြေပြင်ဝယ်အဆိုးဆုံးသူများဖြစ်လတ္တံ့၊
၎င်းတို့ထံမှပင်
ပြဿနာများ ပြဿနာများထွက် ပေါ်လာပြီး၎င်းတို့ထံသို့ပင်ပြန်လည်၍ ရှူးပတ်နေလတ္တံ့’’။
(ဆင့်ပြန်သူ၊
အလီသခင်၊ ဗိုင်ဟကီကျမ်း၊ ရှုအ်ဗိအီမာန်အခန်း)
· ဒါကြောင့် မွတ်စလင်မ်များအနေနဲ့ ခေတ်မီရေးထက်
ခေတ်ကိုဦးဆောင်ရေးကြိုးပမ်းကြပါစို့။
· ပုဂ္ဂိုလ်စွဲ၊ ကျောင်းတော်စွဲများထက် ကုရ်အာန်နဲ့
စွန်နဟ်ကို ဦးစားပေးကြပါစို့။
· ကုရ်အာန်နဲ့ စွန်နဟ်ဖြင့် အစ္စလာမ့်ဂုဏ်ရောင်
မြှင့်တင်ကြပါစို့လို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။
မုဖ်သီ ဦးမြင့်သိန်း (ငြိမ်းချမ်းလုလင်)
No comments:
Post a Comment