Friday, June 22, 2012

အမျိုးသမီးတမန်တော်ရှိ/မရှိ


အမျိုးသမီးတမန်တော်ရှိ/မရှိ
စိုင်မာကာဒ်ရီ။    ။ အတ်စ်လာမို့အလိုင်းကွန်းမ်။ အစ္စလာမ်၌ အမျိုးသမီးတမန်တော် (Prophets)များ အဘယ်ကြောင့် မရှိရပါသနည်း။
ဒေါက်တာဇာကိရ်။    ။နှမတော်မှ မေးခွန်းတစ်ခု မေးမြန်းလာပါသည်။ ယင်းမှာ အစ္စလာမ်၌ အမျိုးသမီးတမန်တော်များ (Prophets)အဘယ်ကြောင့် မရှိရပါသနည်း။ အသင့်အနေနှင့် (Prophets)၏ အဓိပ္ပါယ်အား လူသားတစ်ဦးသည် ၀ဟီ ဗျာဒိတ်တော်အား လက်ခံရရှိသည်။ ထို့ပြင် လူသားများ၌ ဦးစီးခေါင်းဆောင် အဖြစ် လမ်းညွှန်မှု ပြုလေသည်ဟုဆိုလိုလျှင် ကျွန်ုပ်မှ အစ္စလာမ်သည် မည်သည့် အမျိုးသမီးတစ်ဦးတစ်ယောက်ကိုမျှ တမန်တော် (Prophets)များအဖြစ် မချီးမြှင့်ထားပါဟု အခိုင်အမာပြောနိုင်ပါသည်။
ကျမ်းမြတ်ကုရ်အာန်တွင် ယောက်ျား(အမျိုးသား)သည် မိသားစု၏ အိမ်ထောင်ဦးစီးဖြစ်သည်ဟု ရှင်းရှင်း လင်းလင်း ဖော်ပြထားပေသည်။ ထို့ကြောင့် မိသားစုတစ်ခုတွင်တောင် အမျိုးသားများသည်သာ အိမ်ထောင်ဦးစီးဖြစ်သောကြောင့် အမျိုးသမီး တစ်ယောက်အနေနှင့် လူသားများအား အဘယ်ကဲ့သို့  ဦးစီးဦးဆောင်ပြုနိုင်မည်နည်း။ ဒုတိယအပိုင်းကိုဆိုရသော် (Prophet) တမန်တော်တစ်ပါးသည် မပြုမနေရ ဖရ်သ်ွဆွလာတ်များကို ဦးဆောင်ဝတ်ပြုရပေမည်။ ထို့ကြောင့် ကျွန်ုပ်အရှေ့ပိုင်း၌ ဟောပြောတင်ပြခဲ့သကဲ့သို့ အမျိုးသမီးတမန်တော်များသည် ကိယမ်(မတ်တပ်ရပ်ခြင်း)၊ ရူကူ (ဦးညွတ်ခြင်း)၊ စုဂျူဒ်(ပျပ်ဝပ်ဦးချခြင်း)တို့ကို ရှေ့မှနေ၍ ပြုမူမည်ဆိုပါက နောက်ဖက်၌ ဆွလာတ်ဝတ်ပြုဆောက်တည်သူများတွင် အနှောင့်အယှက်ဖြစ်သွားပေလိမ့်မည်။
တမန်တော်များအနေနှင့် အခြေအနေအရပ်ရပ်ကြောင့် အမျိုးသားများနှင့် တွေ့ဆုံရပေမည်။  အကယ်၍ အမျိုးသမီးတစ်ဦးသည် တမန်တော်ဖြစ်မည်ဆိုပါက (အဘယ်ကဲ့သို့ တစ်စိမ်းအမျိုးသားများနှင့် ရောနှော ဆက်ဆံနိုင်မည်နည်း။) အကြောင်းမူကား အစ္စလာမ်၌ ကျား၊မ ရောနှောနေထိုင်မှုကို ခွင့်မပြုပေ။ တမန်တော်များသည် အမျိုးသမီးတစ်ဦးဖြစ်မည်ဆိုလျှင် အကယ်၍ ယင်းအမျိုးသမီး၌ အမျိုးသမီးသဘာဝ ကိုယ်ဝန်ရှိနေမည်ဆိုပါက ၎င်းသည် အနည်းငယ် ၎င်း၏ တာဝန်များက  ထမ်းဆောင်နိုင်လိမ့်မည်မဟုတ်။ ထို့ပြင် ယင်းအမျိုးသမီး၌ သားသမီးများရှိနေမည်ဆိုလျှင် ၎င်းင်းသည် မိခင်တစ်ယောက်၏ တာဝန်များကို ထမ်းဆောင်ရသကဲ့သို့ တမန်တော်များ၏ တာဝန်များကို ထမ်းဆောင်ရန် ခဲယဉ်းပေလိမ့်မည်။ အမျိုးသမီး တစ်ယောက်၌ မိခင်တာဝန်များကို ထမ်းဆောင်ရင်း တမန်တော်၏ တာဝန်များကို ထမ်းဆောင်ရန် ခဲယဉ်းသော်လည်း အမျိုးသားတစ်ယောက်မှာမူ ၎င်း၏ ဖခင် တာဝန်များကို ထမ်းဆောင်လျက် တမန်တော်တစ်ပါး၏ တာဝန်များကိုလည်း ထမ်းဆောင်နိုင်ပေသည်။
သို့သော် အသင့်အနေနှင့် Prophet ၏ အဓိပ္ပါယ်အား ရွေးချယ်ခြင်း ခံရသောသူ၊ မြင့်မြတ်သန့်ရှင်းသူဟု ဆိုလိုပါလျှင် အစ္စလာမ်တွင် အမျိုးသမီး တမန်တော် ဥပမာများစွာရှိပါသည်။ ကျွန်ုပ်အနေနှင့် ညွှန်းဆိုလိုသည့် အကောင်းဆုံး ဥပမာမှာ ဘီဘီမရ်ယာမ်ပင်ဖြစ်ပါသည်။ အီမ်ရာမ်မျိုးနွယ်ကဏ္ဍ၊ ကျမ်းပိုဒ် (၄၂)တွင်
တဖန် (သတိရကြလေကုန်) တရံရောအခါ၊ မလာအိကဟ် ကောင်းကင် စေတမန်များက (မရ်ယမ် သခင်မအား) အို-“မရ်ယမ်မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အသင့်အား ရွေးချယ်မြှောက်စားတော် မူခဲ့လေပြီ။ မနှစ်မြို့ဘွယ်ရာသော အကြာင်းအရာများမှလည်း ကင်းရှင်းစေတော်မူခဲ့လေပြီ။ ၄င်းအပြင်  (ယခုတဖန်) အသင့်အား စကြာဝဋ္ဌာ အပေါင်းရှိ အမျိုးသမီးများတွင်လည်း ရွေးချယ်မြှောက်စားတော်မူခဲ့လေပြီဟု ပြောကြားခဲ့ကြလေသည်။”   (၃း၄၂)
အသင့်အနေနှင့် Prophet ၏ အဓိပ္ပါယ်အား ရွေးချယ်ခြင်းခံရသောသူ၊ မြင့်မြတ်သန့်ရှင်းသူဟုနားလည်ထားလျှင် ကျွန်ုပ်တို့တွင် တမန်တော် အီဆာ(عليه الصلاة و السلام)၏ မယ်တော် ဘီဘီမရ်ယာမ် (عليها الصلاة و السلام)၏ ဥပမာရှိပါသည်။ အသင်သည် မြစ်တားခြင်းကဏ္ဍ၊ ကျမ်းပိုဒ် (၁၁)ကို ဖတ်ရှု ကြည့်မည်ဆိုလျှင်
ထိုနည်းတူစွာ အလာဟ်အရှင်မြတ်သည် မုအ်မင်န်သက်ဝင် ယုံကြည်ကြကုန်သောသူတို့၏ အကျိုးငှာ ဖစ်ရ်အောင်န်၏ ဇနီးကြင်ရာကို ဥပမာအဖြစ် ခိုင်းနှိုင်း မိန့်ကြားတော်မူခဲ့၏။ တစ်ရံရောအခါဝယ် ထို ဖစ်ရ် အောင်န်၏ ဇနီးကြင်ရာသည် (ဤသို့) လျှောက်ထားပန်ကြားခဲ့လေ၏။ အို-ကျွန်တော်မျိုးမအား ဖန်ဆင်းမွေးမြူတော် မူသောအရှင်၊  အရှင်မြတ် သည် မိမိထံတော်ပါး၌ ဂျန္နတ်သုခဘုံတွင် ကျွန်တော်မျိုးမအဖို့ နေအိမ် တစ်လုံးကို ပြုလုပ်၍ ပေးသနားတော်မူပါ။ ၄င်းပြင် အရှင်မြတ်သည် ကျွန်တော်မျိုးမအား ဖစ်ရ်အောင်န်နှင့် ၄င်း၏အကျင့်အမူတို့မှ လွတ်မြောက်စေတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးမအား မတရားသော အမျိုးသားတို့မှလည်း လွတ်မြောက်စေတော်မူပါ။ ” (၆၆း၁၁)
စဉ်းစားကြည့်စမ်းပါ။ သခင်မကြီးသည် ယင်းခေတ် ယင်းအခါ၌ အင်အားအကြီးမားဆုံး ဘုရင်တစ်ပါး၏ ကြင်ယာတော် ဇနီးဖြစ်ခဲ့သည်။ ထို့ပြင် သခင်မကြီးသည် (လောက၏) စည်းစိမ်ချမ်းသာများဖြင့် ဇိမ်ခံမှုကို ငြင်းပယ်စွန့်လွှတ်၍ အလ္လာဟ်အရှင်မြတ်၏ ထံတော်ပါး၌ ဂျန္နသ်သုခဘုံတွင် နေအိမ်တစ်လုံးကို ရရှိရန် ဆုတောင်း ပတ္တနာပြုခဲ့လေသည်။ အစ္စလာမ်၌ ယင်းကဲ့သို့ မွန်မြတ်သန့်ရှင်းသော ရွေးချယ်ခြင်း ခံရသော အမျိုးသမီး(၄)ဦးရှိသည်။ ၎င်းင်းတို့မှာ (၁) ဘီဘီမရ်ယမ် (عليها الصلاة و السلام)() ဘီဘီအာစီယာ(عليها الصلاة و السلام)
(
) ဘီဘီဖာတိမာဟ်(رضي الله تعالي عنها) ()ဘီဘီ အာအိရှာဟ် (رضي الله تعالي عنها)တို့ ဖြစ်သည်။
ဘာသာပြန်ဆိုသူ :: ဆရာမကြီးဒေါက်တာလှလှင်း

No comments:

Post a Comment