Friday, June 8, 2012

အစ္စလာမ်ဆိုသည်မှာ

myanamarislam.com
ယနေ့ကမ္ဘာပေါ်တွင်ထာဝရဘုရားသခင်တစ်ဆူတည်းအားကိုးကွယ်သောဘာသာကိုပြပါဟုဆိုလျှင်အစ္စလာမ်ဘာသာဖြစ်
သည်။အစ္စလာမ်ဆိုသည့်ဝေါဟာရသည်အာရဗီစကားငြိမ်းချမ်းရေးဟုအဓိပ္ပာယ်ရသည့်စလာမ်ဟူသောစကားလုံးမှဆင်း
သက်လာခြင်းဖြစ်သည်။ပညာရှင်များက"ငြိမ်းချမ်းခြင်း၊အမိန့်နာခံခြင်း"ဟုဖွင့်ဆိုကြသည်။အစ္စလာမ်သည်တစ်ဆူတည်း
သောဘုရားဝါဒဘာသာရေးဖြစ်သည်။အစ္စလာမ်သည်ခံဝန်ခြင်းဟုအာရပ်စကားဖြင့်အဓိပ္ပါယ်ရှိပြီး၊အစ္စလာမ်သာသနာဝင်
သည်မိမိကိုယ်မိမိအလ္လာဟ်အရှင်မြတ်၏အမိန့်ဩဇာကိုလုံးဝနားခံရန်ယုံကြည်သူဖြစ်ပြီး၎င်းတို့အားမွတ်စလင်ဟုခေါ်၏။ ပညာရှင်များက"ငြိမ်းချမ်းခြင်း၊အမိန့်နာခံခြင်း"ဟုဖွင့်ဆိုကြသည်။ကမ္ဘာပေါ်တွင်မွတ်စလင်ဦးရေမှာ၁မှ၁.၈ဘီလျံရှိ၍
အစ္စလာမ်ဘာသာသည်ခရစ်ယန်ဘာသာပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယ အကြီးဆုံး ဘာသာဖြစ်၏။ တစ်ပါးသူများအနေဖြင့်အစ္စလာမ်ကိုသာသနာဘာသာတရားတစ်ခုအဖြစ်မြင်မည်ဖြစ်သော်လည်းအစ္စလာမ်သည် ဘာသာတရားတစ်ခုမျှသာမဟုတ်ချေ။စနစ်တစ်ခုဟုဆိုလျှင်ပိုမိုမှန်ကန်ပါလိမ့်မည်။ကုရ်အာန်ကျမ်းတော်မြတ်ထဲတွင် အစ္စလာမ်အား"ဘဝတည်ဆောက်မှုလမ်းစဉ်(ဒီန်)အဖြစ်ဖော်ပြထားသည်။အစ္စလာမ်ကိုဘာသာဟုသုံးနှုန်းပြီး၊
ထိုဘာသာကိုကိုးကွယ်သူများအား မွတ်စလင်မ် ဟု သုံးနှုန်းသည်။
Masjid Al Haram Makkah Saudi Arabia
(၁) အစ္စလာမ်အယူဝါဒ
အစ္စလာမ်သည့်စကြဝဠာခပ်သိမ်းကုန်တို့ကိုဖန်ဆင်းမွေးမြူတော်မူသောအလုံးစုံကိုသိမြင်တော်မူ၍ပြည့်စုံတော်မူသောတစ်
ဆူတည်း၊တစ်ပါးတည်းဖြစ်တော်မူသောမဟာကရုဏာရှင်ဖြစ်တော်မူသောအလ္လာဟ်အရှင်မြတ်ဟောကြားတော်မူအပ်
သောဒေသနာတော်မြတ်ဖြစ်ပေသည်။ နှစ်ဘဝ၏ငြိမ်းချမ်းသာယာမှုကိုညွှန်ပြသည်။အစ္စလာမ်သည်“နာခံခြင်း”ဟူသော
အထူးဝိသေဂုဏ်ပုဒ်တစ်ခုကိုဆောင်လျက်ရှိသည်။ အစ္စလာမ်၏အဓိက ရည်ရွယ်ချက်မှာမိမိဆောင်ထားသောအစ္စလာမ်
တည်းဟူသောဂုဏ်ပုဒ်ကို လူသားအားလုံးအား တပ်ဆင်ပေးရန်ပင်ဖြစ်သည်။ ထို့အတွက်ကြောင့်ပင်ခေတ်မရွေး၊
ပြည်မရွေး၊လူမျိုးမရွေး၊အုပ်စုမရွေး၊လူတန်းစားမခွဲ၊ဖြူနက်မခြားအစ္စလာမ်တည်းဟူသောဂုဏ်ပုဒ်နှင့်ပြည့်စုံကြကုန်သော
ပုဂ္ဂိုလ်မွန်တို့သည်အတိတ်ခေတ်တွင်လည်းမွတ်စလင်များပင်ဖြစ်ကြသည်။ယခုပစ္စုပ္ပန်တွင်လည်းမွတ်စလင်များပင်ဖြစ်
ကြသည်။နောင်အနာဂတ်တွင်လည်းမွတ်စလင်များပင်ဖြစ်ကြမည်။အစ္စလာမ်ဟူသောပုဒ်သည် “နာခံခြင်း”အဓိပ္ပာယ်
ပေးသည်အစ္စလာမ်ဟုအမည်သမုတ်ခြင်းမှာလည်း ဤအယူဝါဒကို လက်ခံနာယူသော မွတ်စလင်တိုင်းသည် အရေးကိစ္စအဝ၀တွင်အလ္လာဟ်အရှင်မြတ်၏ဒေသနာမြတ်များကိုဦးလည်မသုန်လိုက်နာကျင့်သုံးရခြင်းကြောင့်ပင်ဖြစ်ပေ
သည်။အလ္လာဟ်အရှင်မြတ်သည်စကြဝဠာအဝန်းကိုစတင်ပြုစုပျိုးထောင်တော်မူသော ပိုင်ဆိုင်စိုးမိုး စီမံ ကွပ်ကဲအုပ်ချုပ်
တော်မူသော အရှင်သခင်ဖြစ်တော်မူပေရာ တစ်နည်းဆိုသော် စကြဝဠာရှင်၏အမိန့်တော်နာခံခြင်းပင်စကြဝဠာတွင်
ငြိမ်းချမ်းသာယာမှုကိုဖန်တီးရာမည်သည်။သို့ဖြစ်ရာအစ္စလာမ်သည်ကမ္ဘာ့ငြိမ်းချမ်းရေးဝါဒဖြစ်၍ မွတ်စလင်သည်
ကမ္ဘာ့ငြိမ်းချမ်းရေးဝါဒီဖြစ်သည်။
(၂) နဗီတမန်တော်ချုပ်မုဟမ္မဒ်သခင်(صلي الله عليه و سلم)နှင့်ကုရ်အာန်
အလ္လာဟ်အရှင်မြတ်သည် ယခင်နှစ်ပေါင်း(၁၄၀ဝ)ကျော်က ကမ္ဘာသူ ကမ္ဘာသားအားလုံးကို ကရုဏာ တရားပွား
များ၍နှစ်ဘဝ၏ သုခချမ်းသာအဖြာဖြာကို ရစိမ့်သောငှာ တမန်တော်အပေါင်းတို့၏ အချုပ် ဖြစ်သောတမန်တော်
မြတ် မုဟမ္မဒ်(صلي الله عليه و سلم)အား(ကောင်းချီးမင်္ဂလာအဖြာဖြာသည် တမန်တော်မြတ်အပေါ်သို့
သက်ရောက်ပါစေ)နောက်ဆုံးတမန်တော်အဖြစ်စေလွှတ်တော်မူ၍ကျမ်းဂန်အပေါင်းတို့၏အချုပ်ဖြစ်သောကုရ်အာန်
ကျမ်းမြတ်ကိုလည်းတမန်တော်မုဟမ္မဒ်(صلي الله عليه و سلم)ထံသို့ ချပေးသနားတော်မူခဲ့ပေသည်။ကုရ်အာန်
ကျမ်းမြတ်သည် အလ္လာဟ်အရှင်မြတ်၏အာယသ်တော်ဖြစ်သည်။တမန်တော်မြတ်(صلي الله عليه و سلم)
သည်မိမိကျရောက်လာခဲ့သောကုရ်အာန်ကျမ်းလာအာယသ်တော်များကိုအချိန်မလင့်စေဘဲစနစ်တကျရေးမှတ်စေ
တော်မူခဲ့သည်။ အာဂုံဆောင်စေတော်မူခဲ့သည်။ ကုရ်အာန်ကျမ်းမြတ်ကို စလယ်ဆုံးအာဂုံဆောင်ထားကြသော
(ဟာဖစ်ဇ်)တို့၏နှလုံးသားများတွင်လည်းကောင်းတည်ရှိနေပေသည်။ ကမ္ဘာအရပ်ရပ်တွင် ကုရ်အာန်ကျမ်းမြတ်အ
စောင်ပေါင်းအသင်္ချေ၊ အသင်္ချာရှိငြားသော်လည်း တစ်စောင်နှင့်တစ်စောင်အကြား ပုဒ်၊ပဒ၊ သရ၊ သုညမှအစ
ကွဲပြားမှုအလျင်းမရှိဘဲပကတိအတိုင်းလုံးလုံးလျားလျားတစ်မျိုးတည်းတစ်စားတည်းပင်ရှိနေသည်မှာကုရ်အာန်ကျမ်း
မြတ်၏ထူးခြားချက်တစ်ရပ်ဖြစ်သည်။ဤသည်“ကုရ်အာန်ကျမ်းမြတ်ကိုငါအရှင်မြတ်ထုတ်ပြန်ချမှတ်တော်မူ၍ယင်း
ကျမ်းမြတ်ကိုငါအရှင်မြတ်ကိုယ်တော်တိုင်ထိန်းသိမ်းစောင့်ရှောက်တော်မူမည်”ဟူသောဗျာဒိတ်တော်၏
ကျေးဇူးပင်ဖြစ်သည်။(ကုရ်အာန်၁၅း၉ကိုရှု)“ကုရ်အာန်”ဟူသောပုဒ်သည်များစွာရွတ်ရသောကျမ်းဟုအနက်ပေးထားသည်။
ကုရ်အာန်ကျမ်းမြတ်သည် နာမည်နှင့်အညီယနေ့တိုင် ကမ္ဘာတွင်အများဆုံးရွတ်ဖတ်သရဇ္ဈာယ်ရသောကျမ်းတစ်ဆူ
လည်းဖြစ်ပေသည်။တမန်တော်မြတ်သည်ကုရ်အာန်ကျမ်းမြတ်ကိုဦးထိပ်ထားကာအစ္စလာမ်အယူဝါဒကိုလက်တွေ့
ကျင့်သုံးပြသတော်မူခဲ့သည်။တိုတောင်းလှစွာသော(၂၃)နှစ်အတွင်းဆိုးသွမ်းမိုက်မဲလမ်းလွဲလျက်ရှိနေခဲ့ကြ
သောသူများအားအမှောင်ခွင်း၍အလင်းသို့ဆောင်တော်မူခဲ့သည်။လူ့ဘဝတွင်လူရိုင်းတို့အားယဉ်ပါးစေတော်မူခဲ့သည်။
လူ့ဘဝတွင်အောက်ဆုံးအဆင့်သို့ရောက်ရှိနေခဲ့ကြသောသူတို့အားလူ့ဘဝအထွတ်အထိပ်သို့ တင်ဆောင်ပေးတော်
မူခဲ့သည်။တမန်တော်မြတ်(صلي الله عليه و سلم)သည်အစ္စလာမ်အယူဝါဒကိုမိမိကိုယ်တိုင်ကျင့်သုံးပြသတော်
မူခဲ့သည်သာမကစံပြမွတ်စလင်အုပ်စုကြီးတစ်ခုလုံးကိုလည်းမွေးထုတ်ထားတော်မူခဲ့ပေသည်။အစ္စလာမ်အယူဝါဒသည်
တစ်နေ့တစ်ခြား ပျံ့ပွားလာခဲ့ပေရာ ယနေ့မွတ်စလင်တို့သည် ကမ္ဘာအရပ်ရပ်တွင် ပျံ့နှံ့လျက်ရှိကြပေသည်။
(၃) အစ္စလာမ်၏ယုံကြည်ချက်များ
        (၁) အလ္လာဟ်အရှင်မြတ်အား ယုံကြည်ခြင်း။
        (၂) ထိုအရှင်မြတ်၏ ကောင်းကင်တမန်များကို ယုံကြည်ခြင်း။
        (၃) ထိုအရှင်မြတ်၏ ကျမ်းဂန်များကို ယုံကြည်ခြင်း။
        (၄) ထိုအရှင်မြတ်၏ တမန်တော်များကို ယုံကြည်ခြင်း။
        (၅) စကြဝဠာပျက်ဆီးဆိတ်သုဉ်းမည့်နောက်ဆုံးနေ့ကို ယုံကြည်ခြင်း။
        (၆) သေပြီးနောက် ရှင်ပြန်ထရမည်ကိုယုံကြည်ခြင်းဟူ၍ဖြစ်သည်။

(၄) အစ္စလာမ်၏ အမြစ်တရားငါးပါး
        (၁) အလ္လာဟ်အရှင်မြတ်မှတပါး ကိုးကွယ်ရာဟူ၍အလျဉ်းမရှိသည်ကိုလည်းကောင်း၊
တမန်တော်မြတ်မုဟမ္မဒ်(صلي الله عليه و سلم)သည်ထိုအရှင်မြတ်၏တမန်တော်ဖြစ်သည်ကိုလည်းယုံကြည်သက်သေခံခြင်း။
        (၂) ဆွလာသ်ဆောက်တည်ခြင်း (ဝတ်ပြုခြင်း)။
        (၃) ဇကားသ်ပေးလှူခြင်း။
        (၄) ဆွီယာမ် ဥပုသ်ဆောက်တည်ခြင်း။
        (၅) ဟဂ်ျပြုခြင်းဟူ၍ဖြစ်လေသည်။
အစ္စလာမ်၏ယုံကြည်ချက်များကိုလက်ခံယုံကြည်သူ မွတ်စလင်တစ်ဦးသည်တမန်တော်မြတ်
(صلي الله عليه و سلم)ချမှတ်တော်မူသည့်ကျင့်စဉ်ကျင့်ရပ်များနှင့်အညီတစ်နေ့လျှင်ငါးကြိမ်ဆွလာသ်ဆောက်
တည်ရသည်။ စားဝတ်နေရေးအတွက်လိုအပ်သည်ထက်ပိုသောဥစ္စာပစ္စည်းများထဲမှ ဆင်းရဲသားများအားဇကားသ်
ပေးလှူရသည်။တစ်နှစ်တွင်တစ်လဆွီယာမ်ဥပုသ်ဆောက်တည်ရသည်။ ခရီးစရိတ်တတ်နိုင်လျှင် တစ်သက် တစ်
ခါမက္ကာမြို့တော်သို့သွားရောက်၍ဟဂ်ျပြုရသည်။ဤသည်ကားအစ္စလာမ်၏အခြေခံယုံကြည်ချက်များနှင့်ကျင့်စဉ်များ
ဖြစ်ပေသည်။

(၅) တစ်မိတစ်ဖတည်း
အစ္စလာမ်အယူဝါဒအရကမ္ဘာသူကမ္ဘာသားအားလုံးတို့သည်တစ်မိတစ်ဖတည်းမှဆင်းသက်ပေါက်ဖွားလာကြသော
ညီရင်းအစ်ကိုမောင်ရင်းနှမများပင်ဖြစ်ကြပေသည်။“အိုလူသားအပေါင်းတို့၊ငါအရှင်မြတ်သည်အသင်တို့အားတစ်
မိတစ်ဖတည်းမှစတင်ဖန်ဆင်းတော်မူခဲ့သည်။အသင်တို့အချင်းချင်းသိကျွမ်း၍မေတ္တာသက်ရန်အလို့ငှာ
ငါအရှင်မြတ်သည်အသင်တို့အားလူမျိုးအဖုံဖုံ၊မျိုးနွယ်အစားစားပြုလုပ်ထားတော်မူသည်။ငါအရှင်မြတ်
ထံတော်၌အမွန်မြတ်ဆုံး
သောသူမှာစင်ကြယ်သန့်ရှင်းအပြစ်ကင်းသူသာဖြစ်ပေသည်။” (ကုရ်အာန် ၄၉း၁၃)

(၆) လူတန်းစားမခွဲ
အစ္စလာမ်အယူဝါဒတွင်လူတန်းစားခွဲခြားမှုအလျဉ်းမရှိ။အဖြူသည်အနက်ထက်မသာ၊ကိုယ်ကျင့်တရားကောင်းခြင်း
အားဖြင့် တစ်ဦးထက်တစ်ဦးသာနိုင်ပေသည်။ “အို-လူသားအပေါင်းတို့၊ အသင်တို့အရှင်သခင်သည် တစ်ပါးတည်း၊အသင်တို့၏ဖခင်သည်တစ်ဦးတည်း၊အာရဗ်လူမျိုးသည်အခြားလူမျိုးထက်မသာ၊
အနီသည်အနက်ထက်မသာ၊
အနက်သည်အနီထက်မသာ၊အလ္လာဟ်အရှင်မြတ်အားကြောက်ရွံ့ရိုသေ
ခန့်ညား၍စင်ကြယ်သန့်ရှင်းအပြစ်ကင်းခြင်းအားဖြင့်သာလျှင်တစ်ဦးထက်တစ်ဦးသာသည်။ ”
(တမန်တော်မြတ်(صلي الله عليه و سلم)၏ ဩဝါဒတော်)

(၇) မည်သူ့ကိုမျှ ဒုက္ခမပေးရ
အစ္စလာမ်အယူဝါဒအရကမ္ဘာ့အိမ်ထောင်စုကြီးတစ်ခုလုံးသည်မိသားစုကြီးဖြစ်ရာမွတ်စလင်တစ်ဦးအဖို့ကမ္ဘာ့အိမ်ထောင်
စုအတွင်း၌သူစိမ်းဟူ၍တစ်ဦးတစ်ယောက်မျှပင်မရှိပေ။အားလုံးတို့သည်မိသားစုများဖြစ်ကြပေရာအချင်းချင်းအကျိုး
ပြုရမည်သာဖြစ်၍ဒုက္ခမပေးရ။“မွတ်စလင်သည်မိမိ၏နှုတ်ဖြင့်လည်းကောင်း၊လက်ဖြင့်လည်းကောင်း
မည်သူကိုမျှဒုက္ခမပေးရ။ကြီးသူကိုမလေးစား၊ငယ်သူကိုမသနားသူသည်ငါ၏တပည့်မဟုတ်။
မိမိအဖို့နှစ်ခြိုက်သောအရာကိုသူတစ်ပါးအဖို့မနှစ်ခြိုက်သောသူသည်မွတ်စလင်မဟုတ်။အိမ်နီးချင်း
ကိုဒုက္ခပေးသူသည်မွတ်စလင်မဟုတ်။အသင်တို့သည်ကမ္ဘာမြေ၌ရှိသူတို့အားသနားကြင်နာကြကုန်။
ကောင်းကင်ထက်ရှိတော်မူသောအရှင်သည်အသင်တို့အားသနားကြင်နာတော်မူအံ့။”
 
(တမန်တော်မြတ်(صلي الله عليه و سلم)၏ ဩဝါဒ)

(၈) “စလာမ်”မေတ္တာ
အစ္စလာမ်ဝါဒီ မွတ်စလင်များသည် တစ်ဦးနှင့်တစ်ဦးတွေ့ဆုံကြသည့်အခါ (အတ်စ္စလာမုအလိုင်ကွန်မ်) “အသင်တို့အပေါ်၌ငြိမ်းချမ်းသာယာမှုအစုစုသက်ရောက်ပါစေ”ဟုမေတ္တာပို့သကြသည်။မေတ္တာပို့သခြင်း ခံရသူများ
ကလည်း(ဝအလိုင်ကု မုစ္စလာမ် ဝ-ရဟ်မတုလ္လာဟ်၊ ဝ-ဗုရကာတူဟူ)၊“အသင်တို့အပေါ်၌လည်းငြိမ်းချမ်းသာယာ
မှုအစုစုသက်ရောက်ပါစေ။အလ္လာဟ်အရှင်မြတ်၏ဂရုဏာတော်နှင့်မင်္ဂလာတော်များလည်းသက်ရောက်ပါစေ”ဟုမေတ္တာ
တုံ့ပြန်ကြပေသည်။ဤသို့ဖြင့်မွတ်စလင်တို့စုဝေးရာဌာနများတွင်မေတ္တာသံများသည်ပဲ့တင်ထပ်မျှဖြစ်ရှိနေပေသည်။  
“ကျွန်ုပ်သည်မိမိ၏အရှင်အားတိုင်တည်ပြောအံ့။အသင်တို့သည်အလ္လာဟ်အရှင်မြတ်အားမယုံကြည်သမျှ
ကာလပတ်လုံးအလ္လာဟ်အရှင်မြတ်အားယုံကြည်နိုင်ကြမည်မဟုတ်။ကျွန်ုပ်သည်အသင်တို့အားအသင်တို့
အချင်းချင်းချစ်ခင်ရန်လမ်းစဉ်ညွှန်ပြမည်။ထိုလမ်းစဉ်ကားအခြားမဟုတ်။အသင်တို့အချင်းချင်းဖြူစင်ပွင့်
လင်းစွာစလာမ်မေတ္တာကိုပို့သကြကုန်”
(တမန်တော်မြတ်(صلي الله عليه و سلم)၏ ဩဝါဒတော်)


(၉) စားဝတ်နေရေး
အစ္စလာမ်သည်နှစ်ဘဝ၏ငြိမ်းချမ်းသာယာမှုကိုညွှန်ပြသည်။လူ့လောကတွင်စားဝတ်နေရေးသည်လျစ်လျူရှုထား၍ဖြစ်
နိုင်သောကိစ္စမျိုးကားအလျင်းမဟုတ်။စားဝတ်နေရေးအဆင်မပြေကလောကုတ္တရာရေးရာများကိုမဆိုထားနှင့်၊လောကီ
ရေးရာများကိုပင်ကောင်းစွာဆောင်ရွက်နိုင်မည်မဟုတ်ပေ။အူမတောင့်မှသီလစောင့်နိုင်သည်ဟူသောဆိုရိုးစကားသည် မှန်ကန်လှပေသည်။ထို့အတွကကုရ်အာန်ကျမ်းမြတ်(၆၂း၁၀)တွင်"အသင်တို့သည်ဆွလာသ်ဆောက်တည်ပြီးသော
အခါကမ္ဘာသို့လှည့်၍အလ္လာဟ်အရှင်မြတ်၏ရိက္ခာတော်ကိုရှာဖွေကြကုန်လော့"
ဟုအတိအလင်းမိန့်ကြားထား
တော်မူသည်။တရားသဖြင့်ဥစ္စာပစ္စည်းရှာဖွေရမည့်အကြောင်းနှင့်စပ်လျဉ်း၍
တမန်တော်မြတ်ကလည်း“ဆင်းရဲနွမ်းပါးမှုသည်သာသနာပဖြစ်စေတတ်သည်။တရားသဖြင့်စီးပွားရှာဖွေခြင်း
သည်မလုပ်မနေရတာဝန်များနောက်မလွဲမရှောင်သာသောတာဝန်တစ်ရပ်ပင်ဖြစ်သည်။အသင်တို့သည်မိမိ
တို့၏အိမ်သူအိမ်သားများအားဝဝ
လင်လင်ရှာဖွေကျွေးမွေးကြကုန်။ဤသည်အလ္လာဟ်အရှင်မြတ်၏လမ်းတော်
၌ဂျီဟာ့ဒ်သက်စွန့်ကြိုးပမ်းရာမည်သည်”
ဟုမိန့်ကြားတော်မူခဲ့သည်။လယ်ယာကိုင်းကျွန်းနှင့်စက်မှုလုပ်ငန်းများသည်
စားဝတ်နေရေးတွက်အလွန်အရေးပါသောလုပ်ငန်းများဖြစ်ကြောင်းနှင့်စပ်လျဉ်း၍လည်း
တမန်တော်မြတ်က“အသင်တို့သည်လယ်ယာကိုင်းကျွန်းလုပ်ကိုင်ကြ၊လယ်ယာကိုင်းကျွန်းလုပ်ငန်းသည်အလွန်
မင်္ဂလာရှိ၏၊တိုးပွား၏”ဟူ၍လည်းကောင်း၊"အသက်မွေးဝမ်းကျောင်းနှင့်စပ်ဆိုင်သောအတတ်ပညာသည်
များကိုအလ္လာဟ်အရှင်မြတ်သည်အထူး
နှစ်သက်မြတ်နိုးတော်မူသည်"
ဟူ၍လည်းကောင်းမိန့်တော်မူခဲ့လေသည်။
စားဝတ်နေရေးတွင်ဆူကြုံနိမ့်မြင့်အလွန်အကျွံကွာခြားနေပါကဒုက္ခရောက်နိုင်သည်။ထို့အတွက်ကြောင့်အလ္လာဟ်
အရှင်မြတ်ကကုရ်အာန်ကျမ်းမြတ်(၅၉း၇)တွင်“ဥစ္စာပစ္စည်းသည်အသင်တို့အနက်ကုံလုံကြွယ်ဝသူတစ်စု၏လက်
တွင်း၌သာစုပုံမနေရာ”
ဟုအတိအလင်းမိန့်ကြားတော်မူခြင်းဖြစ်သည်။ထို့ပြင်တဝကုရ်အာန်ကျမ်းမြတ်တွင်ဇကားသ်
ပေးရမည့်အကြောင်း၊အတိုးအညွန့်မစားသုံးရမည့်အကြောင်း၊အတိုးအညွန့်စားသုံးသူများကိုတိုက်ရမည့်အကြောင်း၊
အလောင်းအစားမပြုလုပ်ရမည့်အကြောင်း၊အပျော်အပါးမလိုက်စားရမည့်အကြောင်း၊ခိုးဝှက်တိုက်ခိုက်လုယက်ခြင်း
မပြုလုပ်ရမည့်အကြောင်း၊မဖြုန်းတီးရမည့်အကြောင်း၊စားဝတ်နေရေးတွင်အလယ်အလတ်လမ်းစဉ်ကိုလိုက်နာရမည့်
အကြောင်း၊ခြိုးခြံစွာနေထိုင်ရမည့်အကြောင်းများကိုအထပ်ထပ်အခါခါမိန့်ကြားထားတော်မူသည်။

(၁၀) မွတ်စလင်ဂုဏ်ရည်
အစ္စလာမ်အယူဝါဒကို လက်ခံနာယူကျင့်သုံးသူတစ်ဦးသည် -
        (၁) ယုံကြည်ချက် မှန်ကန်ရမည်။
        (၂) ပတ်ဝန်းကျင်နှင့် ဆက်ဆံမှုပြေပြစ်ရမည်။
        (၃) သူတစ်ပါးအကျိုးဆောင်ရမည်။
        (၄) သီလကောင်းရမည်။
        (၅) ဇွဲသတ္တိရှိရမည်။
ဤအကြောင်းနှင့်စပ်လျဉ်း၍ကုရ်အာန်ကျမ်းမြတ်တွင်အောက်ပါအတိုင်းမိန့်ဆိုထားတော်မူသည်။“အရှေ့ဘက်၊အနောက်
ဘက်သို့မျက်နှာမူခြင်းသည်ကောင်းမြတ်သည်မဟုတ်။ကောင်းမြတ်သောသူမွန်သူမြတ်တို့ကားအလ္လာဟ်
အရှင်မြတ်အားလည်းကောင်း၊နောက်ဆုံးနေ့ကိုလည်းကောင်း၊ကောင်းကင်တမန်များကိုလည်းကောင်း၊ကျမ်း
ဂန်များကိုလည်းကောင်း၊တမန်တော်အပေါင်းကိုလည်းကောင်းယုံကြည်ကြသည်။ထို့ပြင်၎င်းတို့သည်မိမိ
တို့ဥစ္စာပစ္စည်းများကိုခုံမင်ကြပါလျက်ဆွေဆင်းရဲမျိုးဆင်းရဲများကိုလည်းကောင်း၊မိတဆိုးဖတဆိုးများကို
လည်းကောင်း၊ဆင်းရဲသားများကိုလည်းကောင်း၊ဒုက္ခသည်ဧည့်သည်များကိုလည်းကောင်း၊လက်ဖြန့်တောင်း
ခံစားနေကြရှာသောသူတောင်းစားများကိုလည်းကောင်း၊ကျေးကျွန်များကိုကျွန်ဘဝမှလွတ်မြောက်စေရာ
တွင်လည်းကောင်းလှူဒါန်းပေးကမ်းကြသည်။ထို့ပြင်၎င်းတို့သည်ဆွလာသ်ဝတ်ပြုကြသည်။ဇကားသ်ပေး
လှူကြသည်။ကတိတည်ကြသည်။ထို့ပြင်တဝ၄င်းတို့သည်ဆင်းရဲနွမ်းပါးသည့်အခါတွင်လည်းကောင်း၊ရောဂါ
ဖိစီးသည့်အခါတွင်လည်းကောင်း၊စစ်မက်ဖြစ်ပွားနေကြသည့်အခါတွင်လည်းကောင်းကြံ့ခိုင်စွာရပ်တည်နေ
ကြသည်။ဤဂုဏ်ရည်များနှင့်ပြည့်စုံသူများသည်သစ္စာဝါဒီများဖြစ်ကြပေသည်။ဤပုဂ္ဂိုလ်များသာလျှင်
အလ္လာဟ်အရှင်မြတ်အားကြောက်ရွံ့ရိုသေခန့်ညားသောသူမွန်သူမြတ်အားဖြစ်ကြပေသည်။”
(ကုရ်အာန်၂း၁၇၇)

No comments:

Post a Comment